ငါးကြင်းမွေးမြူရေးအကြောင်း
မြက်စားငါးကြင်း၊ ငွေရောင်ငါးကြင်း၊ ခေါင်းကြီးငါးကြင်းမျိုးများကို မွေးမြူခြင်းဖြင့် အစာရှားပါးမှုအတွက် များစွာအထောက်အကူပြုပါသည်။ မြက်စားငါးကြင်းများသည် မည်သည့်မြက်မဆို အဆိပ်မပါသည့်မြက်များကို စားနိုင်သည့်အတွက် ငါးစာရှားပါးသောဒေသအတွက် အကျိုးသက်ရောက်မှု အများကြီးရနိုင်ပါသည်။ ငါးကန်တစ်ကန်တွင် မြက်စားငါးကြင်း၊ ငွေရောင်ငါးကြင်း၊ ခေါင်းကြီးငါးကြင်း (၃)မျိုး မွေးမြူခြင်းဖြင့် မြက်စားငါးကြင်းအတွက် မြက်ကျွေး၍ မြက်စားငါးကြင်း၏ အညစ်အကြေးမှ အပင်မျှော(သို့)ရေလွင့်ပင် (Phytoplankton) များကို ငွေရောင်ငါးကြင်းမှ စားပြီး အကောင်မျှော (သို့) ရေလွင့်ကောင်(Zooplankton)များကို ခေါင်းကြီးငါးကြင်းမှ စားသုံးလျှက်ရှိပါသည်။
မြက်စားငါးကြင်းသည် ရွှေဝါငါးကြင်းကဲ့သို့ အဖတ်တင်နှုန်းနည်းသည့်အတွက် ဂရုတစိုက်မွေးမြူရပါသည်။ အဖတ်တင်နှုန်းမှာ ၆၀%ခန့်ရှိသည့်အတွက် လက်သန်းအရွယ်တွင် ကန်အတွင်း မြွေများမရှိစေရေးနှင့် အောက်စီဂျင်(Oxygen)မပြတ်စေရန် အထူးသတိပြုရန် လိုအပ်ပါသည်။ မြက်စားငါးနှင့်တူသော ငွေရောင်ငါးကြင်း၊ ခေါင်းကြီးငါးကြင်းများအပြင် ငါးမြစ်ချင်းနှင့် ရော၍ မွေးမြူနိုင်ပါသည်။ မြက်အပြင် ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်များ ကျွေးပါက ကြီးထွားနှုန်းပို၍ မြန်ဆန်စေပါသည်။ မြက်စားငါးကြင်းမှ ညှစ်ထုတ်သော အညစ်အကြေးကြောင့် ကန်ရေမှာ စိမ်းနေပြီး ကန်ထဲမှ အက်စစ်ဓါတ်များလွန်းပါက အောက်စီဂျင်ပြတ်၍ ငါးသေနိုင်ပါသည်။ သို့ဖြစ်၍ တစ်လတစ်ကြိမ် ရေ(၂/၃)ခန့် ထုတ်ပြီး ပြန်သွင်းပါက ပို၍ကောင်းပါသည်။
ကြီးထွားနှုန်းမှာ ကန်ကြီးပါက ငါးပို၍ ကြီးနိုင်ပါသည်။ ပုံမှန်အနေအထားအရ တစ်နှစ်လျှင် (၇၀) ကျပ်သားမှ တစ်ပိဿာခွဲအထိ ကြီးနိုင်ပါသည်။ အစာကျွေးမွေးမှု၊ ကန်ရေပြင်ကျယ်ပြန့်မှုပေါ်မှာ ကြီးထွားနှုန်းမူတည်ပါသည်။ တချို့ဆည်ကြီးများတွင် မြက်စားငါးကြင်း ၂ -နှစ်သား (၁၀ ပိဿာမှ ၁၂ ပိဿာ)အရွယ်များအထိ ကြီးထွားသည်ကို တွေ့ရှိနိုင်ပါသည်။
ဤငါးကြင်းငါးမျိုးများသည် အသားစားကောင်းသည့်အပြင် အရိုးအမျှင်နည်းသဖြင့် နိုင်ငံတကာတွင် မွေးမြူရေးကဏ္ဍ၌ ခေတ်စားလျှက်ရှိပါသည်။
၁။ အစာကျွေးနည်း
(က) ကျွေးမွေးရမည့် အစာအမျိုးအစား
ငါးကြင်းငါးမျိုးစိတ်များကို ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်၊ ဝါစေ့ပတ်၊ နေကြာဖတ် များကို ကျွေးနိုင်ပါသည်။ မြက်စားငါးကြင်းများကို မြက်များအပြင် အထက်ပါအတိုင်း ကျွေးနိုင်ပါသည်။ သဘာဝစာအဖြစ်လာအောင် (Organic matters)ဖြစ်သည့် တိရစ္ဆာန်မှ စွန့်ပစ်သည့် အညစ်အကြေးများ (Inorganic Matter) ဖြစ်သည့် စက်ရုံမှ ထုတ်လုပ်သော ဓါတ်မြေဩဇာများ၊ ဥပမာ- တီစူပါများကို အပင်မျှော(ခေါ်)ရေလွင့်ပင်(Phytoplankton) နှင့် အကောင်မျှော(ခေါ်)ရေလွင့်ကောင် (Zooplankton)ဖြစ်အောင် ပြုလုပ်ခြင်းဖြင့် ငါးကြီးထွားနှုန်း ပို၍မြန်ဆန်စေနိုင်ပါသည်။
