ဥ,ဥနှုန်းနှင့် ဈေးကွက်ကောင်းမွန်သော်လည်း ဘဲစာဖိုးဈေးတက်နေ
ပြည်တွင်းရှိ ဘဲမွေးမြူရေးလုပ်ငန်းများတွင် ဥစားဘဲမွေးမြူသူများအနေဖြင့် ဘဲဥဥနှုန်းကောင်းမွန်ပြီး ဈေးကွက်ဝယ်လိုအားရှိနေသော်လည်း အစာဖိုးများ ဈေးတက်နေသည့် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။
အခုလက်ရှိမှာ ဘဲဥဈေးကွက်ကတော့ မဆိုးဘူး။ ဘဲဥ ဥနှုန်းကလည်း ကောင်းပါတယ်။ အစာဈေးတွေတော့ ကြီးနေတယ်။ အသင့်စား အစာတောင့်တွေကတော့ (ထုတ်လုပ်တဲ့နိုင်ငံ/ထုတ်လုပ်တဲ့ကုမ္ပဏီ/တံဆိပ်) အများကြီး ရှိနေတာပဲ။ ကိုယ်မွေးမြူတဲ့နေရာနဲ့ နီးစပ်ရာ ဝယ်လို့လွယ်တာကိုပဲ အဓိကထားသုံးကြတာပါ။ ဘဲစာက နေ့စဉ်ကျွေးရပါတယ်။ တစ်နေ့ ဘယ်နှကြိမ်ကျွေးပေးရမလဲ ဆိုတာကတော့ ကိုယ်ကျွေးတဲ့အစာအမျိုးအစားပေါ်လည်း မူတည်ပါတယ်။
ဟု မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်မှ ဘဲမွေးမြူရေးလုပ်ကိုင်သူ ကိုအောင်ကိုဦး က ပြောသည်။
ဘဲစာကျွေးမွေးရာတွင် အသင့်ကျွေးစာနှင့် ရောစပ်ကျွေးစာဟူ၍ (၂) မျိုးရှိပြီး၊ အသင့်ကျွေးစာကို ဝယ်ယူကျွေးမွေးပါက အစာဖိုးအားဖြင့် တစ်ပိဿာလျှင် ငွေ (၁၀၀၀) ကျပ်ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။
ကျွန်တော်ကတော့ ရောစပ်စာပဲ ကျွေးပါတယ်။ ရောစပ်စာနဲ့ ကျွေးမွေးမယ်ဆိုရင် အစာဖိုး တစ်ပိဿာကို ရှစ်ရာကျပ်လောက်ပဲ ကုန်ကျတယ်။ ကိုယ့်နိုင်ငံအနေနဲ့က ကုန်ကြမ်းအလွယ်တကူ ဝယ်ရနေတာပဲဆိုတော့ ရောစပ်စာကျွေးမွေးရတာ အဆင်ပြေပါတယ်။ အစာဝယ် အစာစပ်ရတာလေးပဲ အလုပ်ကရှိတာလေ။ ရာသီပေါ် မိမိဒေသထွက် ကုန်ကြမ်းကို ဈေးအသင့်အတင့်နဲ့ရရင်တော့ ရောစပ်စာကျွေးတာက သင့်တော်တယ်။ ကုန်ကြမ်းဝယ်ရခက်ခဲပြီး ဈေးကြီးတဲ့အရပ်ဒေသက ဘဲမွေးမြူသူဆိုရင်တော့ အသင့်ကျွေးစာကို ကျွေးသင့်ပါတယ်။ တချို့ဒေသတွေက မလွယ်ကူကြဘူး။ လမ်းပန်းဆက်သွယ်ရေးတို့ ကုန်ကြမ်းမထွက်တာတို့ ရှိနိုင်တာပေါ့။
ဟု ကိုအောင်ကိုဦးက ဆက်လက်ပြောသည်။
ရောစပ်စာ ကျွေးမွေးရာတွင် ထည့်သွင်းရသည့် အစာကုန်ကြမ်းများမှာ ဆန်ကွဲ(ဇကွဲ)၊ ဖွဲနု၊ ပြောင်း စသည့်တို့ဖြစ်ပြီး ရာသီပေါ်ကုန်ကြမ်းများကို ကုန်ကြမ်းဈေးအတက်အကျအလိုက် ချိန်ဆကျွေးမွေးသင့်ကြောင်း သိရသည်။
Toe
လွန်ခဲ့သော ၁၀ လ ကကုန်ကျစရိက်သက်သာမဲ့ဘဲဥစာစပ်နည်းကုန်ကျစရိက်သက်သာမဲ့ဘဲစာစပ်နည်းလေး
AuNGmyO
လွန်ခဲ့သော ၅ နှစ် ကဘဲတစ်ကောင်ဘယ်လောက်ဈေးရှိလဲ
မြင့်ဌေး
လွန်ခဲ့သော ၅ နှစ် ကကြက်မွေးမြူရေးလဲဆွေးနွေးပေးစေချင်ပါတယ်ကျေးဇူးတင်ပါတယ်
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကအသားတိုးဝက် မွေးမြူခြင်းနဲ့ ပတ်သက်ပြီး ဖေါ်ပြပေးစေချင်တယ်
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....