ဝက်ငယ်တွေသားခွဲဖို့သိထားသင့်တဲ့ အချက်များ
ဝက်ငယ်တွေရဲ့ အဟာရလိုအပ်ချက်က နို့ပေါ်မှာ မီခိုမနေတဲ့အတွက် အစာလုံလုံရရှိပါက သားခွဲပေးနိုင်ပါတယ်။ ဒါပေမဲ့ မိခင်နဲ့ သားသမီးရဲ့ သံယောဇဥ်ကြောင့် စိတ်ဖိစီးမှုတွေကြုံရနိုင်ပါတယ်။ စောစောသားခွဲလေ ဝက်ငယ်လေးတွေ ပိုခံစားရလေဘဲဖြစ်ပါတယ်။ အာဟာရဖိစီးမှုက ရုတ်တရက် နို့ဖြတ်ခြင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဝက်ငယ်အသက်ငယ်လေ နို့မှရတဲ့ အာဟာရက အရေးကြီးလေပါ။ ဒါဆို ဝက်ငယ်တွေသားခွဲစဥ် စိတ်ဖိစီးမှု နည်းစေရန် အောက်ပါအချက်တွေကို လုပ်ဆောင်သင့်ပါတယ်။
(၁) ရာသီဥတုပူတဲ့ ပတ်ဝန်းကျင်မှာ (၇)ပတ်သား ရောက်မှ သားခွဲသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဝက်ခြံမှာ နည်းပညာမပြည့်စုံခြင်း၊ နို့မှုန့်ဈေးကြီးတဲ့ အတွက် ဝက်ငယ်စာထောက်ပံ့ဖို့ခဲယဥ်းခြင်းနဲ့ အစာတောင့် ပြုလုပ်ရန် မဖြစ်နိုင်အတွက်ကြောင့်ပါ။ ဒီပြဿနာတွေမရှိဘူးဆိုရင်တော့ ၅ပတ်သားအရွယ်ထဲကစပြီး ဂရုတစိုက်နဲ့ သားခွဲပေးနိုင်ပါတယ်။
(၂) သားခွဲရာမှာ ဝက်မကြီးကို လှောင်အိမ်ထဲကနေဖယ်ပေးလိုက်ခြင်းဖြင့် သားခွဲနိုင်ပါတယ်။ ဝက်ငယ်တွေကို ခြံထဲမှာ ၁ပတ်လောက်ထားပေးရမယ်။ ပထမဆုံး ၂ရက်ကတော့ အစာစားနှုန်း အတူတူဘဲဖြစ်တဲ့အတွက် ၃ရက်မြောက်နေ့မှာ ဝက်ငယ်စာနဲ့ ဝက်လတ်စာ ကိုရောကျွေးရပါမယ်။ နေ့စဥ် ဝက်လတ်စာကို တိုးကျွေးနေပြီးတော့ တစ်ပတ်အကြာမှာ ဝက်ငယ်တွေကို ဝက်လတ်ခြံထဲကို ပြောင်းထည့်ပေးရပါမယ်။
(၃) ဝက်လှောင်အိမ်ကို ဝက်ငယ်တွေမထည့်ခင် ၁၅ရက်ခန့်ဘားမှမထည့်ဘဲ သန့်ရှင်းရေးပြုလုပ် ထားရ
ပါမယ်။
သမပိုင်းဒေသတွေမှာ တစ်ခါတစ်ရံ အသက်(၃)ပတ်မှာ သားခွဲပေမယ့် အပူပိုင်းဒေသထဲမှာတော့ ထည့်သွင်းစဥ်းစားခြင်းမရှိပါ။ ၃ပတ်မှာ သားခွဲမယ်ဆိုရင် အမြင့်ဆုံးအရည်အသွေးရှိတဲ့ နို့အစားထိုးပစ္စည်းတွေလိုအပ်ပါတယ်။
နို့ပေးကာလကြာရှည်ခြင်းက နှစ်စဥ်ဝက်ငယ်သားခွဲ ကောင်ရေကို နည်းစေပါတယ်။ ဒီလိုဖြစ်ရခြင်းက နည်းပညာအသစ်များကို အသုံးချမှုနည်းခြင်းနဲ့လည်းဆက်စပ်မှု ရှိပါတယ်။
အပူပိုင်းဒေသမှာ အသက်ငယ်ငယ်နဲ့ သားခွဲပေးခြင်းက ကြီးထွားမှုကို နှေးစေပြီးသေနှုန်းနဲ့ ရောဂါကူးစက်မှုနှုန်းတို့ကိုပါ မြင့်မားစေပါတယ်။
Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းမှထုတ်ဝေတဲ့ ခေတ်မီ မွေးမြူရေး နည်းပညာများ စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုဖြိုး
