"မြန်မာနိုင်ငံတွင်တွေ့ရသော ကျောက်ပုစွန်(spiny lobster)များ"
ကျောက်ပုစွန်များမှာ ကြီးမားသော အခွံမာရေနေသတ္တဝါ (large crustaceans) များ ဖြစ်ကြပြီး အခွံလဲတတ်သောသဘာဝရှိပါသည်။ အသက် (၅-၇) နှစ်ရှိသည့် ကျောက်ပုစွန်များမှာတစ်နှစ်ကို ၂၅ ကြိမ်အခွံလဲလေ့ရှိပြီး သူတို့အခွံကိုသူတို့ပြန်စားကာ calcium ဓါတ်ကို ရယူပါသည်။
အသက် (၁၀၀)နှစ်ဝန်းကျင်ထိ နေထိုင်နိုင်ကြပြီး အသက်အရှည်ဆုံး ရေသတ္တဝါများတွင် ကျောက်ပုစွန်သည်လည်း အပါအဝင်ဖြစ်ပေသည်။ ကျောက်ပုစွန်အမမှာ ဥပေါင်း (၈၀၀၀) မှ (၁၀၀၀၀၀)ကျော်ထိ ဥဥနိုင်ကြပါသည်။ ညဘက်မှသာ အစာရှာထွက်လေ့ရှိပြီး အစုံစား omnivorous များဖြစ်ကြသည်။
အခွံမာကျောက်ပုစွန်များမှာ ကျောရိုးမဲ့ (invertebrate) များဖြစ်ပြီး သူတို့ရဲ့သွေးအရောင်မှာ နက်ပြာရောင်ဖြစ်နေပါသည်။ ခြေလက် ၅ စုံပါရှိပြီး ခြေလက်တွေပြတ်သွားပါကအသစ်ပြန်ထွက်သော သဘာဝရှိကြသည်။
မြန်မာနိုင်ငံတွင်တွေ့ရသော ကျောက်ပုစွန် (spiny lobster) မျိုးစိတ် ၃ မျိုးမှာ-
Phylumမျိုးပေါင်းစု-Arthropoda
Classအမျိုးအစား- Crustacea
Orderမျိုးစဉ်- Decapoda
Familyမျိုးရင်း- Palinuridae
Genusမျိုးစု- Panulirus
Species(1)- Panulirus Polyphagus (Mud spiny lobster)
Species(2)- Panulirus Ornatus (Ornate spiny lobster)
Species(3)- Panulirus Versicolor (Painted spiny lobster)တို့ဖြစ်ကြသည်။
Mud spiny lobster တွင် ဆူးချွန် (spine) တစ်စုံပါရှိပြီး Ornate spiny lobster နှင့် Painted spiny lobsterတွင် ဆူးချွန်(spine)၂စုံစီ ပါရှိကြပါသည်။
အရွယ်အစားမှာ ပုံမှန် (၂၀ -၂၅) စင်တီမီတာရှိပြီး အမြင့်ဆုံး (၄၀-၆၀) စင်တီမီတာထိ ရှိကြပါသည်။ ဒေသအခေါ်အရ Bamboo, Flowers, 7 colors ဟူ၍သိရပါသည်။
ကျောက်ပုစွန်များမှာ ဆောင်းရာသီ အအေးများချိန်တွင် ပိုမိုအထိအမိများပြီး မြှုံး၊လွှာချင်းပိုက်များဖြင့် ပင်လယ်ပြင်ကျောက်ဆောင်များကြားတွင် ဖမ်းဆီးကြပါသည်။ဒေသအခေါ် 'ပိုင်' ဟုသိရှိရသောမြှုံးမှာ ဝါး(နှီး)ကို အရှည်သင်ပြီး တောင်းယက်သလိုယက်ကြကြောင်း လေ့လာတွေ့ရှိကြရသည်။ တစ်ခါထောင်လျှင် မြှုံးအလုံး၂၀ ခန့်ဖြင့် ကျောက်ပုစွန်ထောင်ဖမ်းကြကြောင်း တွေ့ရသည်။
စျေးကောင်းလှသော ကျောက်ပုစွန်အရှင်များကို ပြည်တွင်းတွင်သာမက နိုင်ငံခြားတိုင်းပြည်များသို့လည်း တင်ပို့ကြပါသည်။ ကျောက်ပုစွန်မှာ အသားသာ အသုံးဝင်သည်သာမက အခွံကိုလည်း ရုံးခန်း၊ ဧည့်ခန်းတွင် အလှဆင်ခြင်း၊ အမှတ်တရလက်ဆောင်အဖြစ် ပေးခြင်းများလည်းရှိသည်။
ကျောက်ပုစွန်ကင်၊ ကျောက်ပုစွန်ပေါင်း၊ ကျောက်ပုစွန်သုပ်၊ အချိုကြော်၊ အစပ်ချက် စသည့်ဟင်းလျာများမှာ နာမည်ကြီးသည်။
ကျောက်ပုစွန်စျေးနှုန်းမှာ ၂၀၀-၃၀၀ ဂရမ် -၂၉၀၀၀ ကျပ်၊ ၃၀၀ - ၅၀၀ ဂရမ် - ၃၂၀၀၀ ကျပ်၊ ၅၀၀-၇၀၀ ဂရမ် - ၅၅၀၀၀ ကျပ်ဟူ၍ စျေးနှုန်းအမျိုးမျိုးရှိကြပါသည်။
နှင်းဖြူ ဖြူ
Source - AQUADAPT-Myanmar
နည်းပညာမိတ်ဖက်အဖွဲ့
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ကမ္ဘာ့ငါးအဖွဲ့
အားလုံး
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024