"အရသာကောင်းမွန်ထူးခြား ........... ရေခဲငါး"
ရေခဲငါးများမှာ ရေခဲတမျှအေးမြလှသည့် ရေခဲမြစ်ကျောက်ဆောင်များကြားမှာသာ နေထိုင်တတ်သောကြောင့် ရေခဲတောင်များမြစ်ဖျားခံစီးဆင်းရာ မြန်မာပြည်မြောက်ဖျားပိုင်း၊ ကချင်ပြည်နယ်၊ ပူတာအိုဒေသမှာသာ တွေ့ရှိနိုင်သည့် ရေခဲငါး၊ ချောင်းပျော်ငါးများဖြစ်ကြသည်။
ရေခဲငါးကို ဒေသခံ ရဝမ်ဘာသာစကားဖြင့် "ငမစ်၊ ငဇူးလ်"ဟုခေါ်ကြပါသည်။ ရှမ်းဒေသအခေါ်အရ "ပါဟစ်"ဟုသိရပြီး မြန်မာလို " ရေခဲငါး"ဟု ခေါ်ကြပြီး ရေချိုငါးအမျိုးအစားဖြစ်သည်။ ရေခဲငါးများမှာ ရေစီးသန်သောချောင်း၊ ကျောက်ကြိုကျောက်ကြားမှာ ရေညိုစားမည့် ပါးစပ်ပုံစံမျိုးနဲ့ Himalayrian trout များဖြစ်ကြကြောင်း သိရပါသည်။
ရေခဲငါးများမှာရာသီချိန်ခါမရွေး မရနိုင်သလိုရေကျချိန်ဆောင်းဝင်စမှသာရရှိကြပါသည်။ပူတာအိုဒေသရေခဲမြစ်များကနေ ရရှိတဲ့ ရေညှိတစ်မျိုးကို ရေခဲငါးများမှာ သူတို့၏ အစာအဖြစ်စားလေ့ရှိကြောင်း သိရပါသည်။
ပူတာအိုဒေသမျိုးရင်းငါးရေခဲငါးမှာဆီးချိုသမားများအတွက် သဘာဝဆေးလည်းဖြစ်ပြီးအချိူမှုန့် အစားထိုးအသုံးပြုနိုင်သောငါးတစ်မျိုးလည်းဖြစ်သည်။ရေခဲတောင်တွေကနေ တိုက်ရိုက်ရရှိသည့်အတွက် (ရေခဲငါး) ဟူ၍ခေါ်ဆိုကြပြီး အစိမ်းစားလို့ရအောင်ထိသန့်ရှင်းပါသည်။ သန့်ရှင်းလတ်ဆတ်သည့် ရေခဲမြစ်မှာ ကျက်စားသည့်ငါးမျိုးမို့လားမသိ။ အသားနူးညံ့ပြီးအရသာအင်မတန်ထူးလှပါသည်။
ထိုရေခဲငါးသာမက ကချင်ပြည်နယ်၊ ပူတာအိုဒေသနှင့် ပူတာအိုအထက်ပိုင်းမြစ်ချောင်းတွေမှာ ရှိတဲ့ ဒေသမျိုးရင်းငါးများဖြစ်သော ငါးဝိုင်း၊ ငါးနီ၊ ငါးတောက် အစရှိသည့်ငါးများမှာလည်း တခြားဒေသထွက်ငါးများနှင့်မတူပဲ အချိုဓာတ်ပြည့်ဝပြီး အတော်လေးစားလို့ကောင်းကာ အချိုမှုန့်ထည့်စရာ မလိုအောင်ကို ချိုကြသည်။
ပူတာအိုဒေသထွက် ငါးနှင့်ငါးခြောက်များမှာ ကချင်ပြည်နယ်တွင် လူကြိုက်များလှပြီး ရောင်းအားကောင်းကြသည်။ ရေခဲငါးကိုကင်စားပါက အလွန်အရသာရှိပြီး အရမ်းမွှေးကာ အတော်လေး ချိုပါသည်။ ရေခဲငါးကြပ်တင်ခြောက်၊ရေခဲငါးခြောက်ကိုလည်းငရုတ်သီးနှင့်ထောင်းစားခြင်း၊ချက်စားခြင်း၊ ကြော်စားခြင်းဖြင့်လည်း အရသာရှိပါသည်။ ရေခဲငါးခြောက်ကို အရောင်ပိုလှစေရန် မီးကင်၍ သေချာ နေလှမ်းကြကြောင်းသိရသည်။

၁။ရေခဲငါးခြောက်ထောင်း
ရေခဲခြောက်ထောင်းပြုလုပ်ဖို့အတွက် ရေခဲငါးခြောက် (သို့) ကျပ်တင်ခြောက်၊ ကြက်သွန်ဖြူမီးဖုတ်၊ဂျင်းနှင့်လှော်ထားသောကချင်ငရုတ်ကောင်းတို့ကိုလိုအပ်ပါသည်။
