"ရှားပါးမျိုးစိတ်ဝင် .. … …. … ဧရာဝတီ လင်းပိုင်များအကြောင်း" အပိုင်း (၂)
"ရှားပါးမျိုးစိတ်ဝင် .. … …. … ဧရာဝတီ လင်းပိုင်များအကြောင်း" အပိုင်း (၂)
လင်းပိုင်များသည် ဉာဏ်ရည်ထက်မြက်သော သတ္တဝါများတွင် ပါဝင်ကြပြီး သူတို့သည် လူတို့နှင့် ရောနှောနေထိုင်တတ်ခြင်းနှင် ဆော့ကစားတတ်ခြင်းတို့ကြောင့် လူတို့၏ ပတ်ဝန်းကျင်တွင် ထင်ရှားသည်။
လင်းပိုင်များမှာ အလွန်ထူးခြားသော စရိုတ်လက္ခဏာများ ရှိကြပါသည်။ လင်းပိုင်များမှာ ရေလုပ်သားများနှုင့် အတူတူ ငါးရှာပေးလေ့ရှိသောကြောင့် ချစ်စဖွယ်အမူအကျင့်များကိုလည်း ပိုင်ဆိုင်ထားကြပါသည်။ ရေနေနို့တိုက်သွေးနွေ သတ္တဝါများဖြစ်ကြသဖြင့် ရေအောက်တွင် အချိန်ကြာမြင့်စွာနေလေ့မရှိကြဘဲ ရေပေါ်သို့ ခေါင်းဖော်ကာ လေရှူတတ်ကြသောကြောင့် လင်းပိုင်တို့သွားလာကျက်စားရာ နေရာများကို မြစ်ကမ်းပေါ်မှ လူများက မြင်နိုင်သိနိုင်ကြသည်။ လင်းပိုင်များသည် အသက်ရှူကာ လေပေါ်သို့ ခေါင်းဖော်၍ ရေမှူတ်တတ်ကြသဖြင် ရေလုပ်သားများမှာ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် လင်းပိုင်များကို အဝေးမှပင် တွေ့မြင်နိုင်ကာ မှတ်မိနိုင်ကြပါသည်၊
ယင်းလင်းပိုင်အုပ်စုထဲမှ ခေါင်းဆောင်ဟု ယူဆရသည့် လင်းပိုင်သည် ရေပေါ်သို့ဖော်၍ အမြီးကို ထောင်ပြလိုက်ခြင်းသည် ငါးဖမ်းရန် အချက်ပေးခြင်း ဖြစ်ပေသည်။ ရေအောက်တွင် ငါးများစုမိလျှင် လင်းပိုင်သည် အမြီးကို ရေပေါ်တွင် မတ်နေအောင်ထောင်ပြပြီး ဘယ်ညာယိမ်းပြမည်ဖြစ်ပြီး ထိုအချိန်တွင် ရေလုပ်သားများက ကွန်ကို ပစ်ရသည်။ ကွန်အတွင်းမိသွားသောငါးများကို လင်းပိုင်များ စားလေ့မရှိကြဘဲ ပိုက်ကွန်အပြင်တွင် ပြေးလွှားနေကြသည့် ငါးများကိုသာ ဖမ်းယူ စားသောက်ကြသည်။ ပိုက်ကွန်နှုတ်ခမ်းအပြင်မှ ငါးများသည် လင်းပိုင်အတွက်၊ ပိုက်ကွန်အတွင်းမှ ငါးများသည် ရေလုပ်သားအတွက်ဟု သဘောတူညီထားသည့်အလား ထူးခြားလှပေသည်။
ဧရာဝတီလင်းပိုင်တို့၏ ရေလုပ်သားများနှင့် ပူးပေါင်းငါးရှာကြပုံများကို ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်များတွင် ဂျပန်နိင်ငံ (N H K) သတင်းဌာနမှ လာရောက်ရိုတ်ကူး ထုတ်လွှင့်ပြသ ခဲ့သဖြင့် နိုင်ငံတကာမှ လင်းပိုင်ချစ်သူများ၊ လေ့လာစောင့်ကြည့်သူများ စိတ်ဝင်စားစွာ လာရောက် ကြည့်ရှူခဲ့ကြသည်ဟု သိရပါသည်။
