အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
“ကျွဲမွေးမြူရေး”

“ကျွဲမွေးမြူရေး”

ဦးဇော်(dof)
ဦးဇော်(dof) • 04/12/2020

        ကျွဲများ၏ သဘာဝသည် ရွံ့နွံရေကွက်တွင် လူးတတ်သော ခြေ(၄)ချောင်းပါသည့် စားမြုံ့ပြန်သတ္တဝါ ဖြစ်သည်။ ကျွဲသည် နွားထက် ကိုယ်လုံးကိုယ်ထည် ထွားကြိုင်း၍ ခွန်အားဗလ ပိုမိုကြီးမားသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် လယ်ထွန်ယက်ရာ၌လည်းကောင်း၊ လေးလံသော သစ်လုံးကြီးများကို ဆွဲရာ၌လည်းကောင်း ကျွဲယဉ်ကို အသုံးပြုကြသည်။

        မြန်မာနှင့် အိန္ဒိယတို့တွင် နို့စားကျွဲမများကိုလည်း မွေးမြူတတ်ကြသည်။ ကျွဲသားရေကို ကျိုပါက “ကျွဲကော်” ရသည်။ ကျွဲ၏မစင်ကို မြေဩဇာအဖြစ် သုံးလေ့ရှိကြပြီး ခြောက်သွေ့သွားသောအခါတွင် လောင်စာအဖြစ် သုံးကြသည်။ 

မွေးမြူနိုင်သော နည်းစနစ်များ

၁။ ခြံလှောင်စနစ်ဖြင့် မွေးမြူခြင်း။

၂။ လွှတ်ကျောင်းစနစ် သင့်လျော်ရာဖြင့် မွေးမြူခြင်း (မြေနေရာ ရွေးချယ်ခြင်းနှင့် အဆောက်အဦး ဆောက်လုပ်ခြင်း)။

၃။ ရေဝပ်၊ ရေကြီးခြင်းမရှိသော ကုန်းမြင့်ဒေသဖြစ်ရန်နှင့် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်မည့် နေရာဖြစ်ရမည်။

၄။ အဆောက်အဦးကို ဒေသထွက်ပစ္စည်းများဖြင့် ဆောက်လုပ်နိုင်သည်။

၅။ အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းစေရန်အတွက် အမိုးကို ထပ်ဆင့်အမိုး ပြုလုပ်ပေးနိုင်သည်။

၆။ ကြမ်းခင်းကို အလယ်မှ တံစက်မြိတ်ဖက်သို့ နိမ့်လျှောထားရှိခြင်းအားဖြင့် အညစ်အကြေးများ အပြင်ဖက်သို့ အလွယ်တကူ ဆေးကြောနိုင်သည်။

ကျွဲများအား ကျွေးမွေးထိန်းသိမ်းစောင့်ရှောက်ခြင်း

(က) ကျွဲငယ်ပြုစုစောင့်ရှောက်ခြင်း

    • ကျွဲများ သားပေါက်ရာသီမှာ ဩဂုတ်လမှ အောက်တိုဘာလအတွင်း ဖြစ်သည်။

    • ကျွဲငယ်ကလေးများ သန်ကောင်ရောဂါကြောင့် သေပျောက်နှုန်းမြင့်မားတတ်သဖြင့် ကျွဲမများအား သားမစပ်မီ သန်ချဆေးကျွေးရန် လိုအပ်ပါသည်။

    • ကျွဲငယ်များအား (၁၅)ရက်သားတွင် (၁)ကြိမ်၊ (၄၅)ရက်သားတွင် (၁)ကြိမ် သန်ချသင့်သည်။

    • နို့စားကျွဲများတွင် ကျွဲငယ်များအတွက် နို့ကို လုံလောက်အောင်ချန်၍ နို့ညှစ်ရန် အရေးကြီးသည်။

    • ခိုင်းကျွဲမှာ ကျွဲငယ်များ မိခင်နှင့်အတူ လွှတ်ကျောင်းထားရှိ၍ နို့လုံလောက်စွာ ရရှိနိုင်သည်။

