မြေမဲ့အစက်ချစိုက်ပျိုးနည်း ( Hydroponic)
လိုအပ်သော ပစ္စည်းများ
- စင်ဆောက်ရန် တိုင်များ၊ဝါးများ၊သံများ
- ရေပုံးနှစ်ပုံး
- PVC ပိုက် ၁၀ ပေ (၄) လုံး (သုံးမတ်ပိုက်)
- ဆီပိုက် ၄၀ ပေ (၈မီလီမီတာ)
- ပိုက်ပိတ် (၂) ခု
- PVC ပိုက်ထိန်းကွင်း (၆) ခု
- အဖိုရစ် တစ်ခု
- အမရစ် တစ်ခု
- ရေဘား တစ်ခု
- အစက်ချခေါင်း (၁၄) ခု
- ဆင်ကော် (Super glue) နှစ်ဘူး
စိုက်ပျိုးစရာမြေမရှိလို့ပဲဖြစ်ဖြစ်၊ အိမ်ဝိုင်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလိုသည်ဖြစ်ဖြစ် မြေမဲ့အစက်ချစိုက်ပျိုးနည်းသည် အသင့်တော်ဆုံးဖြစ်ပါသည်။ ပထမဦးစွာ စင်ဆောက်ရပါမည်။ အလျား ၁၀ ပေခွဲ၊ အနံ ၇ ပေရှိရပါမည် ( အလျားနှင့် အနံသည် နေရာအဆင်ပြေ သလိုဆောက်နိုင် ပါသည်)။ စင်ကို လျှောစောက် ၂၀ ဒီဂရီစောင်း၍ ဆောက်ရပါမည်။ စင်တွင် ရေသန်ဗူး၉လုံးဆက် ၁၄ တန်းရှိရပါမည်။ စင်၏ အကျယ်ပေါ်တွင်မူတည်၍ ရေသန့်ဗူးများကို အဆင်ပြေသလိုထည့် နိုင်ပါသည်။ အလယ်တွင် လူဝင်ရန် ချန်ထားရပါမည်။ ရေသန်ဗူးများကို ပုံတွင်ပြထားသည့်အတိုင်း တစ်ဗူးရဲ့ဖင်ပေါက်ထဲကို တစ်ဗူးရဲ့ခေါင်းသွတ်ပြီး ဆက်ရပါမည်။ ထို့အပြင် ရေသန်ဗူး တစ်ဗူးတွင် ဝမ်းဗိုက်ကို ၄၀ မီလီမီတာ အကျယ် အပေါက်နှစ်ပေါက် ဖောက်ရပါမည်။ ထိုအပေါက် ထဲတွင် စပါးခွံဖွဲပြာကို ရေးဆေး၍ ထည့်ရပါမည်။ သဲများမပါစေရန် ဖြစ်ပါသည်။ စပါးခွံ ဖွဲပြာအစား လွှစာမှုန့်များ အသုံးပြုနိုင်ပါသည်။ ထို့နောက် ရေသန့်ဗူးများကို ဝါးခြမ်းတန်းပေါ်တွင် ကပ်၍ ချည်ထားရပါမည်။


ကော်ပုံးတစ်ပုံးကို အောက်ခြေတွင် အပေါက်ဖောက်၍ အဖိုရစ် အမရစ်နဲ့ ပြန်ပိတ်ရပါမည်။ PVC ပိုက်တွင် ဆီပိုက်တပ်ရန် (၈) လက်မခွာ၍ အပေါက်(၁၄)ပေါက်ဖောက်ရပါမည်။ ပိုက်၏ တစ်ဖက်ကို ပိုက်ပိတ်ဖြင့် ပိတ်ထားရပါမည်။ ဆီပိုက်ကို (၇) လက်မအရှည် (၂၈)ချောင်းဖြတ်ပါ။ ၁၄ ချောင်းကို အစက်ချခေါင်း ၁၄ ခုတပ်ပါ။ ထိုဆီပိုက်များကို PVC ပိုက်တွင် ဖောက်ထားသော အပေါက်ထဲသို့ထည့်၍ ဆက်ပါ။ ကော်ပုံးထဲက ရေကို ဆီပိုက်မှ တစ်ဆင့် ရေသန့်ဘူးများဆီသို့ တစ်ဆင့်ချင်း ရောက်သွားပါမည်။ ရေကို တစ်စက်ချင်းစီချ ရပါမည်။ ပုံးထဲသို့ထည့်သော ရေထဲ တွင် အမှိုက်များ၊ သဲများ မပါစေရန် အလွန်အရေးကြီးပါသည်။ ပါခဲ့လျှင် အစက်ချခေါင်းတွင် ပိတ်နေနိုင်ပါသည်။


ကျန်သော ဆီပိုက် ၁၄ ချောင်းကို ရေသန့်ဗူးတန်းအဆုံးတွင် ပုံတွင်ပြထားသည့်အတိုင်း ရေသန့်ဗူးပိတ်နှင့် ဆီပိုက်တပ်ဆင်၍ ရေများကို ကော်ပုံတစ်ပုံးနှင့် ခံယူထားရပါမည်။ ထိုရေများ ကို အပေါ်ရေပုံးထဲသို့ ပြန်ထည့်ပေးပါ။ ထို့သို့ပြုလုပ်ခြင်းအားဖြင့် ရေနည်းနည်းဖြင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်ပါသည်။
