ငါးသစ်တုံးငါး
ငါးသစ်တုံးငါး(goby fish)များမှာ ရေချိုပိုင်းတွင် အများဆုံးတွေ့ရှိရပြီး မြစ်၊ ချောင်း၊ အင်းအိုင်၊ ချောင်းမြောင်းများတွင်ရရှိတတ်ကြပါသည်။ မြန်မာနိုင်ငံအပြင် အိန္ဒိယ၊ အင်ဒိုနီးရှား စသည့်နိုင်ငံများတွင်လည်း တွေ့ရှိရပါသည်။ ငါးသစ်တုံးငါးလေးများမှာ သူတို့၏အစာအဖြစ် ကျောရိုးမဲ့ရေသတ္တဝါငယ်များ၊ ငါးငယ်များကို စားတတ်ကြပါသည်။
ငါးသစ်တုံးဟုခေါ်ကြသော်လည်း သစ်တုံးလို မာမာချာချာ ကြီးကြီးမားမားငါးမျိုးစိတ်များ မဟုတ်ကြပါ။ ငါးအငယ်စားလေးများဖြစ်ကြပြီး မိုးတွင်ကာလ ဩဂုတ်၊ စက်တင်ဘာလလောက်တွင် ငါးသစ်တုံးလေးတွေ ပေါ်သည့်အချိန်ဖြစ်ပေသည်။
ဒေသခံများမှာ ငါးသစ်တုံးငါးကို ဆီပြန်၊ အကြွပ်ကြော်၊ ထောင်းကြော်၊ အိုးကပ်ပင်စိမ်းအုပ် စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။ ငါးသစ်တုံးငါးလေးများသည် အရိုးပါဝါးစား၍ရသော ငါးလေးများဖြစ်၍ ငါးသစ်တုံးငါးလေးများကို စားပေးခြင်းဖြင့် အရိုးပွရောဂါမဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။
ငါးသစ်တုံးငါးအိုးကပ်ပင်စိမ်းအုပ်ဟင်းမှာ လူကြိုက်များပြီး ဒေသခံများ နှစ်ခြိုက်စွာ ချက်စားတတ်ကြပါသည်။ ငါးသစ်တုံးမှာ ငါးသေးသော်လည်း ချက်ရသည့်ပညာမှာ မသေးလှပေ။ ချက်နည်းမှာ - ငါးသစ်တုံးငါးကို နနွင်း၊ ဆား၊ အရသာမှုန့်ဖြင့် နယ်ထားပြီး ကြက်သွန်ဖြူ/နီ၊ နနွင်းမှုန့်နှင့် အရောင်တင်မှုန့်နဲနဲစီထည့်ပြီး ဆီသတ်ရပါသည်။ ကြက်သွန်နဲနဲလိပ်လာပါက ငါးထည့်ပါသည်။ ငါးကို စထည့်ချိန်မှာပဲ ကောင်းကောင်းမွှေပေးရပါသည်။
ခဏခဏမွှေလျှင်ငါးကြေတတ်၍ဖြစ်သည်။ နောက်ပိုင်း ဟင်းအိုးမတူးရအောင်လှုပ်လှုပ်ပေးရပါသည်။ ရေမထည့်ပါ။ ငါးကအရည်တွေခန်းလာပြီး ဆီပြန်ကာ ခြောက်လာပြီဆိုလျှင် ငါးလေးအိုးကပ်ဟင်းကျက်ပါပြီ။ ဟင်းအိုးချကာနီးမှ ပင်စိမ်းရွက်လေးခြွေပြီး ထည့်ပါသည်။ အဓိကအချက်မှာ ငါးလတ်ဆတ်မှ ငါးလေးတွေမကြေဘဲ အကောင်လိုက်လေးများအတိုင်း ဖြစ်ပါမည်။ ဆီနည်းလျှင်လည်း အိုးကပ်ပြီး တူးတာဖြစ်တတ်ပါသည်။ ငါးသေးသော်ငြား ပညာမသေးလှပေ။ ငါးသစ်တုံးအိုးကပ်ဟင်းကို ပိုမိုဆွဲဆောင်စေတဲ့အချက်မှာ ပင်စိမ်းအုပ်သည့် ရနံ့လေးပင်ဖြစ်ပါသည်။
“တစ်သက် မမုန်းရလေအောင် ငါးသစ်တုံး ချက်ကျွေးမယ် မောင်" ဟူသော ကဗျာအဖွဲ့အနွဲ့လေးနှင့်လည်း ငါးသစ်တုံးငါး၏ စွဲမက်ဖွယ်အရသာရှိပုံကို တင်စားထားကြပြန်သည်။
ငါးသစ်တုံးငါးကို -
Phylum (မျိုးပေါင်းစု) - Chordata
Class (အမျိုးအစား) - Actinopterygii
Order (မျိုးစဥ်) - Gobiiformes
Family (မျိုးရင်း) - Oxudercidae
Genus (မျိုးစု) - Stigmatogobius
Species (မျိုးစိတ်) - Stigmatogobius Sadanundio
ဟူ၍ ဖြစ်ပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....