အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
"ငါးမုတ်ငါးများအကြောင်း"

"ငါးမုတ်ငါးများအကြောင်း"

     မြန်မာနိုင်ငံရှိ အရသာကောင်းမွန်သော ငါးများတွင် ငါးမုတ်ငါးသည်လည်းပါဝင်သည်။ ငါးမုတ်ဖြူ၊ ငွေရောင်ငါးမုတ်နှင့် ငါးမုတ်မဲဟူ၍ ငါးမုတ်(၃)မျိုးရှိရာ ငါးမုတ်ငါးများအများဆုံးရမိရာ ရခိုင်၊ တနင်္သာရီကမ်းရိုးတမ်းဘက်၌ ငါးမုတ်ဖြူနှင့် ငါးမုတ်မဲကိုသာ တွေ့ရများပါသည်။ 

     ငါးမုတ်ငါးမှာ အလယ်ရိုးတစ်ရိုးသာပါပြီး ကြော်စားပါက ကြွပ်ကြွပ်ရွရွလေးနှင့် အရမ်းအရသာရှိသော ငါးတစ်မျိူးဖြစ်သည်။ အသားများပြီး နူးညံမှုရှိသည်။ အကြေးခွံသေးသေးလေး အနည်းငယ်သာပါရှိကြပြီး အရိုးနည်းသဖြင့် အရိုးစူးမှာလည်း မပူရပေ။ ငါးမုတ်မျိူးစိတ် (၃) မျိူးအနက်

     မြန်မာနိုင်ငံတွင်တွေ့ရများသော ငါးမုတ်ဖြူနှင့် ငါးမုတ်မဲအကြောင်းကို ဦးစွာပထမတင်ပြပါ့မည်။

ငါးမုတ်ဖြူငါး

         ငါးမုတ်(၃)မျိူးတွင်ငါးမုတ်ဖြူငါးမှာ အရသာအရှိဆုံး ငါးဖြစ်သည်။ ငါးမုတ်ဖြူငါးမှာ ကမ်းနီးပိုင်းတွင် ကျက်စားနေထိုင်ကြသလို ရွှံ့နွံထူသော ပင်လယ်ကြမ်းပြင်တွင်လည်း အုပ်စုလိုက်နေထိုင်ကြပါသည်။

       ငါးမုတ်ဖြူ၏ ကိုယ်ထည်သည် ခိုင်မာသည့်ပုံစံရှိပြီး ဘေးတိုက်အလွန်ပြားပြီး ဘဲဥပုံစံရှိပါသည်။ အမြီးရေယက်သည် ခရင်းခွပုံစံထင်ရှားစွာရှိကြပြီး ကျောဘက်အရောင်မှာ မီးခိုးရောင်ဖြစ်ပြီး ဝမ်းဗိုက်ပိုင်းတွင် ငွေရောင်တောက်ပကြပါသည်။ ငါးမုတ်ဖြူငါးများမှာ အကောင်မျှောလှေ (Zooplankton) များကို သူတို့အစာအဖြစ် စားသုံးကြပါသည်။

      အမြင့်ဆုံး ခန္ဓာကိုယ်အလျား (60)cm အထိတွေ့ရပြီး ပုံမှန် (30)cm ရှိကြပါသည်။ ငါးမုတ်ဖြူမှာ ဈေးကွက်တွင် အရေးပါပြီး နိုင်ငံခြားပို့ကုန်ငါးတစ်မျိူးလည်း ဖြစ်သည်။ ငါးမုတ်ဖြူကို လတ်လတ်ဆတ်ဆတ်ကြော်စားခြင်းဖြင့် Protein (ပရိုတင်းဓာတ်)ပြည့်ဝစွာရရှိပြီး ကျန်းမာရေးကောင်း၍ ဉာဏ်ရည်ဖွံ့ဖြိုးစေသည်ဟု ဖတ်မှတ်ရဖူးပါသည်။

ငါးမုတ်မဲငါး

    ငါးမုတ်မဲငါးကို တနင်္သာရီဘက်တွင် ငါးမုတ်ဖြူဟုပင်ခေါ်ကြသည်။ ရခိုင်ဒေသတွင်မူ 'ယုဇနသမ်ဘူ'ဟူ၍ခေါ်ကြသည်ဟု သိရပါသည်။ ငါးမုတ်ဖြူနှင့် ငါးမုတ်မဲမှာ အသွင်ချင်းတူပြီး အရောင်သာကွဲပြားကြသည်။ ငါးမုတ်မဲ၏ အရောင်မှာ အညိုရင့်ရောင် (သို့မဟုတ်) မွဲပြာရင့်ရောင်ဖြစ်သည်။ အမြင့်ဆုံးအရွယ်အစား (40)cm ရှိကြပြီး ပုံမှန်အားဖြင့် (20)cm ရှိကြပါသည်။ ရေငန်နှင့် ရေချိူရေငန်စပ်ဒေသများတွင် ငါးမုတ်ဖြူရော၊ ငါးမုတ်မဲပါ ရမိကြပါသည်။

     ငါးမုတ်ငါးကိုကြော်စားခြင်း၊ ပဲဆီပေါင်းစားခြင်းများသာမက ငါးမုတ်ပဲငါးပိကြော်၊ ငါးမုတ်ကြက်ဥနှစ်ကြော်၊ ငါးမုတ်ထောပတ်ကင်၊ ငါးမုတ်သောက်ဆမ်း၊ ငါးမုတ်ပေါင်း၊ ငါးမုတ်အချဉ်ဆီပြန် စသည်ဖြင့် ချက်စားကြပါသည်။

    ငါးမုတ်ဖြူနှင့် ငါးမုတ်မဲငါးများမှာ ဈေးကွက်ဝင် တန်ဖိုးမြင့်ငါးများဖြစ်ကြပြီး  ပြည်ပဈေးကွက်တွင်လည်း မျက်နှာပန်းလှသည့် ငါးတစ်မျိူးဖြစ်ကြပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

1
John Lar

John Lar

လွန်ခဲ့သော ၃ နှစ် က

မွေးမြူနည်းစနစ်သိချင်ပါတယ်ဆရာတို့

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။