အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စစ်ကိုင်းတိုင်း၊ ဝန်းသို၌ ဒေသဖားများကို ကျုံးသွင်း၍ စီးပွားဖြစ်သားဖောက်မွေးမြူနိုင်ရန်စီစဉ်နေ

စစ်ကိုင်းတိုင်း၊ ဝန်းသို၌ ဒေသဖားများကို ကျုံးသွင်း၍ စီးပွားဖြစ်သားဖောက်မွေးမြူနိုင်ရန်စီစဉ်နေ

    စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းဒေသ၌ ဒေသဖား(သဘာဝဖား)များကို ကျုံးသွင်း၍ စီးပွားဖြစ် သားဖောက်မွေးမြူနိုင်ရန် စီစဉ်နေကြောင်း အဆိုပါဖားမွေးမြူရေးလုပ်ငန်း၏ တာဝန်ရှိသူထံမှ သိရသည်။

ကျွန်တော်တို့နမ်းခမ်းရွာက မဲဇာတောင်ခြေနဲ့နီးတယ်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ်နယ်ပါ။ လွန်ခဲ့တဲ့ လေးနှစ်ကတည်းက ထိုင်းဖားတွေကို သားဖောက်ရောင်းချခဲ့ပါတယ်။ ဖားအစိုသားတွေ ရောင်းအားကောင်းချိန်ဆို ထိုင်းကဝင်လာတဲ့ဖားတွေက မရတော့ဘူး။ မှာသူ ဝယ်သူတွေများလာပြီး ဖားမရတော့ ဖားဈေးက အတက်အကျတွေဖြစ်လာတယ်။ ဒီတော့ ကိုယ့်ဒေသတွင်းက လယ်ဖားတွေကို စမ်းသပ်ကြည့်တဲ့အနေနဲ့ ၂၀၂၀ ဇွန်လ ပထမမိုးဦးကျကာလမှာ ကျုံးသွင်းဖမ်းထားပြီး သဘာဝအတိုင်း မွေးမြူခဲ့ပါတယ်။ အခုဆိုရင် ဖားတွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပေါက်ဖွားလာကြတယ်။ ကြာတော့ ယဉ်လာတယ်။ လူကို မကြောက်တော့ဘူး။

ဟု စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းဒေသရှိ ဖားသားဖောက်မွေးမြူရေးလုပ်ငန်းမှ ဦးကျော့စိုးက ပြောသည်။

    စတင်ကျုံးသွင်းမွေးမြူစဉ်က ဒေသဖားကောင်ရေ (၁၀,၀၀၀) ဝန်းကျင် ရောက်ရှိလာခဲ့ပြီး ယခုအခါ ဖားကောင်ရေ သိန်းချီပွားများလာပြီဖြစ်ကြောင်း သိရသည်။

ဖားတွေက မိုးကျချိန်ရောက်လာပြီး ဥချ၊ သားပေါက်ထွက်သွားတာပါ။ ဇာပြာပိုက်တွေ ဝယ်ထားပြီး တစ်ထွာအနက်မြုပ်ပြီး ကာတယ်။ ကျန်တာကို အဆင်သင့်ပုံထားတာ။ ဇူလိုင်လထဲ မိုးကြီးကြီးရွာတော့ ကန်ထဲဖားတွေကျ ဆူညံနေတဲ့အချိန်မှ ဇာပြာပိုက်တွေ မ,လိုက်တော့ ကျုံးသွင်းပြီးသား ဖြစ်သွားတာပေါ့။ ပထမတစ်ကြိမ်မှာ ဖားတွေ ကျုံးသွင်းခဲ့တာ ကောင်ရေသောင်းကျော်ပါ။ အားလုံး ခုနှစ်ကြိမ် ဥချပေါက်လာတာ၊ နောက်ဆုံး အကြိမ် ဖားလေးတွေက ခြေချစရာနေရာမရှိအောင် ကောင်ရေ သိန်းသန်းချီအထိ များလာပါတယ်။ အခုတော့ ခြံကို ထပ်ချဲ့ ပေးထားရပါတယ်။

ဟု ကိုကျော့စိုးက ဆက်လက်ပြောသည်။

    ဒေသဖားများကို ကျုံးသွင်းမွေးမြူထားသည့် ခြံများ၏အကျယ်အဝန်းမှာ ပေ ၁၀၀ × ၂၀၀ ပတ်လည်၊ ပေ ၂၀၀ × ၅၀၀ တို့ဖြစ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
lu zaw aung

lu zaw aung

လွန်ခဲ့သော ၆ နှစ် က

ပိုမိုကျယ်ပြန့်စွာလေး တင်ပြစေချင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။