အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ညွန်လူးကျွဲနှင့် ရေစိမ်ကျွဲတို့၏ ကွဲပြားသောလက္ခဏာများ

ညွန်လူးကျွဲနှင့် ရေစိမ်ကျွဲတို့၏ ကွဲပြားသောလက္ခဏာများ

Green Way
Green Way • 21/01/2022

ညွန်လူးကျွဲတို့သည် မြန်မာကျွဲအမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျွဲကိုမြစ်ဝကျွမ်းပေါ်ဒေသနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးအသုံးပြုကြသည်။ ညွန်လူးကျွဲများသည် ရွှံ့ညွန်ထူထပ်သောဒေသများတွင် နေထိုင်ပေါက်ဖွားကြသည်။ ရေစိမ်ကျွဲများမှာ မြစ်ချောင်းဒေသများနှင့် မြစ်ဝှမ်းလွင်ပြင်များကို နှစ်ခြိုက်ကြပြီး သန့်ပြန့်သည့်ရေကို ပို၍သဘောကျသည်။ ရေစိမ်ကျွဲများသည် မွေးမြူသူတို့အတွက် မျိုးမြှင့်သားစပ်မှုနှင့် မျိုးကောင်းမျိုးသန့်ရွေးချယ်မွေးမြူခြင်းခံရသဖြင့် ဦးချိုပုံသဏ္ဍာန် အမျိုးမျိုးနှင့် နို့ထွက်ပိုကောင်းလာသည့်မျိုးသစ်များရရှိလာသည်။ ညွန်လူးကျွဲမျိုးမှာမူ ကျွဲရိုင်းတို့၏ ဦးချိုပုံသဏ္ဍာန်အတိုင်းရှိနေပြီး နို့ထွက်နည်းပါးသည်။ သို့သော် ရေစိမ်ကျွဲနှင့် ညွန်လူးကျွဲများအတူ မွေးမြူခြင်းဖြင့် ကပြားမျိုးများ ဖြစ်ထွန်းလာခဲ့သည်။

ညွန်လူးကျွဲတို့၏လက္ခဏာများမှာ ခန္ဓာကိုယ်ကြီးမားတောင့်တင်း၍ အလျားတိုသည်။ ဝမ်းဗိုက်မှာမူ ကြီးမားဖောင်းကားလျက်ရှိသည်။ နဖူးပြား၍ မျက်လုံးအိမ်များ ထင်ရှားသည်။ မျက်နှာတိုပြီး နှာပေါက်များကျယ်သည်။ လည်တံအနည်းငယ်ရှည်ပြီး ဘို့စောင်းမှာထင်ရှားပေါ်လွင်သည်။ ခြေလက်များမှာ သေးငယ်ပြီးတိုသည်။

ရေစိမ်ကျွဲတို့မှာ ကိုယ်ထည်နှင့် မျက်နှာပိုရှည်လျားကြပြီး ရင်အုပ်သေးငယ်သည်။ ခြေထောက်များမှာ တုတ်ခိုင်ပြီးရှည်လျားသည်။ တင်ပါးနှင့် မြီးညှောင့်ရိုးမှာ ပို၍ထင်ပေါ်သည်။ အထီးသည် အမထက်မျက်နှာသွယ်ပြီး ဦးချိုများသေးသွယ်ရှည်လျားသည်။

ညွန်လူးကျွဲတို့သည် ပုံပန်းသဏ္ဍာန်အရ ကွဲပြားမှုမသိသာချေ။ ညွန်လူးကျွဲများသည် ရွှံ့ညွန်အင်းများတွင် လည်ပင်းနှစ်၍ စိမ်နေလျှင် အလွန်ကျနပ်ကြသည်။ နေပူပြင်းသည့်ရာသီတွင် နေ့လည်ပိုင်းတွင် ညွန်၌စိမ်နေတတ်ပြီး နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အစာစားလေ့ရှိကြသည်။ ရေစိမ်ကျွဲတို့မှာသန့်ပြန့်သည့်ရေရှိနေပါက ရွှံ့ညွန်အတွင်းသို့ ရုတ်တရက်ဆင်းမည်မဟုတ်ပေ။ ညွန်လူးကျွဲတို့သည် ရေစိမ်ကျွဲတို့ထက် သန္ဓေဆောင်ရက်နှစ်ပတ်ခန့်ပိုကြာတတ်သည်။

နည်းပညာများကို အောင်ဝင်းထွဋ်၏ “ကျွဲ၊ နွား မွေးမြူနည်းနှင့် ရောဂါကုသနည်း” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။