(ခ) အာဟာရတန်ဖိုးများ
ဖွဲနုစစ်စစ်နှင့် လတ်ဆတ်သော ပဲဖတ်၊ နှမ်းဖတ်များသည် အစာအာဟာရအပြည့်ပါရှိပြီး ဖြစ်ပါသည်။
(ဂ) အစာကျွေးနည်း (ဖွဲနုနှင့် ပဲဖတ် ၃:၁)
ဖွဲနု ၃ ဆ၊ ပဲဖတ်၊ နှမ်းဖတ် ၁ – ဆ ကို ရေနှင့်ရော၍ လုံးပြီး မနက်နေထွက်ချိန်မှစ၍ (၇ :၀၀)နာရီ နှင့် (၈:၀၀)နာရီကြား ကျွေးသင့်ပါသည်။ သဘာဝအစာအတွက် ကန်ရေအခြေအနေကြည့်ပြီး လိုအပ်သလို တစ်ရက်လျှင် ၁ ကြိမ် (သို့) ၂ ကြိမ် ထည့်သင့်ပါသည်။
(ဃ) အစာကျွေးရမည့်အချိန်
တစ်နေ့လျှင် နေထွက်ချိန် နံနက်(၇ :၀၀)နာရီ မှ (၈:၀၀)နာရီကြား ကျွေးသင့်ပါသည်။ နေမထွက်ခင် အောက်စီဂျင်ပြတ်၍ မကျွေးသင့်ပါ။
(င) အစာကျွေးနှုန်း (ခန္ဓာကိုယ်အလေးချိန်၏ ၂% မှ ၄%)
တွက်ချက်နည်း- အစာကျွေးရာတွင် ငါးတစ်ကောင်၏ ကိုယ်အလေးချိန်( သို့မဟုတ်) တစ်လတစ်ခါဖမ်း၍ရသော ငါးတစ်ပိဿာတွင် ငါးကောင်ရေမည်မျှပါသည်ကို ချိန်ပြီး ၂% မှ ၄%ကျွေးသင့်ပါသည်။
မှတ်ချက်။ ။ ငါးများအစာ ဝ/မဝ ကို ဝမ်းဗိုက်ကို စမ်းကြည့်၍ ဝမ်းဗိုက်မာနေလျှင် အစာမဝ။ ဝမ်းဗိုက်ပျော့နေလျှင်အစာဝကြောင်း တွေ့ရပါသည်။
၂။ မွေးမြူသည့် ကာလအပိုင်းအခြား(Culture Period)
(၈-၁၂)လအကြာ မွေးမြူရပါမည်။ ငါးသားပေါက်ရရှိမည့်အချိန်နှင့် ချိန်ဆရပါမည်။ သားပေါက်ရရှိသော အချိန်မှစ၍ ၁နှစ် (သို့မဟုတ်) ၂နှစ်၊ ၃နှစ် ထိ မွေးသင့်ပါသည်။ ပထမနှစ်တွင် ကြီးထွားနှုန်းနှေးသည်။ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ကြီးထွားနှုန်းပို၍ မြန်ဆန်အပြင် အနည်းဆုံး ၂နှစ်မွေးသင့်ပါသည်။
၃။ ကြီးထွားနှုန်း( Growth Rate)
အထက်တွင် ဖော်ပြပြီ ဖြစ်ပါသည်။ အဓိကအားဖြင့် -
(က) အစာ - Proteinပါသောအစာများ ကျွေးရပါမည်။,
(ခ) Water Quality - pH ခေါ် ရေ၏ ချဥ်ဖန်နှုန်း (၇.၅ မှ ၈.၅) ကြား ရှိရပါမည်။
(ဂ) ကန်၏အရွယ် - ငါးကန်ကြီးလျှင် ငါးပို၍ ကြီးနိုင်သည်။ ကန်အနက် အနည်းဆုံး ၄ ပေနှင့် အနက်ဆုံး ၆ ပေ ရှိ ရပါမည်။
ဦးဇော် (dof)
Ref: ရေချိုငါးမွေးမြူရေးလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ။
Mai Mai
လွန်ခဲ့သော ၆ ရက် ကအောက်စီဂျင်ပေးနည်း
Mai Mai
လွန်ခဲ့သော ၆ ရက် ကအောက်စီဂျင်ကဘယ်လိုပေးရမလဲနေ့တိုင်းပေးရမလားဒါမှမဟုတ်တပတ်ကိုတကြီမ်ပေးရမလား
Mai Mai
လွန်ခဲ့သော ၆ ရက် ကမဂလာပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဇော်(dof)
အားလုံး