အစိမ်းရောင်လမ်း
တိုင်းရင်းကြက်မွေးမြူခြင်း

တိုင်းရင်းကြက်မွေးမြူခြင်း

တိုင်းရင်းကြက်မျိုးများ

- မိမိဘာသာ အစာရှာဖွေစားသောက်ခြင်း

- ရာသီဥတုဒဏ်ခံနိုင်ခြင်း

- ဖြစ်ပေါ်သည့် ရောဂါဘယဒဏ်ကို နိုင်ငံခြား မွေးမြူရေး ကြက်များထက် ခံနိုင်ရည်ရှိခြင်း၊

- မျိုးကြက်ဥဖောက်ရာတွင် ဖောက်စက်မလိုအပ်ဘဲ မိခင်ကိုယ်တိုင် စပ်၍ သားဖောက်နိုင်ခြင်း။

- ကြက်ငယ်များအပေါ်တွင် မိခင်၊ ဖခင်စိတ်ရှိခြင်း။

- ကြက်ငယ်များ၏ ဘဝရှင်သန်မှုအတွက် မိခင်၊ ဖခင်များက ထိန်းသိမ်းလေ့ကျင့်သင်ကြားပေးနိုင်ခြင်း။

- အရွယ်ရောက်လာသောအခါ မိမိဘာသာရန်သူကို ကာကွယ်ရှင်သန်လှုပ်ရှားနိုင်ခြင်း။

ကြက်အမျိုးအစားများ

(က) အင်ပင်ဝကြက်

- မျိုးနှောအသားစားကြက်မျိုး

- စစ်တကောင်းထက်ကြီးထွားမှုပို

- အသားစားအတွက် မွေးမြူရန်

() စစ်တကောင်းကြက်

- ကျေးလက်ဒေသ ဟင်းစားကြက်မျိုး

- ကြီးထွားမှုမြန်ဆန်သည်။

- တစ်ကြိမ်ဥနှုန်း ၁၅ လုံးမှ ၂၀ လုံးထိ

() လည်ပြောင်ကြက်

- မျိုးထွန်းအသားစားကြက်

- စစ်တကောင်းနှင့် အရွယ်အစားတူညီ

- အသားစားအတွက် မွေးမြူရန်

တိုင်းရင်းကြက် ကျန်းမာရေး

- ကြက်ခြံသန့်ရှင်းရေး နေ့စဉ်ဆောင်ရွက်ပါ။

- ကြက်များ၏ကျန်းမာရေးအခြေအနေကို အိမ်တန်းဆင်းချိန်၊ အိပ်တန်းတက်ချိန်နှင့် အစာကျွေးချိန်တွင် ပုံမှန်စစ်ဆေးပါ။

- အသစ်ထည့်မည့်ကြက်များကို () ရက် ခန့် သီးခြားထားရှိပြီး ကျန်းမာမှ မိမိခြံရှိ ကြက်များနှင့်အတူ လွတ်မွေးပါ။

- ကြက်နာသားများ၊ ကြက်သေများကို စားသုံးခြင်းမပြုဘဲ စနစ်တကျ မြှုပ်နှံဖျက်ဆီးပါ။

- ကြက်ခြံကို ထုံးဖြူးခြင်း၊ မွေးမြူရေးလုပ်ငန်းသုံး ပိုးသတ်ဆေး၊ ဖျန်းခြင်း၊ ပုံမှန်ပြုလုပ်ပါ။

- မွေးမြူထားသည့် ကြက်များ ကူးစက်ရောဂါကြောင့် ဆုံးရှုံးမှု မဖြစ်စေရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန သို့ ဆက်သွယ်၍ ကာကွယ်ဆေးများကို ကြိုတင်ထိုးပေးပါ။

တိုင်းရင်းကြက်မွေးမြူခြင်း

- ရာသီဥတုဒဏ်နှင့် ခွေး၊ ကြောင်၊ သိမ်းငှက်တို့ အန္တရာယ်မှ ကာကွယ်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ကြက်ခြံငယ် ဆောက်လုပ်ပေးပါ။

- ကြက် (၁၀)ကောင် အတွက် () ပေပတ်လည်ခန့် အမိုးအကာရှိခြံကို ဒေသထွက်ငါး ဓနိ သက်ကယ်တို့ဖြင့် ဆောက်လုပ်နိုင်သည်။

