“တီလားပီးယား လယ်တစ်သီး၊ ငါးတစ်သီး မွေးမြူနည်း”
တီလားပီးယား လယ်တစ်သီး၊ ငါးတစ်သီး မွေးမြူနည်းမှာ အရွယ်ရောက်လွယ်သဖြင့်မွေးမြူရေးကန် အထူးပြုလုပ်ရန်မလိုဘဲ လယ်တွင်စပါးစိုက်ပျိုးရင်း ငါးကို တစ်ဖက်က မွေးမြူခြင်းဖြစ်သည်။
တီလားပီးယားငါးမှာ အကောင်ပေါက်မြန်၊ အကြီးမြန်သောကြောင့် ဤငါးမျိုးကို ပိုမိုမွေးမြူသင့်ပေသည်။ လယ်စိုက်ရင်းမွေးမြူပြီးနောက် လယ်ရေခမ်းခြောက်ခါနီးအချိန်တွင် ဖမ်းဆီးနိုင်ပါသည်။
သာမန်အားဖြင့် တီလားပီးယားငါးမျိုးများကို အစာမကျွေးဘဲနေလျှင် ရပေသည်။ အစာကျွေးပါမူ ပိုမိုကြီးထွားမြန်ဆန်လာမည်မှာ အငြင်းပွားစရာမရှိပေ။ ရေကန်စွန်းပင်ရှိသော လယ်ကွက်တွင် ကန်စွန်းပင်များကို စားသောက်နိုင်ကြသည်။
တီလားပီးယားငါးကို ရေလွှမ်းခြင်းကင်းသော လယ်ကွက်များနှင့် လယ်တဲဘေး မြေကွက်လပ်ချိုင့်ဝှမ်းများတွင် မွေးမြူနိုင်ပါသည်။ ငါးများမထွက်စေရန် လယ်ကန်သင်းကို ဖို့ပေးရမည်ဖြစ်သည်။
ရေဝင်၊ ရေထွက်ကောင်းစေရန် ပြုပြင်ပေးပြီး ရေဝင်၊ ရေထွက်အပေါက်များ၌ သံဆန်ခါများ တပ်ဆင်ပေးရမည်။ (သို့မဟုတ်) ဝါးယင်းများဖြင့် ငါးမထွက်အောင်ပြုလုပ်ပေးရပါမည်။
လယ်ကွက်တွင် ငါးကောင်းစွာနေထိုင်နိုင်ရန် ကျင်းရှည်များ တူးဖော်ပေးရမည်။ ကျင်းရှည်များမှာ အနက်(၂)တောင်၊ အကျယ်(၆)တောင်၊ အလျားကိုမူ လယ်ကွင်းအလိုက် ကန်သင်းဘေးတွင် ကပ်၍ တူးဖော်ပေးထားရမည်။
ကျင်းတူးသဖြင့် ရရှိသော မြေစာများကို ပိုမိုခိုင်ခံ့သော လယ်ကန်သင်းရိုးများ ဖို့ပေးနိုင်ပါသည်။ လယ် (၁) ဧကတွင် (၁) လက်မမှ (၁) လက်မခွဲအရွယ် တီလားပီးယားငါးသားပေါက် ကောင်ရေ (၄၀၀၀ မှ ၅၀၀၀) အထိ၊ (၂) လက်မ မှ (၂) လက်မခွဲအရွယ် ငါးကောင်ရေ( ၃၀၀၀ မှ ၃၅၀၀)အထိ၊ (၃) လက်မ မှ (၃) လက်မခွဲအရွယ် ငါးကောင်ရေ (၁၅၀၀ မှ ၂၀၀၀)အထိ မွေးမြူနိုင်ပါသည်။
လယ်ကွက်တွင် ရေခမ်းပြီး ကျင်းများအတွင်း၌ ရေကျန်ရှိချိန်တွင် ငါးကြီးများကို ဖမ်းနိုင်ပါသည်။ တဖန် စပါးမှည့်၍ လယ်ကွက်များရေထုတ်ချိန်တွင် တစ်ကြိမ်ထပ်၍ ငါးကြီးများကို ဖမ်းယူရရှိနိုင်ပါပြီ။
လယ်များတွင် တင်ရှိနေသော ရေစပ်စပ်တွင် မွေးမြူခြင်းအားဖြင့် စပါးပင်ခြေတွင်ရှိသော ပေါင်းပင်များနှင့် လယ်ဖျက်ပိုးများကို တီလားပီးယားငါးများက စားသောက်ပစ်တတ်သောကြောင့် စပါးပင်များ ပိုမိုသန်စွမ်းလာနိုင်ပါသည်။
ငါးများစွန့်ပစ်သော မစင်များကြောင့် စပါးပင်များ ပိုမိုသန်စွမ်းနိုင်သဖြင့် "တီလားပီးယား လယ်တစ်သီး၊ ငါးတစ်သီး မွေးမြူနည်း" ကို မွေးမြူသင့်ပေသည်။
ပင်လယ်ပြာ (ငါးဦးစီး)
Ref: ငါးလုပ်ငန်းဦးစီးဌာန။
နှင်းဖြူဖြူ
လွန်ခဲ့သော ၄ နှစ် ကအစာအဖြစ် ဖွဲနု ၊စပ်စာအမှုန့်(ဖွဲနု ၊ပဲဖတ်၊ ငါးပေါင်းမှုန့်)၊အစာတောင့်(အသားဓာတ် ၂၅-၂၈ %) ကို ခန္ဓာကိုယ်အလေးချိန် ၏၅% မှ ၃% ထိ တွက်ချက်ကျွေးမွေးရပါမည်။
မောင်အောင်အောင်မိုး
လွန်ခဲ့သော ၄ နှစ် ကတီးလာဗီးယာ ငါး ကို ဘာအစာတွေ ကြွေရပါသလဲ ခက်ဗျာ
နှင်းဖြူဖြူ
လွန်ခဲ့သော ၅ နှစ် က၀၉.၉၅၃၂၃၅၇၈၉ ကိုဖုန်းဆက်ပြီး မှာကြည့်ပါ
ko.tun.myint
လွန်ခဲ့သော ၅ နှစ် ကစိတ်ဝင်စားပါတယ် ငါးမျိုးကိုလိုချင်ပါတယ်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026