အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဈေးကွက်ဝင် ကဏန်းများ

ဈေးကွက်ဝင် ကဏန်းများ

ကဏန်း(crab)မှာ စီးပွားရေးအရအရေးပါသော နိုင်ငံခြားရေထွက်ပို့ကုန်တစ်မျိုး ဖြစ်ပါသည်။ ကဏန်းမျိုးစိတ်များမှာ ပင်လယ်ကဏန်း၊ ရွံ့ကဏန်း၊ သဲကဏန်း၊ ကဏန်းနီ၊ လယ်ကဏန်း၊ ကဏန်းစင်း၊ ဖောင်စီးကဏန်း၊ ချေးပုန်းကဏန်း စသည်ဖြင့် ဒေသအခေါ်အဝေါ်အမျိုးမျိုးရှိကြပါသည်။ ဖောင်စီးကဏန်းမှာ "ကွန်မက" ဆိုသည့် ရေပိုးကောင်ကတစ်ဆင့် ကြီးထွားလာသော ကဏန်းမျိုးများဖြစ်သည်ဟု သိရပါသည်။ တစ်ချို့ဒေသများတွင် ကဏန်းကို ကဏန်းထီး၊ ကဏန်းမ၊ မိန်းမလျာကဏန်း၊ ကဏန်းပျော့ဟူ၍လည်း ခေါ်ဆိုကြပါသေးသည်။ ကဏန်းပျော့မှာ အရေခွံလဲထားသော ကဏန်းဖြစ်ပြီး ဈေးကောင်းလှပေသည်။

ကမ္ဘာ့သမုဒ္ဒရာရေပြင် ရေချိုပိုင်းနှင့် ကုန်းတွင်းပိုင်းတို့တွင် နေထိုင်လေ့ရှိကြပြီး ကမ္ဘာ့အနှံအပြားတွင် ကဏန်းမျိုးစိတ်ပေါင်း (၆၇၀၀)ကျော်ခန့်ရှိကြပြီး ကဏန်းအုပ်စုပေါင်း (၉၃) စုခန့်ရှိကြောင်း မှတ်တမ်းများအရ သိရပါသည်။ 

ကဏန်းများမှာ အသက် (၁-၂) အရွယ်တွင် မျိုးပွားနိုင်ကြပြီး ကဏန်းအမမှာ ဥပေါင်း (၁) သိန်းကျော်ထိ ဥဥနိုင်ကြပါသည်။ အသက် (၈-၁၃)နှစ်ထိ သက်တမ်းရှည်ကြပြီး decapod-crustaceans များဖြစ်ကြသည်နှင့်အညီ ကဏန်းများတွင် လက်မ(၁)စုံအပါအဝင် စုစုပေါင်းခြေလက် (၅) စုံပါဝင်ပါသည်။ 

ကဏန်းများတွင် ကဏန်းမာထက် ကဏန်းပျော့မှာ နောက်ဆုံးပေါ် လူကြိုက်အများဆုံးဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများတွင် တွင်ကျယ်စွာ လုပ်ကိုင်အောင်မြင်နေကြပါပြီ။ ကဏန်းပျော့တွင် သဘာဝကဏန်းပျော့နှင့် မွေးမြူရေးကဏန်းပျော့ဟူ၍လည်းရှိကြပါသည်။ 

သဘာဝကဏန်းပျော့မှာ- 

ကဏန်းအခွံမာလာပြီဆိုပါက တစ်ကိုယ်လုံးအရေခွံလဲလေ့ရှိတတ်ကြပါသည်။ သနားစရာအကောင်းဆုံးမှာ ကဏန်းအထီးများပင်ဖြစ်ပါသည်။ ကဏန်းဖိုမှာ ကဏန်းမအရေခွံလဲပြီဆိုပါက ခြေလက်(၅)စုံနဲ့ ကဏန်းအမတစ်ကောင်လုံးကို ဖက်တွယ်ထားတတ်ပါသည်။ ကဏန်းကိုယ်လုံး ဘေးတဖက်တချက်တွင် အဖျားချွန်ပြီးအဆစ်များပါသည့် ခြေလက်များရှိကြပါသည်။ ကုန်းပေါ်သွားလျှင် ခြေထောက်အဖြစ်သုံးပြီး ရေထဲတွင် လက်အဖြစ်ရေကူးသွားနိုင်ပါသည်။ အောက်ဆုံးရှိ အဆစ် (၁) ချောင်းမှာ ခပ်ပြားပြားဖြစ်နေပါသည်။ လှော်တက်ပြားကဲ့သို့ ရေကိုယက်ပြီး ကူးခတ်နိုင်ဖို့ သဘာ၀ကဖန်တီးပေးထားပါသည်။ လက်မကြီး(၂)ချောင်းမှာလည်း ပြုတ်တူလို အဖျားချွန်ထက်ပြီး လိုသလို ညှပ်၍ရပါသည်။