- အခင်းကို မြေမာအောင်ပြုလုပ်ပါ။

- လွတ်ကျောင်းမွေးမြူ၍ သဘာဝအစာဖြင့် မွေးမြူနိုင်သော်လည်း ဆန်ကွဲ၊ စပါး၊ ပြောင်း၊ ဖြည့်စွက်ကျွေးမွေးပါက ကြီးထွားနှုန်း၊ ဥနှုန်း၊ ပိုကောင်းစေသည်။

- သန့်ရှင်းသော သောက်ရေကို လွတ်ကွင်းနှင့် ကြက်ခြံအတွင်း ထားပေးပါ။

- ကြက်ခြံအတွင်း မြေပြင်မှ () ပေအမြင့်ခန့်တွင် ဝါးဖြင့် အိပ်တန်းပြုလုပ်ပေးပါ။

- ကြက်မ ၁ ကောင်အတွက် ဥကျင်း ၁ လုံးထားပေးသင့်သည်။

- ဥကျင်းကို မြေပြင်မှ ၂ ပေခန့် အမြင့်တွင် အေး၍ မှောင်သော နေရာဉ် ခိုင်ခန့်စွာ ချည်နှောင်ထားပါ။

- ပေါက်လာသော ကြက်ငယ်များကို () ပတ်ခန့် ဝါးအုပ်ဆောင်းဖြင့် မွေးမြူပါ။

- မျိုးနီးသားစပ်ခြင်း မဖြစ်စေရန် အခြားဒေသမှ ကျန်းမာ၍ မျိုးကောင်းသော ကြက်ဖနှင့် လဲလှယ်သားစပ်ပါ။

- လွတ်ကျောင်း ခြံဝင်းအတွင်း ကျင်းပြုလုပ်၍ နွားချေးများ စုဆောင်းထားပါ။ ခြောက်နေလျှင် ရေဖျန်းပေးပါ။ ပေါက်ပွားလာသော အပင်ပေါက်များ၊ ပိုးမွှားများ၊ တီကောင်များကို ကြက်များ စားသုံးခြင်းဖြင့် အာဟာရဖြစ်စေသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန

 

 

အောင်ဘခိုင်

အောင်ဘခိုင်

လွန်ခဲ့သော ၁၁ လ က

အင်ပင်ဝကြက်မျိုးကဘယ်မှာရှိနိုင်လဲ

Thet Tun Oo

Thet Tun Oo

လွန်ခဲ့သော ၁ နှစ် က

မျိုးထားဖို့အတွက်ကို ကြက်ဖ၁ ၊ ကြက်မ ၇ သည်မျိုးအောင်နှုန်းကောင်းသည်

Ko Zin

Ko Zin

လွန်ခဲ့သော ၂ နှစ် က

မျိုးထားဖို့အတွက်ဆို အဖ တစ်ယောက်နဲ့ အမ ဘယ်နှစ်ကောင်ထည့်ပေးသင့်လဲ

Zaw. Htet Linn

Zaw. Htet Linn

လွန်ခဲ့သော ၃ နှစ် က

ကျွန်တော် လဲမသိဘူး

ဦးခွန်ဝင်းခိုင်

ဦးခွန်ဝင်းခိုင်

လွန်ခဲ့သော ၃ နှစ် က

တိုင်းရင်းကြက်မွေးမြူးချင်သည့်အတွတ် မည်သို့ပြင်ဆင်စတင်လုပ်ဆောင်ချက်ကို နည်းလမ်းပြပေးပါလို့ တောင်းဆိုပါသည် ကျေးဇူးတင်ပါသည်။

You
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

Content provider

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

၁၉၇၂ ခုနှစ် မတ်လ (၁၅) ရက်မှစ၍ တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာ ကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်။ ဖွဲ့စည်းပုံအရ စုစုပေါင်းဝန်ထမ်း (၁၈၅၀) နေရာဖြစ်သည်။ မွေးမြူရေး လုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနမှခွဲထွက် ၍  မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း (မွေးမြူရေး၊  အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကို သီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါ သည်။ (၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသောနိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) မှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်တွင် ပျားလုပ်ငန်းဌာနကို သွတ်သွင်း ဖွဲ့စည်းရန် သဘောတူ ခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....