ငါးရှဥ့်ငါး (Swamp eel)
ငါးရှဥ့်၏ ခန္ဓာကိုယ်သည် ရှည်လျားချောမွေ့နေပြီး ကျဥ်းမြောင်းသောဦးခေါင်း၊ တိုသောမေးရိုးများ ပါရှိကြပါသည်။ ငါးရှဥ့်ကို အင်္ဂလိပ်လို Swamp eel (သို့) ricefield eel ဟုလည်း လူသိများကြပါသည်။
ငါးရှဥ့်ကို ရုတ်တရက်ကြည့်လိုက်လျှင် ငါးနှင့်မတူဘဲ ရေမြွေတစ်မျိုးဟု ထင်ရပါသည်။ မြွေကဲ့သို့ အကြေးခွံများမပါရှိကြဘဲ သူ့ခန္ဓာကိုယ်က ထွက်သည့်အကျိအချွဲများဖြင့် ပြောင်ချောနေတတ်သည့် ငါးမျိုးစိတ်လည်းဖြစ်သည်။ တချို့မျိုးစိတ်များမှာ တွင်းတူး၍ နေလေ့ရှိကြသည်။
ငါးရှဥ့်သည် ရေချိုငါးဖြစ်ပြီး ချောင်း၊ မြောင်း၊ အင်းအိုင်၊ စမ်းချောင်း၊ စပါးခင်းတို့တွင် နေထိုင်ကြသည်။ ငါးရှဥ့်အမမှာ ဥတစ်ကြိမ် ဥလျှင် ဥပေါင်း(၁၀၀၀)ခန့် ဥဥနိုင်ကြပြီး ငါးရှဥ့်အထီးမှာ ငါးရှဥ့်အမကိုယ်ဝန်ဆောင်ချိန်တွင် ရေမြုံအသိုက်ဆောက်ခြင်း၊ အမအား အစာရှာဖွေကျွေးမွေးခြင်းများ ပြုရသည်။ ငါးရှဥ့်အမများမှာ ကိုယ်ဝန်ဆောင်ချိန်မှစ၍ အသိုက်တွင်ကျင်းအောင်းပြီး နေလေ့ရှိကြပြီး အကောင်ပေါက်ပြီးပါက အသိုက်ကို စွန့်ခွာတတ်ကြသည်။ ငါးရှဥ့်ဥလေးများကို ငါးရှဥ့်လားမြောက်သည်အထိ ငါးရှဥ့်အထီးက ဆက်လက်စောင့်ရှောက်ရသည်။
ငါးရှဥ့်ငါးကို -
Phylum (မျိုးပေါင်းစု) - Chordata
Class(အမျိုးအစား) - Actinopterygii
Order(မျိုးစဥ်) - Synbranchidae
Family(မျိုးရင်း) - Synbranchiformes
Genus(မျိုးစု) - Monopterus
Species(မျိုးစိတ်) - Monopterus albus ဟူ၍ သိရပါသည်။
Monopterus albus ငါးရှဥ့်မျိုးစိတ်ကို မြန်မာတွင်လည်း တွေ့ရှိရပြီး ထိုငါးရှဥ့်မျိုးစိတ်များမှာ လယ်ကွင်းထဲတွင် နေထိုင်ကျက်စားသောသဖြင့် လယ်ကွင်းထဲတွင်ရှိသော စပါးဖျက်ခရုများကို ငါးရှဥ့်များက စားပစ်လိုက်ကြသောကြောင့် လယ်ကွင်းအတွင်းခရုများ ပျံ့ပွားမှုနှုန်းကို လျော့နည်းစေသည့်အပြင် ငါးများအတွက် သဘာဝအစာလည်း ဖြစ်နေသည်ကို အချို့လယ်သမားကြီးများက သတိပြုမိခဲ့ကြသည်။ ငါးရှဥ့်များကို စပါးခင်းထဲသို့ ထည့်သွင်းခြင်းအားဖြင့် စပါးဖျက်ခရုများကို လျော့နည်းစေနိုင်ပြီး စပါးကွင်းနှင့် အနီးအနားရှိ နုန်းများနှင့် နီးစေသော ဇီဝမျိုးစုံ၊ မျိုးကွဲတို့အား တန်ဖိုးမြှင့် စေမည်ဖြစ်ကြောင်းသိရသည်။
