ရန်ကုန်တိုင်းတွင် ငါးကန်လိုင်စင်ကြေး ပေးသွင်းရန် ကျပ်သိန်း ၁၅၀၀ ကျော်ရှိနေ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးကန်လိုင်စင်ကြေး ပေးသွင်းရန်အတွက် အကြွေးရရှိရန် ငွေကျပ်သိန်း ၁၅၀၀ ကျော်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အဆိုပါ ငါးကန်လိုင်စင်ကြွေးငွေ ကျပ်သိန်း ၁၅၀၀ ကျော် တွင် တွံတေးမြို့မှ ကျပ်သိန်း ၁၀၀၀ ကျော်ရှိပြီး ငါးကန် လိုင်စင်ကြေးပေးမဆောင်သူများကို ဥပဒေအရ တရားစွဲအရေးယူသည်အထိ ညွှန်ကြားထားဖြစ်ကြောင်း သိရသည်။
"တစ်ချို့ငါးမွေးကန်သမားတွေ လိုင်စင်ရှိတယ်။ သို့ပေမယ့် သူတိုက ကျွန်တော်တို့ ဌာနကနေ သတ်မှတ်ထားတဲ့ နှစ်စဉ် ကြေးမသွင်းတဲ့အခါကြတော့ အကြွေးစာရင်းပေါ် တယ်။ ဒီအကြွေးစာရင်း ပေါ်နေတဲ့သူတွေက မွေးနေတာလား၊ မမွေးနေတာလားဆိုတာ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့က ကွင်းဆင်းစစ်မှ သိရတယ်။ တကယ်လို့ သူတို့က မွေးနေတယ်ဆိုရင် နိုင်ငံတော်ပေါ်မှာ သူတို့က အကြွေးတွေရှိတဲ့ သူတွေဖြစ်တဲ့အတွက် နိုင်ငံတော်က ဆောင်ရွက်ပေးမယ့် ကိစ္စနဲ့ပတ်သက်ပြီးတော့ အကြွေးကင်းတဲ့ သူတွေဖြစ်ဖို့တော့ လိုအပ်တာပေါ့။" ဟု ရန်ကုန် တိုင်းဒေသကြီး ဒုတိုင်းဦးစီးမှူး ဦးလှဌေးက ပြောသည်။
ထို့အပြင် တရားမဝင်တူးဖော်ထားသော ငါးကန်များကို ဒဏ်ကြေးငွေ ကျပ်သုံးသောင်ရိုက်၍ တရားဝင်လုပ်ကိုင်ခွင့်ပြုမည်ဟု စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပြောကြားထားသော်လည်း ငါးကန်လိုင်စင်ကြေး ပေးဆောင်ထားခြင်းမရှိဘဲ ဒဏ်ငွေအနည်းငယ်သတ်မှတ်သည့်အချိန်မှ လာရောက်သော ငါးကန်များကို လက်သင့်မခံနိုင်ကြောင်း သိရသည်။
ငါးလုပ်ငန်းဦးစီးဌာနသည် ငါးကန်လိုင်စင်ကြေးကို တစ်ဧကလျှင် တစ်နှစ်စာအတွက် ငွေကျပ် ၃၀၀၀ ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယင်းကျန်ရှိနေသော လိုင်စင်ကြေးများကို ပြန်လည်ပေးဆပ်လိုပါက သက်ဆိုင်ရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနများသို့ ဆက်သွယ်ပေးဆောင်နိုင်ကြောင်း သိရသည်။
"ရန်ကုန်မှာ သိန်းထောင်ကျော် ရှိတယ်ဆိုတာက နှစ်ကာလကြာလာတာပါ။ အဲ့ဒါကို ကျွန်တော်တို့က မနှစ်က ပြန် လည်ပြီးတော့ အသေးစိတ်စစ်လိုက်တဲ့အခါ ဒါတွေက ပေါ်လာတဲ့ အတိုင်းအတာပါ။ အခုလည်း ကျွန်တော်တို့ ရသလောက်တော့ ကောက်နေတယ်။ တစ်နှစ်ကို သိန်းတစ်ရာကနေ သိန်းငါးရာအထိ အကြွေးဝင်အောင်ပေါ့။ အခု လက်ရှိကောက်နေတဲ့ ပိုက်ဆံမဟုတ်ဘူး။ အကြွေးကိုတော့ ရအောင်ကောက်နေတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဒီအကြွေးက ကျေသွားမယ်လို့ ထင်ပါတယ်။" ဟု ဦးလှဌေးက ပြောသည်။
လက်ရှိအချိန်တွင် လိုင်စင်ကြေးပေးသွင်းရန် ကျန်ရှိနေသေးသော အကြွေးများကို တစ်နှစ်လျှင် သိန်း ၁၀၀ မှ သိန်း ၅၀၀ ရရှိအောင် ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သို့ ငါးကန်လိုင်စင်ကြေး ပေးဆောင်ရန်အတွက် နှစ်ကြာရှည်သည့် ငါးကန်များအနေဖြင့် လိုင်စင်ပျက်ပြယ်သွားမည်ဖြစ်ပြီး လိုင်စင်ကြေးပေးဆောင်ရမည့် ငါးကန်များကို နို့တစ်စာများ ပေးပို့ထားကြောင်း သိရသည်။
"ဒဏ်ငွေ သုံးသောင်းရိုက်မယ်လို့ အမိန့်ထွက်လာရင် သုံးသောင်း ဒဏ်ငွေရိုက်ခံဖို့ ငါးဦးစီးရဲ့ ထောက်ခံချက်လာယူတဲ့အချိန်မှာ မွေးမြူရေးဆိုင်ရာ အခွန်အခတွေ ပြေကျေပြီးတဲ့လူ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်လေး ထုတ်လိုက်ရင် သဘောကတော့ အကြွေးရှိရင် အကြွေးဟောင်းအရင်ဆပ်ပေါ့။ စကားအဓိပ္ပါယ်ကတော့ အတူတူပါပဲ။ ဒါမှမဟုတ် စာအနေနဲ့ နိုင်ငံတော်ကို ပေးသွင်းရမယ့် အခွန်အခတွေ ပြေကျေအောင် ပေးသွင်းပြီးတဲ့ သူတွေကိုပဲ ထောက်ခံပေးမယ်လို့ ပြောလိုက်လို့ရှိရင်တော့ ရှင်းသွား တာပေါ့။ အဲ့ဒါက အငြင်းပွားဖွယ်တော့ မရှိပါဘူး။ ဒါကလည်း လုပ်ရမယ့် လုပ်ငန်းဖြစ်တယ်။" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မွေးမြူရေးငါးကန်၊ ပုစွန်ကန် ဧကပေါင်း ၈၀၀၀၀ ကျော်ရှိပြီး တရားဝင်ငါးကန်၊ ပုစွန်ကန်ပေါင်း ၄၀၀၀၀ ဝန်းကျင်ရှိပြီး ကျန်ဧကပေါင်း ၄၀၀၀၀ ကျော်မှာ တရားမဝင် ငါးကန်၊ ပုစွန်ကန်များဖြစ်ကြောင်း သိရသည်။
အေးအေးမြင့် (ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026