(က)ရေခဲငါးခြောက်ကိုအသားချည်းဖဲ့ထားရြပီး မိနစ် (၃၀) လောက်ရေစိမ်ထားရပါမည်။
(ခ)ပြီးနောက်ငရုတ်ဆုံထဲတွင် ကချင်ငရုတ်ကောင်းလှော်ကိုအရင်ထည့်ထောင်းရြပီး ဂျင်း၊ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူမီးဖုတ်တို့ကိုလည်း ၁ ခု ချင်းစီထည့်ပြီးထောင်းကာနောက်ဆုံးမှအသားချည်းဖဲ့ထား သော ငါးခြောက်ကို ထည့်၍ထောင်းရပါမည်။
(ဂ)ထို့နောက် အဆာပလာများနှင့်ရောနှောထောင်းထားသော ရေခဲငါးခြောက်ထောင်းကိုပန်းကန်ထဲ ထည့်ကာဆားအနည်းငယ်ဖြင့် သမအောင်မွှေပြီး နံနံပင်ကြိုက်ပါကနံနံပင်လေးဖြုးထည့်ပြီးပါက အရသာထူးခြားကောင်းမွန်သောကချင်ရိုးရာ "ရေခဲငါးခြောက်ထောင်း" ဟင်းလျာကို ရရှိပါမည်။
၂ရေခဲငါးခြောက်ကုန်းဘောင်ကြော်
ရေခဲငါးခြောက်ကုန်းဘောင်ကြော်ရန် ငါးခြောက်၊ဆီအနည်းငယ်၊ကြက်သွန်နီ၊ခရုဆီ၊ ပဲငံပြာရည်အကြည်တို့လိုအပ်ပါသည်။
(က)အသားချည်းဖဲ့ထားသောရေခဲငါးခြောက်အမျှင်လေးများကိုဆီနဲနဲဖြင့်ကြော်ရပါမည်။
(ခ)ငါးခြောက်အမျှင်လေးများကိုခြောက်ခြောက်လေးဖြစ်အောင်ကြော်ပြီးပါကကြက်သွန်နီထည့်ပြီး အိုးချခါနီးမှ ခရုဆီနှင့် ပဲငံပြာရည်အကြည်လေးထည့်လိုက်ပါက ကုန်းဘောင်ဟင်းတစ်ခွက်ကိုရရှိပါမည်။
၃။ရေခဲငါးခြောက်ရိုးချဉ်ရည်ဟင်း
ရေခဲငါးခြောက်ရိုးချဉ်ရည်ဟင်းအတွက် ရေခဲငါးခြောက်ရိုး၊ ကြက်သွန်ဖြူ/နီ၊ဆီအနည်းငယ်၊ခရမ်းချဉ်သီးနှင့်မုန်ညှင်းရွက်တို့ လိုအပ်ပါသည်။
(က) ပထမဦးစွာမီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီအနည်းငယ်ထည့်ကာ ကြက်သွန်ဖြု/နီကိုအရင်ဆီသတ်ရပါမည်။
(ခ) ပြီးနောက် ခရမ်းချဉ်သီးထည့်ပြီးနွမ်းလာပါက ငါးခြောက်ရိုးများထည့်ကာရေထည့်ရပါမည်။
(ဂ)ရေပွက်ပွက်ဆူလာပါကမုန်ညှင်းရွက်လေးထည့်ပြီးမီးဖိုပေါ်မှချကာသုံးဆောင်နိုင်ပါပြီ။
သို့ပါသောကြောင့် ထိုကဲ့သို့အရသာထူးခြားကောင်းမွန်လှပြီး ရေခဲတမျှအေးမျှလှတဲ့ ရေခဲမြစ်မှာနေထိုင်ကြသည့် ပူတာအိုဒေသမျိုးရင်းငါး 'ရေခဲငါး' အကြောင်းကိုလေ့လာထားသမျှ ရေးသားလိုက်ရပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
Ref; The Rvwang ရေးသားသော "ပူတာအို ရေခဲငါး" အကြောင်းမှ အချက်အလက်တချို့ကို မှီငြမ်းပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 0 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....