အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အိန္ဒိယက မျိုးမြှင့်တင် ငါးမြစ်ချင်းသားပေါက်များ မှာယူတင်သွင်းခွင့်ရဖို့ ငါးမွေးမြူရေးလုပ်ငန်းရှင်များတောင်းဆို

အိန္ဒိယက မျိုးမြှင့်တင် ငါးမြစ်ချင်းသားပေါက်များ မှာယူတင်သွင်းခွင့်ရဖို့ ငါးမွေးမြူရေးလုပ်ငန်းရှင်များတောင်းဆို

Green Way
Green Way • Greenovator • 28/06/2019

အိန္ဒိယနိုင်ငံမှ မျိုးအဆင့်မြင့် မြှင့်ထားတဲ့ ရေချိုငါးမြစ်ချင်း မျိုးငါးသားပေါက်များ G to G စနစ်ဖြင့် မှာယူတင်သွင်းခွင့်ရရှိနိုင်ရန် မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနထံ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။ 

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဇွန်လ ၂၈ ရက်က ကျင်းပပြုလုပ်သည့် ၁၁/၂၀၁၉ ကြိမ်မြောက် ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

“အိန္ဒိယနိုင်ငံမှာ ငါးမြစ်ချင်းကို မျိုးမြှင့်ထားတယ်။ အခုမျိုးမြှင့်တင်ထားတဲ့ ငါးသားပေါက်တွေ ရရှိနေပြီ။ ဒါကို ကျွန်တော်တို့အနေနဲ့ ဝယ်ယူတင်သွင်းလို့ ရနိုင်မလား။ ရနိုင်မယ်ဆိုရင် ကျွန်တော်တို့ မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် များစွာအဆင်ပြေပါတယ်။ ဒါကို လုပ်ငန်းရှင်တွေအနေနဲ့ ဝယ်ယူခွင့်မရှိဘဲ အစိုးရချင်း G to G ဖြစ်တဲ့ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့  ချိတ်ဆက်ပြီးမှ ဝယ်ယူ တင်သွင်းခွင့်ရရှိမှာဖြစ်တယ်။ ဒါကို တင်ပြတာပါ။” ဟု မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း ဒုတိယ ဥ က္ကဋ္ဌ ဒေါက်တာ မြင့်ဆွေက ပြောသည်။ 

အိန္ဒိယနိုင်ငံ၏ ရေချိုငါးသုတေသနဌာနမှ အဆင့်မြှင့်တင်ထားသော ငါးမြစ်ချင်းငါးအမျိုးအစားသည် မြန်မာနိုင်ငံရှိ ငါးမြစ်ချင်းငါးမျိုးစေ့ထက် ကြီးထွားနှုန်း ၁ ဆခွဲမက ရှိနေခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ငါးသားပေါက် မျိုးစေ့နည်းပညာသစ်ကို စတင်အကောင်အထည်ဖော်မွေးမြူနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

“ဒီ မျိုးစေ့ နည်းပညာအပြောင်းအလဲလေးကို ယူလို့ရတယ်ဆိုရင် ကောင်းပါတယ်။ အိန္ဒိယက ငါးမြစ်ချင်းကို အဓိကထားမွေးမြူရေးလုပ်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် ငါးရောဂါ ရှိ၊ မရှိ နောက်ပြီး မျိုးမြှင့်တင်ဆောင်ရွက်မှုတွေကို တစိုက်မတ်မတ်နဲ့ လုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်တယ်။ နော်ဝေးနိုင်ငံရဲ့ နည်းပညာကို သူတို့က ရရှိထားတယ်။ ငါးမြစ်ချင်းက ၃ နှစ်နေမှ တစ်ကြိမ် မျိုးမြှင့်လို့ရတယ် ။ အရင် တစ်ပိဿာရှိတဲ့ငါးက အခုဆိုရင် ၁ ပိဿာခွဲရှိတဲ့ အနေအထားမျိုးဖြစ်သွားပြီ။ ဒါကို မွေးမြူနိုင်မယ်ဆိုရင် အကျိုးအမြတ် များစွာရှိနိုင်တယ်။” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောသည်။

အိန္ဒိယနိုင်ငံ၏ မျိုးအဆင့်မြင့်မြှင့်ထား ငါးမြစ်ချင်းငါးသားပေါက်များကို တင်သွင်းမှာယူခွင့်ရရှိရန်အတွက် သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိုင်းမှူး ဦးလှဌေးက ပြောသည်။ 

ထို့အပြင် အိန္ဒိယမှ အဓိကမှာယူတင်သွင်းခွင့် မရခင်အချိန်ထိ ငါးမွေးမြူရေးလုပ်ငန်းရှင်များသည် မွေးမြူပုံနည်းစနစ်များ၊ ရေမြေအခြေအနေတို့အပြင် ဈေးကွက်အခြေအနေကိုလည်း ကြိုတင်တွက်ဆပြင်ဆင်ရန် လိုအပ်ကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 

You

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။