လွန်ခဲ့သော ၂ နှစ် ကမင်္ဂလာပါလူကြီးမငိးတို့ ကျွန်တော့်အနေနဲ့ကတော့ မွေးမြူရေးကို ခုမှ ပထမဆူံးလုပ်ဖူးတာပါ။ယခု ဝက်သားပေါက်တွေကျထားပါပီ နို့ခွဲတာနဲ့ တန်းရောင်းထုတ်မှာဆိုတော့ အဲ့အချိန်ရောင်းတဲ့နေရာမှာ ဝက်လေးတွေ အဆင်ပြေပြေ ဈေးကောင်းကောင်းလေးရအောင် ပြုစုပျိုးထောင်နည်းလမ်းကောင်းလေးများရှိရင် ညွှန်ကြားပေးပါဦးဆရာတို့ခင်ဗျ။ကျေးဇူးပါ။
toetoe
လွန်ခဲ့သော ၃ နှစ် ကအမေနို့အလုံအလောက္ရနေလို့ပါ
ဦးဝင်းမြင့်
လွန်ခဲ့သော ၄ နှစ် ကရက်၂၀ သားဝက်ပေါက်ကလေးတွေ အစာကောက်စားတတ်ဖို့သင်တာ အချို့ကောင်တွေက ကောက်မစားကြသေးတာဘာဖြစ်လို့ပါလည်း၊ကျွန်တော်ကအခုမှ သားစဖေါက်တာမို့ပါ။နည်းပညာလေးမျှဝေပါအုံးခင်ဗျာ။
Phyo Wai Aung
လွန်ခဲ့သော ၄ နှစ် ကကျွန်တော်တော့ သားခွဲဝက်လေးတွေကို cp 950 kpနဲ့ စေတနာ EM ကို ရောစပ်ကျွေးပါတယ်။ အစာကို နည်းနည်းနဲ့ ခဏခဏကျွေးပေးပါတယ်။ တစ်ကောင်ကို တစ်အိတ်နှုန်းကျွေးပါတယ်။ cp 950 951 952 တစ်အိတ်နှုန်း ပြီးရင် ရောစပ်စာ cp 751 ကို ဖွဲကြမ်း ၁ အိတ် ဖွဲနုအိတ်တစ်ဝက် ပွိုင့်တစ်အိတ် ရောပီး ကျွေးပါတယ်။ မနက်စာမှာ EM ထည့်ကျွေးပြီး ညနေစာမှာ ငါးအမိုင်နို FAA ထည့်ကျွေးပါတယ်။ သားခွဲပီး ၃လခွဲဆို ကတ္တား 65kg ပျမ်းမျှ နဲ့ ထုတိပါပီ။
Pyae Some
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ သားခွဲစဝက်လေးတွေတတ်နှုန်းကောင်းပြီးကုန်ကျစရိတ်သက်သာအောင်အစာဘယ်လိုကျွေးပြီးဘာဆေးသုံးရမလဲသိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
ဆက်စပ်မေးခွန်းများ
ဝက်ငယ်ကလေးများတွေဖြစ်တက်သော််ရော်ဂါများကိုဖော်ပြပါ။
Tu shan • ဖြေကြားချက် 2 ခု
ပူပြင်းခြောက်သွေ့သောရာသီဥတုတွင် ဆိတ်များကိုဘယ်လိုမွေးမြူသင့်လဲ
Naing Thu Aung • ဖြေကြားချက် 3 ခု
ဝက်မကကြီးတွေအဖြစ်များနေတယ်အစာမစားဘူးဘာရောဂါလဲးဘယ်လိုကာကွယ်ရမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 0 ခု
ကြက်ချေးစိမ်းပါပြီးသေလို့..ဘာဆေးတိုက်ရမလဲခင်ဗျ...ဘယ်လိုကုသရမလဲခင်ဗျ..ဆေးရှိလား...ညွန်ကြားပေးပါ
ဦးကျော်ခိုင် • ဖြေကြားချက် 0 ခု
ကြက်ကို အဟာရာရှိအောင် ကြီးအောင် ဘယ်လိုမွေးရမှလဲ ရောဂါကင်းအောင်
Zin Min Wai • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
More from Green Way
အားလုံး
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026