ရေသန့်ဗူးပေါ်ရှိ အပေါက်တစ်ပေါက်တွင် အပင်တစ်ပင်စီ စိုက်ပျိုးပါ။ ရေကို မနက် ၆ နာရီမှ ညနေ ၆ နာရီထိ လွှတ်ပေးရပါမည်။ အာဟာရဖျော်ရည်အနေနှင့် မြေသြဇာ ၁၅ ပတ်လည် ၂၀၀ ဂရမ်ကို အပေါ်ပုံးထဲသို့ ရေနှင့်ရော၍ တစ်ပတ်တစ်ကြိမ်ထည့်ပေးပါ။ ထို့အပြင် တီကျစ်စာ ရည်၊ ငါးအမိုင်နိုအက်စစ်၊ EM စသည့်တို့ကိုလည်း အာဟာရ ဖျော်ရည် အနေနှင့် အသုံးပြုနိုင်ပါ သည်။
ရေရှားလို့ပဲဖြစ်ဖြစ်၊ မြေညံ့လို့ပဲဖြစ်ဖြစ် စိတ်ပူရန် မလိုတော့ပါ။ Hydroponic နည်းနဲ့ တစ်အိမ်ဝိုင်းလုံးအပြည့် စိမ်းလန်းစိုပြေစွာ စိုက်ပျိုးနိုင်ပါသည်။
ချမ်းသာဦး
ရန်နိုင်
လွန်ခဲ့သော ၁ နှစ် ကတီကျစ်စာရည် ငါးအမိုင်နိုအက်စစ် Emတို့ကိုရေဘယ်လောက်နဲ့ရောစပ်ပေးရမှာလဲ
Lae Maw
လွန်ခဲ့သော ၃ နှစ် က၁၅ပတ်လည်မဟုတ်ဘဲ ရွက်ဖြန်းမြေသြဇာအရည်တွေရောဖြန်းလို့ရလား
ဘကြီးဖိုး
လွန်ခဲ့သော ၃ နှစ် ကled မီးသုံးလို့ရပါတယ် အခန်းတွေဆိုရင်ပေါ့
ဦးဗိုလ်ဗိုလ်မြင့်
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးတင်ပါသည်
ကျော်ဇင်
လွန်ခဲ့သော ၅ နှစ် ကအပင်တွေ အပေါ်က အမိုး မိုးပေးရပါလားခဗျာ နေရောင် ရရန်လိုပါသလား အိမ်အောက်မှာ စိုက်ရင်ရနိုင်ပါလားခဗျာ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ငရုတ်ကောင်းမျိုး နိုင်ငံခြားမျိုးကောင်းရှိရင် ပြောပြပေး ကြပါ ဧရာဝတီတိုင်းပုသိမ်ဘက်ခြမ်းဆိုပိုအဆင်ပြေတယ်
စောလှထွန်း • ဖြေကြားချက် 1 ခု
စပါးအပင်တွင်းရှိတဲ့ဆစ်ပိုးကိုသေစေဖို့ဘာဆေးသုံးသင်လည်းဗျဆစ်ပိုးသေပီတော့အပင်ပြန်ပြည့်ဖို့အတွက်ဆစ်ပိုးကျတဲ့နေရာကိုပုလဲသုံးပီပက်ရင်ဆင်ပြေလား
ကိုမျိုး • ဖြေကြားချက် 2 ခု
မဂ်လာပါဗျခုနှစ်မှစမ်းစိုက်တဲ့ငရုတ်လေးမိုးများတော့သိပ်မကောင်းဘူးဖြစ်နေပါတယ်ဆရာမိုးတွင်းမစိုက်ပဲနွေရာသီမှာအစက်ချစနစ်နဲ့ခရမ်းချဉ်ဖြစ်ဖြစ်ငရုတ်ဖြစ်ဖြစ်အဆင်ပြေနိုင်လားမသိဘူးဖြစ်နေပါတယ်ရေသွင်းဖို့ကမြေကမညီဖြစ်နေပါတယ် 4/5လပိုင်းလောက်အပေါ်ဆိုနွေဒဏ်ကိုဘယ်သီးနှံကပို့သင့်တော်မလည်းဗျဆောင်းအပေါ်ဆိုကျနော်တို့ဘက်ဈေးသိပ်မရလို့ပါဗျကျေးဇူးတင်ပါတယ်ဗျ
naing lin • ဖြေကြားချက် 1 ခု
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 3 ခု
ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား
ဝင်းမင်းအောင် • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....