တစ်ချိန်က အကောင်ရေများစွာရှိခဲ့ကြသည့် ဧရာဝတီလင်းပိုင်များသည် ၂၀၁၄ခုနှစ် စစ်တမ်းများအရ ကောင်ရေ(၇၀)ဝန်းကျင်သာ ရှိတော့ပေသည်။ လင်းပိုင်များမှာ မျှောပိုက်ကြီးများတွင် မတော်တဆ ငြိတွယ္် သေဆုံးရခြင်း၊ ရှော့ခ်တိုက်ငါးဖမ်းခြင်း စသည် တို့ကြောင့်လည်း လင်းပိုင်များ ရှင်သန်မျိုးပွားရေးကို ခြိမ်းခြောက်လျှက်ရှိသည်။ တဖက်မှာလည်း ဧရာဝတီလင်းပိုင်များ တဖြည်းဖြည်း လျော့နည်းလာသည်ကို ပညာရှင်များ သတိပြုမိပြီး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးကို ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်မှု စတင်ခဲ့ကြပါသည်။
ငါးလုပ်ငန်းဦးစီးဌာနသည် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (W C S) နှင့် ပူးပေါင်းလျက် ဧရာဝတီလင်းပိုင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးကို ဆောင်ရွက်လျက်ရှိသည်။ ဤလုပ်ငန်း၏ ရည်ရွယ်ချက်မှာ မျိုးသုဥ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဧရာဝတီလင်းပိုင်များကောင်ရေ တိုးပွားလာစေရန်နှင့် တဆက်တည်းပင် လက်ပစ်ကွန် ရေလုပ်သားများနှင့် ဧရာဝတီလင်းပိုင်များ ပူးပေါင်းငါးဖမ်းဆီးသည့် အလေ့အထ အဓွန့်ရှည် တည်တံ့စေရန် ဖြစ်ပါသည်။
ဧရာဝတီလင်းပိုင်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် လင်းပိုင်းများနေထိုင်ကျက်စားသည့် နယ်မြေဧရိယာ တိုးပွားလာခြင်း၊ လင်းပိုင်အုပ်စုကောင်ရေပမာဏ တိုးပွားလာစေခြင်း၊ ဧရာဝတီလင်းပိုင်များနှင့် ပူးပေါင်းငါးဖမ်းသည့် လက်ပစ်ကွန် ရေလုပ်သမားများ၏ ငါးဖမ်းဧရိယာ ကျယ်ဝန်းလာစေခြင်း၊ ဧရာဝတီလင်းပိုင်များနှင့်အတူ ငါးဖမ်းသည့်လုပ်ငန်းများကို ကမ္ဘာလှည့်ခရီးသွားများမှ လာရောက်ကြည့်ရှု့ခြင်းဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမည်ဖြစ်ပြီး ရေလုပ်သားများနှင့် ဒေသခံကျေးရွာများ ဖွံ့ဖြိုးစည်ပင်လာမည် ဖြစ်ပါသည်။ ထို့ပြငိ အလွန်ဆန်းကြယ်စွာ ရေလုပ်သားများနှင့်အတူ ငါးရှာငါးဖမ်းကြသည့် ဧရာဝတီလင်းပိုင်များ မျိုးသုန်းသွားမှုမရှိစေရန် ဆောင်ရွက်နေချိန်တွင် ဒေသခံများကလည်း ဧရာဝတီလင်းပိုင်များအပေါ်တန်ဖိုးထား ချစ်မြတ်နိုးကြရန်လည်း အရေးကြီးလှပေသည်။
ထို့သို့ ထူးခြားမှုများ ပြည့်နှက်နေသည့် ချစ်စဖွယ်နို့တိုက်သတ္တဝါ လင်းပိုင်မျိုးစိတ် တစ်ခုဖြစ်သည့် ဧရာဝတီလင်းပိုင်များ၏ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို သိရှိနိုင်ပါရန် ရှာဖွေစုစည်း ရေးသားတင်ပြလိုက်ရပါသည်။
ပင်လယ်ပြာ (ငါးလုပ်ငန်းဦးစီးဌာန)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....