ပုစွန်ဆိတ် တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင်ရှိနေမှုကြောင့် ပြည်တွင်းစားသုံးမှုနှုန်း လျော့ကျလာ
ပြည်တွင်း ရေထွက်ကုန် ဈေးကွက်တွင် ပုစွန်အမျိုးအစားအားလုံး၏ ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ဝယ်လိုအားနှင့် စားသုံးမှုနှုန်း သိသိသာသာ လျော့ကျလာသည့် အခြေအနေရှိကြောင်း ပုစွန်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်
ရေချိုပုစွန်ထုတ်၊ ဘောဂျိတ်၊ ရွှေနီ (ဒေသအခေါ် ပုစွန်ခေါင်းပြုတ်)၊ ကျားပုစွန်၊ ပုဇွန်ဆိတ်၊ မြစ်ပုစွန်ထုတ်အဖြူ စသည့် ပုစွန်အမျိုးအစားအားလုံး ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပြီး အမျိုးအစားအလိုက် တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ မှစ၍ ကျပ် ၈၀,၀၀၀ အထက်အထိ ဈေးရှိသည်။ ဈေးတန်းအမြင့်ဆုံးမှာ ရေချိုပုစွန်ထုတ်ဖြစ်ပြီး၊ ဈေးအနည်းဆုံးမှာ ပုစွန်ဆိတ်ဖြစ်သည်။
ပြည်မြို့မှ ငါး/ပုစွန် ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက "ပုစွန်ထုတ်က လူတိုင်းမစားနိုင်ကြဘူး။ တစ်ဆယ်သားကို ၄,၀၀၀ ကျော် ၅,၀၀၀ အနိမ့်ဆုံးရှိတယ်။ အဲဒါက တစ်ပိဿာကို ၇ ကောင် ၈ ကောင်ဆိုက်တွေပါ။ ဈေးမြင့်တော့ စားသုံးမှုနည်းတယ်။ နည်းတော့ ရောင်းအားကျတာပေါ့" ဟု ပြောကြားသည်။
လက်ရှိတွင် ရေချိုပုစွန်ထုတ်သည် အကောင်အရွယ်အစားပေါ်လိုက်၍ တစ်ပိဿာလျှင် ကျပ် ၄၅,၀၀၀ မှ ၈၀,၀၀၀ အထက် ထိ ဈေးရှိနေပြီး၊ ရေချိုဘောဂျိတ်ပုစွန်ကလည်း တစ်ပိဿာကို ကျပ် ၆၀,၀၀၀ ခန့်အထိ ဈေးရှိသည်။ ရွှေနီ ပုစွန်ခေါင်းပြုတ်က တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀ ဝန်းကျင်၊ ပုစွန်ဆိတ်ကတော့ တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ နှင့် မြစ်ပုစွန်ထုတ်အဖြူက ကျပ် ၅၀,၀၀၀ ခန့် အသီးသီးရှိကြောင်း သိရသည်။
စားသုံးသူပြည်သူတစ်ဦးက "အရင်ကဆို ပုစွန်ထုတ် အကောင်ကြီးမှ ၄,၀၀၀ ဈေးလောက်ရှိတာ။ အခုကျတော့ အသေးတောင် ၅,၀၀၀ ဖြစ်သွားတယ်" ဟု ဆိုသည်။

ပုစွန်သည် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် ဘက်တို့မှ အဓိက ထွက်ရှိသလို ပြည်တွင်းတွင်လည်း မွေးမြူရေးကန်များဖြင့် မွေးမြူရောင်းချလျက်ရှိသည်။
လက်ရှိ ပြည်တွင်းဈေးကွက်တွင် စားသောက်ဆိုင်များ၊ ဟော့ပေါ့ဆိုင်၊ မူကထဆိုင်၊ ထမင်းဆိုင်များ အများစုကသာ ပုစွန်ကို ဝယ်ယူမှုရှိနေသည်။
ပြည်ပတင်ပို့မှုအနေဖြင့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်း၊ ဂျပန် စသည့် နိုင်ငံအချို့ကို ပုစွန် တင်ပို့မှုရှိနေပြီး ယခုနှစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ မေလမှ စက်တင်ဘာလအတွင်း ပြည်ပသို့ ပုစွန်တန်ချိန် ၃၇၄၀.၅၅၃ တန် တင်ပို့ခဲ့ရာ အမေရိကန်ဒေါ်လာ ၁၀.၄၈၅ သန်း ရရှိခဲ့ကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မွေးမြူရေးသတင်း
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....