အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်

အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်

AMIA
AMIA • 08/09/2026

ပြည်တွင်း ရေထွက်ကုန် ဈေးကွက်တွင် ငပိ၊ ငါးခြောက်မျိုးစုံ ဈေးထပ်တက်လာကြောင်း ငပိ၊ ငါးခြောက် ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

မျှင်ငပိ ဆားပေါ့ လက်ထောင်း နှစ်ထပ်ထောင်း ၅၀ သား တစ်ဘူးကို ယခင်က ကျပ် ၂၀,၀၀၀ နှင့် နှစ်ထပ်ထောင်း မျှင်ငပိ ၂၅ သား တစ်ဘူးကို ကျပ် ၁၁,၀၀၀ ရှိပြီး လက်ရှိတွင် နှစ်ထပ်ထောင်း ၅၀ သား တစ်ဘူးကို ကျပ် ၂၂,၀၀၀၊ မျှင်ငပိ နှစ်ထပ်ထောင်း ၂၅ သား တစ်ဘူးကို ကျပ် ၁၂,၀၀၀ ဈေးရှိလာကြောင်း သိရသည်။

"မျှင်ငပိ လက်ထောင်းက ဈေးမြင့်ပါတယ်။ ဆားပေါ့တယ်။ သဘာဝ အရသာ အချိုအတိုင်းပဲ။ အခုက အရင်ဈေးနဲ့ ရတဲ့ လက်ကျန် ငပိကုန်တော့ အခြား ကုန်သည်ဆီက ဝယ်ရပြီ ဖြစ်လို့ ဈေးတက် ရောင်းမှ ရတော့မှာပါ။ အခုက ဈေးက အကုန် တက်နေတာပါ" ဟု ဧရာဝတီတိုင်းထွက် မျှင်ငပိ လက်ထောင်း နှစ်ထပ်ထောင်း ရောင်းချသူ တစ်ဦးက ပြောသည်။

ကျန်သည့် ဆားဓာတ်ပါသည့် ငပိဈေးနှုန်းများ အနေဖြင့် အမျိုးအစားပေါ် မူတည်ပြီး တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ မှ ကျပ် ၃၀,၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

ယခင် ဇူလိုင် ပထမပတ် ဝန်းကျင်က အငန်ဓာတ်ပါသည့် ငပိတစ်ပိဿာလျှင် အမျိုးအစားအလိုက် အမြင့်ဆုံး ကျပ် ၁၅,၀၀၀ သာ ရှိကြောင်း သိရသည်။

"ငပိဈေးကြားပြီး သွေးတက်တယ်။ ဘာမှ မကောင်းတဲ့ ငပိတောင် ငါးဆယ်သား ကျပ် ၁,၅၀၀ တဲ့။ အရင်လက ဆိုင်မှာ အကောင်းဆုံးဆိုတာ ဝယ်မှ ၅၀ သားကို ကျပ် ၈,၀၀၀ အများဆုံး ရှိတာ။ အခု ဈေးတွေက မတရား တက်ကုန်တယ်။ ငါးခြောက်ဈေးကလည်း အနားမကပ်နိုင်ဘူး။ အသားဈေးတွေထက် နှစ်ဆ ဈေးတွေ ဖြစ်နေတယ်" ဟု စားသုံးသူ ပြည်သူ ဒေါ်စိုးစိုးဝင်းက ပြောသည်။

ငပိအပြင် ငါးခြောက်မျိုးစုံလည်း ဈေးထပ်တက်လာပြီး ငနီတူ တစ်ပိဿာလျှင် ကျပ် ၅၀,၀၀၀ ကျော်၊ ငါးအုန်းရွှေဝါ တစ်ပိဿာလျှင် ကျပ် ၉၀,၀၀၀ နီးပါး၊ ငါးကျည်းခြောက် တစ်ပိဿာလျှင် ကျပ် ၂၀၀,၀၀၀ နီးပါး စသဖြင့် အမျိုးအစား အားလုံး ဈေးတက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ငပိ၊ ငါးခြောက်မျိုးစုံသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ အဓိက အများဆုံး ထွက်ရှိခြင်း ဖြစ်ကြောင်း၊ ယခုကာလတွင် နယ်မြေ အခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး၊ ကုန်ပစ္စည်း ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်မှုများကြောင့် ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

 အဆိုပါ ဒေသများမှ ထွက်ရှိသည့် ငပိ၊ ငါးခြောက်များကို ရန်ကုန် အပါအဝင် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့နယ်များသို့ လက်ကား ပြန်လည် ဖြန့်ဖြူး ရောင်းချကြခြင်း ဖြစ်ကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပုစွန်ကို ဘယ်လုပ် မမွှေးဖွားလဲ

ကိုကိုနိုင် • ဖြေကြားချက် 0 ခု

စပါးအသက်ရက်ဆိုတာ (၁)စပါးမျိုးစေ့အညှောင့်ပေါက်တဲ့ရက်ကနေ စပါးမှည့်လို့ရိတ်သိမ်းလို့ရတဲ့အချိန်ထိကို ခေါ်တာလား ဒါမှမဟုတ် ရွေ့ပြောင်းစိုက်တဲ့အချိန်ကနေ စပါးမှည့်လို့ရိတ်သိမ်းလို့ရတဲ့အချိန်ထိကို ခေါ်တာလားဗျ (၂)ပြီးတော့ ပျိုးထောင်တဲ့နေရာမှာ ပျိုးသက်ရက်က ဥပမာ- ကျနော်တို့ဆီမှာတော့ ပျိုးသက်ကို ၁-လ လောက်ထားကြတယ် ကျနော်က အကြောင်းအမျိုးမျိုးကြောင့် ပျိုးသက် (၄၀)ရက်သား မှ စိုက်ရတယ်ဆိုပါစို့ စပါးမျိုးကလဲ ၁-မျိုးတည်းဆိုပါစို့ အဲ့လို့ဆိုရင်ရော တစ်ခြားပျိုးသက်(၃၀)ရက်သားနဲ့စိုက်တဲ့ သူတွေနဲ့ စပါးမှည့်ချိန်/ရိတ်သိမ်းချိန် အတူတူဖြစ်မှာပါလား (၃)ပြီးတော့ "ဖုံးတုံးလုံးတုံး လောက်စာလုံး" ဆိုတဲ့ စကားပုံကရော ဘာကိုပြောပါလဲခင်ဗျ

Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 1 ခု

ဆရာဒို့ဦးလေးခင်ဗျာ ဆရာနဲ့ ဆရာစိုးမိုးဂျူလှိုင် ကွမ်းအကြောင်း ဆွေးနွေးခန်းမှာ ကွမ်းရွတ်ကို emနဲငါးအမိုင်နိုပဲသုံးပြီး အကြီးအသေး လိုသလို ဖန်တီးနိုင်တယ်လို့ ပြောသွားတာကို နားထောင်လိုက်ရပါတယ် အဲဒါ ဘယ်လို လုပ်ရပါသလဲခင်ဗျာ

Khing Hein • ဖြေကြားချက် 2 ခု

ဒီဆေးကပွင့်ထွေးနိုင်ရဲ့လားဗျ

ကိုလင်းထက်ကျော် • ဖြေကြားချက် 1 ခု

စပါးဈေး

MOUNG AUNG PAING • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။