ရေလုပ်ငန်းအပေါ် မှီခိုင်လုပ်ကိုင်နေရသည့် အလုပ်သမား အခက်အခဲရှိ၍ လာမည့်နှစ်များ၌ Close Season ကို ၃ အစား ၂ လသာ ပိတ်သိမ်းပေးရန် တောင်းဆို
Close Season ကို ၃ လ ပိတ်သိမ်းခြင်းကြောင့် ရေလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေရသော အလုပ်သမားအနေဖြင့် ယင်း ငါးမဖမ်းရရာသီတွင် လုပ်ငန်းရပ်ထားရ၍ အခက်အခဲများ ကြုံတွေ့ရခြင်းကြောင့် လာမည့်နှစ်များ၌ Close Season ကို ၃ လအစား ၂ လသာ ပိတ်သိမ်းပေးရန် တောင်းဆိုခဲ့ကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းချသူများအသင်း အထွေထွေ အတွင်းရေးမှူးဦးထွန်းစိန်က ပြောသည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ ဇူလိုင်လ ၉ ရက်က ကျင်းပပြုလုပ်သည့် ၁၂/၂၀၁၉ ကြိမ်မြောက် ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဒီနှစ်က လုံးဝပိတ်လိုက်တဲ့အတွက် တော်တော်အခက်အခဲ တွေ ဖြစ်နေပါတယ်။ လုပ်ငန်းရှင်တွေက သိပ်ထိခိုက်နစ်နာမှု မရှိပေမယ့် အဲ့ဒီလုပ်ငန်းရှင်အပေါ်မှာ မှီခိုစားသောက် နေရတဲ့ ဝန်ထမ်းတွေ သူတို့ရဲ့ သားသမီးတွေ ပညာရေးကအစ ထိခိုက်နစ်နာတဲ့အတွက် ကျွန်တော်တို့ တောင်းဆိုချင်တာကတော့ နောင်နှစ်တွေမှာ ၃ လအစား ၂ လပဲ ပိတ်ပေးပါလို့ " ဟု ဦးထွန်းစိန်က ပြောသည်။
ယင်းကဲ့သို့ Close Season အား သုညရာခိုင်နှုန်းအဖြစ် ဇွန် လမှ သြဂုတ်လအထိ ပိတ်သိမ်းလိုက်ခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် ထိခိုက်နစ်နာမှုသိပ်မရှိသော်လည်း ယင်းတို့အပေါ် မှီခိုလုပ်ထိုင်နေရသော ဝန်ထမ်းများအား ထိခိုက်နစ်နာမှုရှိသဖြင့် Close Season ကို ၃ လအစား ၂ လပိတ်ပေးရန်အတွက် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ငါးဖမ်းလုပ်ငန်းနှင့် ပတ်သက်၍ Baseline မရှိသဖြင့် စီးပွားဖြစ်ထုတ်လုပ်သော ပင်လယ်ငါးများသည် မည်သည့်လတွင် မျိုးပွား၍ မည်သည့်လတွင် သားပေါက်သည်ကို Gonadal Somatic Index (GSI) အား ကြည့်ရမည်ဖြစ်သော်လည်း လက်ရှိတွင် ယင်း GSI နှင့် ပတ်သက်ပြီး သုတေသန လုပ်ဆောင်းခြင်းမရှိသဖြင့် Jetty များတွင် ပင်လယ်ငါးအမယ်ပေါင်း ၂၀ ကို သုတေသနလုပ်သင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
"ဒီနှစ်မှာ သုံးလပိတ်လိုက်တဲ့အတွက် ဘာကောင်းကျိုးတွေ ဖြစ်လာလဲဆိုတာ ကြည့်ရမယ်။ သုံးလပိတ်လို့ ကောင်းကျိုးအများကြီးဖြစ်တယ်ဆိုရင် သုံးလပိတ်သင့်တယ်။ ဒါပေမယ့် အရမ်းကြီးသိပ်မထူးရင်တော့ စဉ်းစားရမယ်။ အခုက ရေချိုငါးရဲ့ ငါးသားပေါက်တဲ့ ရာသီနဲ့ ပိတ်တာဖြစ်တယ်။ ပင်လယ် ငါးက ဘယ်အချိန်ဆိုတာမသိဘူး။ ဒါကြောင့် သုတေသနတွေ လုပ်ရမယ်။ စီးပွားဖြစ်လုပ်တဲ့ ငါးတွေက ဘယ်လမှာ မျိုးပွားမှုကောင်းလဲဆိုတာ သုတေသန မရခင်တော့ ကိုယ်မှန်းပြီး လုပ်ထားတာနဲ့ပဲ လုပ်ရမှာပေါ့။" ဟု မြန်မာနိုင်ငံ ငါးလုပ် ငန်းအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
ငါးသယံဇာတ ထိန်းသိမ်းကာကွယ်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ နှစ်စဉ်ငါးမဖမ်းရ ရာသီ အဖြစ် သုံးလသတ်မှတ်ကာ ငါးဖမ်းသင်္ဘောများကို ရာခိုင်နှုန်းအလိုက် သတ်မှတ်၍ ငါးဖမ်းခွင့်ပေးလျက်ရှိပြီး ၂၀၁ ၈ ခုနှစ် Close Season ကို မေလ ၁၆ ရက်မှ သြဂုတ်လ ၁၅ ရက်အထိ သတ်မှတ်၍ ကမ်းဝေးငါးဖမ်းသင်္ဘောများ ၂၀ ရာခိုင်နှုန်းအထိ ဖြေလျော့ဖမ်းဆီးခွင့်ပြုခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ကမ်းနီး/ကမ်းဝေး ပင်လယ်ငါးဖမ်းလုပ် ငန်းရှင် အများအပြားရှိပြီး လက်ရှိမြန်မာနိုင်ငံတွင် ကမ်းဝေးငါးဖမ်းရေယာဉ်အစီးရေပေါင်း ၃၀၀၀ ကျော်ရှိကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026