ငါးရှဥ့်သဘာဝသည် တစ်ကောင်နှင့်တစ်ကောင်လုံးလုံးထွေးထွေး အစုလိုက်အပြုံလိုက်ရှိနေတတ်၍ အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိရန်လည်း လွယ်ကူပါသည်။ ငါးရှဥ့်များမှာ ပုံမှန်အားဖြင့် အလျား(၂ – ၃)ပေ အထိ အရှည်ရှိကြသည်။ ပင်လယ်ထဲ၌နေသော တချို့ငါးရှဥ့်ကြီးများမှာ (၆)ပေကျော်အထိ ရှည်လျားကြပါသည်။ ငါးရှဥ့်များမှာ လူတို့၏ အစာအဖြစ် ငါး၊ အခွံမာရေသတ္တဝါ၊ တုပ်ပြားကောင်နှင့် အခြားရေနေအကောင်လေးများကို ညဘက်တွင် ရှာဖွေစားကြသည်။
မြန်မာနိုင်ငံတွင် တွေ့ရသော ငါးရှဥ့်မျိုးများမှာ ငါးရှဥ့်၊ ငါးရှဥ့်ပါးနီ(ပနီ)၊ ငါးရှဥ့်ပါးမဲ(ပမဲ)၊ ငါးရှဥ့်ပုန်း၊ ငါးရှဥ့်မြီးဓား၊ ငါးရှဥ့်သွေးရောင် စသဖြင့်ရှိကြပါသည်။
ငါးရှဥ့်အသားမှာ အလွန်အရသာရှိလှသဖြင့် မြန်မာတို့သည် ငါးရှဥ့်ကို ကင်၍လည်းကောင်း၊ ချက်၍လည်းကောင်း စားကြသည်။ ထို့ပြင် ငါးရှဥ့်သွေးကိုလည်း သောက်ကြသည်။ ငါးရှဥ့်သည် ငါးအမျိုးအစားများတွင်မှ အခြားငါးများထက် စားရသည်မှာ လေးလေးပင်ပင်ရှိပြီး အရသာထူးခြားသည်။ ငါးရှဥ့်ပါးနီမှာ ငါးရှဥ့်ပါးမဲထက် ပို၍ စားကောင်းသည်ဟု သိရပါသည်။ ထူးခြားချက်မှာ ငါးရှဥ့်သွေးကို အရက်ထဲထည့်သောက်လျှင် အမျိုးသားများအတွက် အင်အားတိုးပွားသည်ဟု တရုတ်များက ယူဆကြသည်။
ထိုသာမက ငါးရှဥ့်အသားသည် သည်းခြေကိုနိုင်ပြီး ဝမ်းမီးတောက်ခြင်းကို ပြု၏။ ပိုးနာကို ပျောက်ကင်းစေနိုင်သည်ဟု ဖတ်မှတ်ရဖူးပါသည်။
လူကြိုက်များသည့် နာမည်ကြီး ငါးရှဥ့်ဟင်းလျာများမှာ-
ငါးရှဥ့်ခြောက်စပ်၊ ငါးရှဥ့်ချဥ်စပ်၊ ငါးရှဥ့်မြေအိုး၊ ငါးရှဥ့်ပင်စိမ်းချက်၊ ငါးရှဥ့်ဖက်ကဖောင်း၊ ငါးရှဥ့်ဆူရှီ၊ ငါးရှဥ့်တန်ပူရာကြော်တို့ ဖြစ်ကြသည်။
ငါးရှဥ့်ငါးမှာ အရသာထူးခြားလှပြီး စီးပွားရေးအရ အရေးပါသော ငါးတစ်မျိုးဖြစ်သည်။ ငါးရှဥ့်မွေးမြူရေးလည်း လုပ်ကိုင်အောင်မြင်နေကြပြီ' ဈေးကွက်ဝင်ငါးတစ်မျိုးဖြစ်ပါကြောင်းကို ငါးရှဥ့်ငါးနှင့်ပတ်သက်၍ လေ့လာထားသမျှ ရေးသားလိုက်ရပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စ ဆန်းထွဋ်
လွန်ခဲ့သော ၄ လ ကငါးရှဥ့်အထီးအမဘယ်လိုခွဲရမလဲ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....