သွင်ပြင်ထူးခြား……..ငါးမောင်းမငါး
ငါးမောင်းမငါးမှာ Catfish နွယ်ဝင် ငါးတစ်မျိုးဖြစ်ပြီး အကြေးခွံမပါသည့် အကြေးခွံမဲ့ ရေချိုမြစ်ငါးတစ်မျိုးဖြစ်သည်။ ငါးမောင်းမငါးကို အင်္ဂလိပ်လို “Dwarf goonch“ ဟုခေါ်ဆိုကြပြီး သိပ္ပံအခေါ်မှာ Bagarius Spp မျိုးစိတ်များဖြစ်ကြသည်။ မျိုးရင်း(Family) – Sisoridae အောက်တွင်ပါဝင်ကြပြီး ငါးမောင်းမငါးမှာ မျိုးစိတ်ပေါင်း (၅-၆)ခုထိ ရှိကြသည်ကို လေ့လာခဲ့ရဖူးပါသည်။
ငါးမောင်းမငါးမှာ ချက်စားလို့ရပြီး ငါးအရသာမှာ ချို၏။ အသားမှာ အဝါရောင်သန်းပြီး တချို့ ဒေသတွင် “မီးနေသည်ငါး”ဟုလည်း ခေါ်ကြသည်။ ဧရာဝတီမြစ်ကြောင်းတွင်လည်း တွေ့ရတတ်ပြီး “ဧရာဝတီမြစ်ငါး” ဟူ၍လည်း ခေါ်ကြပါသည်။
ငါးမောင်းမငါးမျိုးစိတ်များကို တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် တွေ့ရလေ့ရှိပြီး ပါကစ္စတန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒို၊ မြန်မာ စတဲ့နိုင်ငံတွေမှာ တွေ့ရလေ့ရှိပါသည်။
ငါးမောင်းမမျိုးစိတ်များတွင် အတော်အသင့် ကြီးမားကျယ်ပြန့်တဲ့ ဦးခေါင်းပါရှိကြပြီး ပါးစပ်မှာကျယ်ကာ အောက်သို့ အနည်းငယ်ကျနေပါသည်။ ပါးဟက်ဝမှာလည်း ကျယ်၏။ ကျောနှင့် ရင်ဘက်ပိုင်းတွင် မာကျောသော ဆူးချွန်များပါရှိကြပြီး ဆူးတောင်များမှာ ချောမွေ့ကြကာ လွှသွားပုံစံမျိုး ရှိကြသည်။ တချို့မှာ လိပ်ပြာတောင်ပံကဲ့သို့ ပုံစံမျိုးရှိကြသည်။ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ကြမ်းရှသည့်အရေပြားဖြင့် ဖုံးလွှမ်းထားကြပါသည်။
ငါးမောင်းမငါးမျိုးစိတ်များမှာ တစ်မျိုးနှင့်တစ်မျိုး ပုံသဏ္ဍန်မတူကြပေ။ တချို့ ငါးမောင်းမမှာ ကိုယ်ထည်တွင် အစက်အပြောက်ပါရှိကြပြီး တချို့မှာ ပြောင်ချောကြီးလိုဖြစ်နေပြီး တချို့မျိုးစိတ်မှာ အကွက်လေးတွေ ပါရှိကြပါသည်။
အရွယ်အစားအားဖြင့်လည်း ငါးမောင်းမငါးမျိုးစိတ်များမှာ မျိုးစိတ်တစ်ခုနှင့်တစ်ခု အရွယ်မတူကြပေ။ တချို့မျိုးစိတ်မှာ (20-70)cm အရွယ်အစားထိ၊ တချို့မျိုးစိတ်များမှာ (100) cm ထိ ကြီးထွားနိုင်ကြပြီး Bagarius yarelli ငါးမောင်းမမျိုးစိတ်မှာ အလွန်ကြီးမားလှပြီး (200) cm ထိကြီးထွားနိုင်ကြသည်။
ငါးမောင်းမငါးများမှာ အသားစား(carnivorous)များဖြစ်ကြပြီး ငါးငယ်၊ ပုစွန်၊ အင်းဆက်စသည်တို့ကို သူတို့၏အစာအဖြစ် စားလေ့ရှိကြပါသည်။ ငါးမောင်းမငါးကို ပုန်းရည်ကြီးဖြင့် ချက်စားပါက အရသာထူးသည်ဟု ဆိုကြပါသည်။
ငါးမောင်းမငါးမျိုးစိတ်များမှာ တခြားငါးမျိုးစိတ်များလို ပေါပေါများများ မတွေ့ရှိရသော်လည်း သွင်ပြင်တစ်မူထူးခြားလှသော မျိုးစိတ်တစ်ခုဖြစ်ပါကြောင်း လေ့လာသိရှိခဲ့ရပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
Ref: Wikipedia.
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026