ကဏန်းသဘာဝမှာ အလွန်အသက်ပြင်းလှပါသော်လည်း မျက်စိ(၂)ခုမှာ အညှာတံရှိပြီး မျက်ခွံမရှိသောကြောင့် ဖုံးကွယ်မထားနိုင်၍ မျက်လုံးကို မတော်တဆ ခြင်ကိုက်ပါက ကဏန်းသေတတ်ပါသည်။ မျက်လုံး(၂)လုံးအောက်ဘက်တွင် အခွံမာ(၂)ခုစီ ဖုံးထားသည့် ကဏန်းပါးစပ်ပေါက်ရှိပြီး ပါးစပ်ထဲတွင် သွားသေးသေးလေးရှိပါသည်။ ကဏန်းဖိုမှာ ကဏန်းမကို လက်မကြီး (၂) ချောင်းနှင့် အချိန်ပြည့် အကာအကွယ်ပေးထားပါသည်။ ကဏန်းမမှာ (၄-၅) ရက်ကြာသည်အထိ အရေခွံနုရာမှ အရေခွံမာလာပြီးပါက ကဏန်းဖိုမှ အရေခွံမာကို ခွာချပေးပါသည်။ ထိုရက်များတွင် ကဏန်းထီးမှာ အစာလုံးဝမစားဘဲ ကဏန်းမကို စောင့်ရှောက်ပါသည်။ သို့သော် ကဏန်းထီးအရေခွံလဲပါက ကဏန်းမရောက်လာပြီး ကဏန်းထီးတစ်ကောင်လုံးကို သူ့လက်မနှင့်ညှပ်ပြီး စားပစ်လေ့ရှိကြပါသည်။ ကဏန်းထီးမှာ သနားစဖွယ်ကောင်းလှပေသည်။ ထိုကား သဘာဝကဏန်းပျော့များ အရေခွံလဲခြင်းဖြစ်ပါသည်။ 

မွေးမြူရေးကဏန်းပျော့မှာမူ-

ခြင်းများထဲသို့ ကဏန်းတစ်ကောင်ခြင်းစီ ထည့်ကြပြီး အခွံလဲတာကို စောင့်ကြည့်ရပါသည်။ အခွံလဲ/မလဲ တစ်နေ့ (၄) ကြိမ်စစ်ကြပြီး အခွံလဲပြီးသားအကောင်တွေ့ပါက ခြင်းထဲမှ ဆယ်ထားရပါသည်။ အခွံလဲပြီးသား ကဏန်းများကို အချိန်အတိုင်းအတာတစ်ခုထိ ထားထားပါက အခွံမှာ လဲပြီးပြီးချင်းလိုမပျော့တော့ပဲ ပြန်မာသွားတတ်ပါသည်။ ထို့ကြောင့် အခွံမမာခင်ဆယ်ပြီး ရေခဲရိုက်ထားရသည်ဟု သိရပါသည်။ ကဏန်းပျော့မှာ တစ်ကိုယ်လုံးစားသုံးလို့ရပြီး လူကြိုက်များလှပါသည်။

ကဏန်းပျော့မှာ-

၁ကီလို ကို ၈၅၀၀ - ၁၃၀၀၀ ကျပ် ရှိကြပြီး အရွယ်မျိုးစုံ၊ ဈေးနှုန်းမျိုးစုံရှိကြပါသည်။ 

ကဏန်းအမာအရှင်ဈေးနှုန်းမှာ - 

၂၃၀ ဂရမ် အထက် ၁ ကီလို = ၈၅၀၀ ကျပ်

၁၃၀ ဂရမ် အထက် ၁ ကီလို = ၇၅၀၀ ကျပ်

၁၀၀ ဂရမ် အထက် ၁ ကီလို = ၆၅၀၀ ကျပ် ဟူ၍ အသီးသီးရှိကြပါသည်။ 

ကဏန်းအသားမှာ အလွန်ချိုပြီးနူးညံ့လှပေသည်။ ကဏန်းနှင့် ပတ်သက်သည့် နာမည်ကြီးဟင်းလျာများမှာ ကဏန်းမာဆာလာချက်၊ ကဏန်းချဥ်စပ်၊ ကဏန်းပျော့တန်ပူရာကြော်၊ ကဏန်းဘာဂါ၊ ကဏန်းပေါင်း၊ ကဏန်းပင်လယ်စာထောင်း၊ ကဏန်းအသားထွင်းကြော်၊ ကဏန်းကြော်ချက်၊ ကဏန်းပျော့ ငရုတ်ကောင်းကြော် စသည့်ဟင်းလျာများမှာ နာမည်ကြီးပြီး လူကြိုက်များလှပါသည်။ 

ပင်လယ်ပြာ (ငါးလုပ်ငန်းဦးစီးဌာန)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။