ကကတစ်ငါး မွေးမြူနည်း
ကကတစ်ငါးအကြောင်း
ကကတစ်ငါးမှာ ရေငန်၊ ရေချို ရေငန်စပ်၊ ရေချိုဒေသများတွင် နေထိုင်ကြပါသည်။ မျိုးပွားရာသီတွင် ရေငန်သည့် ပင်လယ်ဝ (၂၈-၃၂ PPT)၌ မျိုးပွားကြပါသည်။ အသားစားငါးများဖြစ်ပြီး သားပေါက်များမှာ အငန်နှုန်းနိမ့်ရာ မြစ်၊ချောင်း၊ ဒီရေတောများ၌ ရှင်သန်ကြီးထွားကြသည်။ အထီးမှ အမသို့ လိင်ပြောင်းလဲတတ်သည့် ငါးဖြစ်သည်။
မွေးမြူသင့်သည့် အကြောင်းအရင်း
- ကကတစ်ငါးမှာ အငန်နှုန်းပြောင်းလဲမှုဒဏ်ကို များစွာ ခံနိုင်ခြင်း၊
- ကြီးထွားနှုန်းကောင်းခြင်း၊
- ရေနောက်ကျိသည့်နေရာ၌ပင် အစားကောင်းစွာ စားနိုင်ခြင်း၊
- အကြမ်းခံနိုင်ခြင်း၊
- မွေးမြူထိန်းသိမ်းရန် ယဥ်ပါးလွယ်ခြင်း၊
- လူကြိုက်များပြီး ဈေးကွက်ကောင်းမွန်ခြင်း တို့ဖြစ်သည်။
အသားတိုး မွေးမြူနည်းစနစ်များ
(က) ရေပေါ်ပိုက်လှောင်အိမ် ( Floating net cage)
(ခ) မြေသားကန် (Pond)
(ဂ) လှောင်အိမ်အသေ (Stationary Cage)တို့ ဖြစ်ကြသည်။
နေရာရွေးချယ်ခြင်း
(က) ရေပေါ်လှောင်အိမ်
၁။ လှိုင်းလေမပြင်းထန်သည့်နေရာ
၂။ အငန်နှုန်း (၁၀ – ၃၀) PPT ရှိသည့်နေရာ
၃။ ဒီရေအစစ်ဆုံးအချိန်
၄။ သင့်တင့်သော ရေစီးနှုန်းရှိသည့် နေရာ
၅။ ရေညစ်ညမ်းမှု ကင်းသည့်နေရာ
၆။ ငါးစာများဝယ်ကူရန် လက်လှမ်းမှီသည့် နေရာ
၇။ လုံခြုံစိတ်ချရသည့် နေရာ တို့ဖြစ်ပါသည်။
(ခ) မြေသားကန်
၁။ ရေချိုရေငန်စပ်၊ ရေငန်အလွယ်တကူရရှိနိုင်သည့် နေရာ
၂။ အငန်နှုန်း (၁၀ – ၃၀) PPT ရရှိနိုင်သည့်နေရာ
၃။ ကုန်းမြေ မနိမ့်လွန်း၊ မမြင့်လွန်းသော နေရာ
၄။ မြေအချဥ်ဓါတ်နည်းသည့် နေရာ
၅။ ရွံ့စေး (သို့) ရွံ့နုန်းမြေနေရာ
၆။ ထောက်ပံ့ဆက်သွယ်ရေးလမ်း ကောင်းမွန်သော နေရာ
၇။ ရေပြင်ညစ်ညမ်းမှု ကင်းသည့်နေရာ
၈။ ငါးစာများဝယ်ကူရန် လက်လှမ်းမှီသည့် နေရာ
၉။ လုံခြုံစိတ်ချရသည့် နေရာ တို့ဖြစ်ပါသည်။
ကန်အရွယ်အစား
ရေပေါ်လှောင်အိမ်တွင် (၁၀ပေ ၁၀ပေ), (၁၂ပေ ၁၂ပေ), (၁၅ပေ ၁၅ပေ) အရွယ်အစား ရှိရမည်။
မြေသားကန်တွင် (၀.၂၅)ဧက မှ (၁)ဧက အရွယ်အစားရှိရပါမည်။
သားပေါက်ထည့်သွင်းခြင်း
သားပေါက်အရွယ် - ၂.၅ လက်မကို ရေပေါ်လှောင်အိမ်တွင် ထည့်သွင်းပြီး (၁ လက်မ မှ ၂.၅ လက်မ)ကို မြေသားကန်တွင် ထည့်သွင်း မွေးမြူနိုင်ပါသည်။
ထည့်သွင်းနှုန်း - (၁၀ပေ ၁၀ပေ ၁၀ပေ) လှောင်အိမ်တစ်ခု၌ ကောင်ရေ (၆၀၀)နှုန်း/ (၁)ဧက မြေသားကန်၌ ကောင်ရေ (၃၀၀၀)နှုန်း ထည့်သွင်း မွေးမြူနိုင်ပါသည်။
ရေးသားသူ - ဦးဇော် (dof)
မျိုးသွေး
လွန်ခဲ့သော ၂ လ ကသားပေါက်ဘယ်မှာရနိုင်သလဲ
ကျော်မြင့်စိုး
လွန်ခဲ့သော ၄ နှစ် ကကကတစ်ကို ရေလှည့်ဒလက်အသုံးပြုမွေးလျှင် ၁ ဧက ကိုအကောင်ရေမည်မျမွေးမြူနိုင်သနည်း။ ၂ဧက ကန်ကို ၁၀ ကောင်အင်ဂျင်လေးလုံးရေလှည့်ဒလက်တပ်မွေးလျှင် အကောင်ရေမည်မျှမွေးမြူနိုင်သနည်း။
ko ye
လွန်ခဲ့သော ၅ နှစ် ကကကတစ်ငါးအပေါက်လေးတွေကို ပုစွန်မှုန့်တို့ငါးမှုန့်တို့ကျွေးလို့ရလား
ko ye
လွန်ခဲ့သော ၅ နှစ် ကသားပေါက်ဖောက်နည်းလေးတွေပါတင်ပြပေးပါလားဗျ
ကောင်းခန့်
လွန်ခဲ့သော ၆ နှစ် ကyesပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဇော်(dof)
အားလုံး