ကျွဲငယ်စာအဖြစ်

    • ပြောင်းဝါ -၆၀%

    • ဆန်ကွဲ -၂၀%

    • ပဲဖက်/နှမ်း -၂၀%

စုစုပေါင်း -၁၀၀%

(ခ) ခိုင်းကျွဲများ ပြုစုစောင့်ရှောက်ခြင်း

    • ခိုင်းကျွဲတစ်ကောင် (၁)နှစ်စာအတွက် ပျမ်းမျှ အစာစိမ်း (၁၀)တန်၊ ကောက်ရိုး (၂)တန်၊ အစာနု (၁)တန် လိုအပ်သည်။

    • အလုပ်ပင်ပန်းသောအခါ မြေပဲဖတ်၊ နှမ်းဖတ်ကို အဓိကထားကျွေးရန် လိုအပ်သည်။

    • ခိုင်းကျွဲထီးများကို အသက်(၃-၄)နှစ် အရွယ်တွင် အခိုင်းကျင့်ပေးပြီး အရွယ်ရောက်မှ သင်းကွပ်ရမည်။

ဖြည့်စွက်စွာကျွေးမွေးခြင်း

    • နွားစာချဉ်ဖတ်များ ကျွေးမွေးနိုင်သည်။ (ကောင်းမွန်သော စားကျက်မရရှိပါက ဖြည့်စွက် စာကျွေးရန် လိုအပ်သည်)။

ကျွဲမျိုးများ

(က) ရွံ့လူးကျွဲမျိုး (ခိုင်းကျွဲ) (Swamp Buffalo)

(ခ) ရေစိမ်ကျွဲမျိုး (ခိုင်းစားကျွဲ) (Water Buffalo) တို့ ရှိကြသည်။

(က) ရွံ့လူးကျွဲမျိုး (ခိုင်းကျွဲ)

    • နမူရီ၊ ဂျီရန်ဂီနှင့် မြန်မာတိုင်းရင်းကျွဲတို့ ဖြစ်ကြသည်။

    • ခန္ဓာကိုယ်ကြီးမားတောင့်တင်း၍ အလျားတိုသည်။

    • ဝမ်းဗိုက်ကြီးမား၍ ဖောင်းကားသည်။

    • နဖူးပြား၍ မျက်လုံးအိမ် ထင်ရှားပေါ်လွင်သည်။

    • မျက်နှာတို၍ နှာပေါက်ကျယ်သည်။

    • လည်တံရှည်၍ ဘို့စောင်း ထင်ရှားပေါ်လွင်သည်။

    • ခြေလက်များတို၍ သွယ်သည်။

    • အထီးနှင့် အမမှာ ပုံသဏ္ဍာန်ခြားနားမှု မရှိပါ။ ဦးချိုများပါရှိ၍ ဦးခေါင်းမှ အပေါ်ဘေးသို့ကားပြီး အလယ်သို့ ပြန်၍ ကွေးဝင်နေသည်။

    • အမသည် အထီးနှင့် ယှဉ်ပြိုင်ဝန်ဆောင်မှု ပေးနိုင်သည်။

(ခ) ရေစိမ်ကျွဲမျိုး (နို့စားကျွဲ)

    • မူယား၊ ဆာတီ၊ နီလီရာဘီနှင့် ဂျဖာရာဘဒီတို့ ဖြစ်သည်။

    • ကိုယ်ထည်နှင့် မျက်နှာရှည်လျား၍ ရင်အုပ်သေးသည်။

    • ခြေထောက်ရှည်၍ တုတ်ခိုင်သည်။

    • တင်ပါးနှင့် မြီးညှောင့်ရိုး ပိုမိုထင်ပေါ်သည်။

    • အထီးသည် အမထက် နဖူးမောက်၍ မျက်နှာသွယ်သည်။ ဦးချိုတို၍ လိမ်နေသည်။

ကျွဲရောဂါ ကာကွယ်ဆေးများ

        ကျွဲ၊ နွား ကူးစက်ရောဂါများအတွက် ကာကွယ်ဆေးများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ညွှန်ကြားချက်အရ အချိန်မှန်မှန်ထိုးခြင်းဖြင့် ကာကွယ်နိုင်သည်။

(က) ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေး။

(ခ) ဒေါင့်သန့်ရောဂါ ကာကွယ်ဆေး။

(ဂ) ခွာနာလျှာနာရောဂါ ကာကွယ်ဆေး။

(ဃ) လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးတို့ ဖြစ်ကြသည်။

Ref; မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။