ကြက်ခြံဖမ်းဈေးသာကျပြီး အသားရောင်းဈေးမကျလို့ မွေးမြူသူများအခက်ကြုံနေ
ပြည်တွင်း အသားတိုးကြက် ခြံဖမ်းဈေးနှုန်း တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ အောက်အထိ ပြန်လည်ကျဆင်းလာသဖြင့် ကြက်ခြံသမားများ အရှုံးပြနေကြောင်း ကြက်မွေးမြူရေး လုပ်ကိုင်သူများထံမှ သိရသည်။
အသားတိုးကြက် ဖမ်းဈေးသည် ယခင် ဇူလိုင်လ ပထမပတ်တွင် ဈေးဆက်တိုက် ပြန်တက်လာပြီးနောက် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရန်ကုန်ဈေးကွက်၌ ၉၅၀၀ ကျပ်မှ ၉၈၅၀ ကျပ်အတွင်းသာ ရှိတော့ကြောင်း သိရသည်။
အလားတူ မန္တလေး၊ ကျောက်ဆည်၊ စဥ့်ကိုင် အပါအဝင် မြို့နယ်အချို့တွင်လည်း ကြက်ခြံဖမ်းဈေးမှာ တစ်ပိဿာလျှင် ၉၅၀၀ ကျပ်မှ ၁၀၅၀၀ ကျပ်အတွင်းသာ ရှိပြီး ရှမ်းပြည်နယ် ဈေးကွက်၌သာ ကြက်ခြံဖမ်းဈေး ၁၁၀၀၀ ကျော်အထိ ဈေးပေါက်ကြောင်း သိရသည်။
"ခြံဖမ်းဈေး မကောင်းလို့ ခြံသမားတွေ မကိုက်ကြဘူး။ ခြံကိုကာတဲ့ မိုးကာလိပ်ကအစ ဈေးတက်တယ်။ ကျန်တဲ့ အစာဈေး၊ ဆေးဝါး အကုန်ဈေးတက်နေတာ။ ကြက်ဖမ်းဈေးပဲ ကျနေတာ" ဟု ကျောက်ဆည်မှ ကြက်မွေးမြူရေး ခြံပိုင်ရှင်တစ်ဦးက ပြောသည်။လက်ရှိတွင် ဈေးကွက်အတွင်း ကြက်ကြီး ဝင်ရောက်မှု များသဖြင့် ခြံဖမ်းဈေး ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
ယခင်လ ဇူလိုင် ၁၃ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ကြက်အရှင် ဖမ်းဈေးများမှာ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ တောင်ကြီး၊ စဥ့်ကိုင်၊ ကျောက်ပန်းတောင်း၊ မကွေးမြို့၊ မုံရွာ၊ ရွှေဘိုမြို့၊ စစ်ကိုင်းမြို့တို့တွင် တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်မှ ၁၇၅၀၀ ကျပ်အတွင်း ဈေးပေါက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ ကျောက်မဲမြို့နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့တို့တွင်မူ ကြက်အရှင် ခြံဖမ်းဈေးမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်အတွင်း ရှိပြီး ဈေးတန်းအမြင့်ဆုံး ဖြစ်ခဲ့သည်။
ကျန်သည့် မော်လမြိုင်၊ ဘားအံ၊ သထုံ၊ ကျိုက်ထိုမြို့များ၌မူ ကြက်အရှင် ခြံဖမ်းဈေးမှာ အခြားဒေသများထက် ဈေးရရှိမှု နည်းသော်လည်း တစ်ပိဿာလျှင် ၁၆၁၀၀ ကျပ်မှ ၁၆၈၀၀ ကျပ်ဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အသားတိုးကြက် ခြံဖမ်းဈေးသည် တစ်လကျော်ကာလအတွင်း တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ဝန်းကျင် ဈေးကျသွားခြင်းဖြစ်ကြောင်း သိရသည်။
"ခြံဖမ်းဈေး ကျပေမယ့် အသားဈေးကတော့ မကျပါဘူး။ ခုထိ အရင်အတက်ဈေးမှာပဲ ဝယ်စားနေရပါတယ်။ ဖြစ်နေတာက ခြံသမားတွေကျ ရှုံး၊ ဝယ်စားတဲ့ ပြည်သူတွေက ဈေးကြီးပေးဝယ်နေရ အဲဒီလိုဖြစ်နေတာ။ ကျွန်မမိတ်ဆွေရဲ့ ခြံလည်း မကိုက်ဘူး ရှုံးနေတာ။ မိုးကရွာတော့ ရေတက်မလားဆိုပြီး ရောင်းလို့ရတာကို ထုတ်တာ" ဟု စားသုံးသူ ပြည်သူတစ်ဦးက ပြောသည်။အသားဈေးကွက်တွင်မူ ကြက်သားအပေါ်ပိုင်း ရင်ပုံ အရိုးနှင့်အသားတွဲရက် တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ် ရောင်းချနေပြီး အတောင်ပံမှာ ၂၀၀၀၀ ကျပ် ဈေးရှိကြောင်း သိရသည်။
လက်ရှိတွင် ကြက်မွေးမြူရေးလုပ်ငန်းနှင့် အသားထုတ်လုပ်ရောင်းချခြင်းကို တွဲရက်လုပ်ကိုင်သူတချို့က ကြက်အကောင်လုံးကို တစ်ပိဿာ ၁၃၅၀၀ ကျပ်ဖြင့် စားသုံးသူများထံ တိုက်ရိုက် ရောင်းချပေးနေကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သားငါးဈေးနှုန်းများ
Kyaw Moe Aung
လွန်ခဲ့သော ၃ ပတ် ကယနေ့၃.၉.၂၀၂၆ ဘားအံမြို့နယ်အသားတိုးကြက်စျေး ဘယ်လောက်ရှိလည်း ခမျ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026