ရန်ကုန်မြို့ရှိ ကြက်သားစားသုံးမှု (၄) ရာခိုင်နှုန်းကို အေးခဲကြက်သားများတင်သွင်းမည့်ကိစ္စ ပြည်လည်သုံးသပ်ပေးရန် တင်ပြတောင်းဆိုထား
ရန်ကုန်မြို့ရှိ ကြက်သားစားသုံးမှု၏ (၄) ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများမှ အေးခဲကြက်သားများ တင်သွင်းမည့်အစီအစဉ်ကို ပြည်လည်သုံးသပ်ပေးရန်အတွက် မြန်မာနိုင်ငံ အသားတိုးကြက်မွေးမြူထုတ်လုပ်သူများအစုအဖွဲ့ မှ တင်ပြတောင်းဆိုထားကြောင်း သိရသည်။
ပြည်တွင်းစက်ရုံတွေမှာလည်း နေ့စဉ်ထုတ်လုပ်မှုတွေရှိနေပါပြီ။ အေးခဲကြက်သားလုပ်ဖို့ အဓိကလိုအပ်တာက သန့်ရှင်းလတ်ဆတ်ဖို့နဲ့ ဘတ်တီးရီးယားကင်းစင်ဖို့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အသားဖြစ်ဖို့ပါ။ စက်တွေနဲ့ သန့်ရှင်းစွာထုတ်မယ်၊ အေးခဲမယ်၊ ပါကင်ထုတ်ပိုးမယ်၊ ဈေးကွက်ကိုပို့မယ် စတဲ့စနစ်တွေကို ပြည်တွင်းမှာလည်း လုပ်နိုင်နေပါပြီ။ ပြည်ပကနေ လိုအပ်မယ်ဆိုရင်တောင်မှ အနည်းအကျဉ်းလောက်ပဲ။ ပမာဏများများတင်သွင်းဖို့အထိ မလိုအပ်ပါဘူး။ ပြည်ပကနေမတင်သွင်းဘဲ ပြည်တွင်းမှာရှိတဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို ပိုတိုးတက်လာအောင် လုပ်ပေးစေချင်ပါတယ်။ ဒါမှလည်း ပြည်တွင်းက မွေးမြူရေးလုပ်ကိုင်သူတွေကို အားပေးရာလည်း ရောက်မယ်။ နိုင်ငံရဲ့မွေးမြူရေးစနစ်လည်း အလျင်အမြန်ပြောင်းလဲလာမယ်။
ဟု မြန်မာနိုင်ငံ အသားတိုးကြက်မွေးမြူထုတ်လုပ်သူများအစုအဖွဲ့ ဥက္ကဌ ဒေါက်တာကျော်ဝင်းက ပြောသည်။
ပြည်ပနိုင်ငံများမှ အေးခဲကြက်သားများကို တင်သွင်းသည့်ပမာဏ များပြားလာပါက ပြည်တွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအတွက် ထိခိုက်နစ်နာမှု များပြားလာနိုင်ကြောင်း မြန်မာနိုင်ငံ အသားတိုးကြက်မွေးမြူထုတ်လုပ်သူများအစုအဖွဲ့မှ သိရသည်။
အခု တင်သွင်းမယ်ဆိုတဲ့ပမာဏက ကြက်ကောင်ရေ ငါးသိန်းအင်အားနဲ့ ညီမျှတဲ့ပမာဏပါ။ အခုလို COVID ကာလမှာ အဲ့ဒိလောက်အထိလည်း မလိုအပ်ပါဘူး။ ကျွန်တော်တို့ဖြစ်စေချင်တာက အလွန်ဆုံးမှ ၁ % လောက်ဆို မျှတသေးတယ်။ ပြည်တွင်းကမွေးမြူသူတွေကို မထိခိုက်ဘူးပေါ့နော်။ အခုကျတော့ တင်သွင်းမယ့်ပမာဏက အရမ်းများနေတာပါ။ City Mart တို့လိုနေရာမှာ ရောင်းချနေတဲ့ အေးခဲကြက်သားကို စားသုံးတဲ့လူဦးရေက ရန်ကုန်မြို့တစ်မြို့လုံးမှာရှိတဲ့ စားသုံးသူရဲ့ ၁၀ % လောက်ပဲရှိတာပါ။ အခုက ၄ % တောင် တင်သွင်းမယ်ဆိုတော့ ပြည်တွင်းဈေးကွက်က ထုတ်လုပ်သူတွေရဲ့ ထုတ်လုပ်မှု ၅၀ % ကျော်လောက်ကို ထိခိုက်နစ်နာသွားနိုင်ပါတယ်။
ဟု ဒေါက်တာကျော်ဝင်းက ဆက်လက်ပြောသည်။
ပြည်တွင်း ကြက်သားထုတ်လုပ်မှုအခြေအနေများ၊ အေးခဲကြက်သားထုတ်လုပ်နိုင်စွမ်းပမာဏနှင့် အခြေအနေများ အသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့အစည်း ဌာနအဆင့်ဆင့်ထံသို့တင်ပြ၍ ပြန်လည်သုံးသပ်ပေးပါရန် စက်တင်ဘာလ ၂၄ ရက်က စတင်တောင်းဆိုထားကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
kyawthet
လွန်ခဲ့သော ၅ နှစ် ကဈေးနှုန်း နဲ့ ပစ္စည်းအရည်အချင်းလည်း အရေးကြီးပါတယ် ပြည်တွင်းဖြစ်ကဈေးကြီးမယ် အရည်အချင်းမကောင်းရင် စားသုံးသူတွေအတွက်လည်းစဉ်းစားပေးရမှာ ဈေးကွက်က ပြိုင်နေရမှာ တဦးတည်းအမြတ်ရဖို့မကောင်းဘူး
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022