အပင်များတွင် အဓိက ကျရောက်ရောက်သော ရောဂါများ (Common plant disease) အပိုင်း (၃)
၈။ Smuts - ကြပ်ခိုးမှိုရောဂါ
ရောဂါဖြစ်စေသောအကြောင်းအရာ - မှိုကြောင့်ဖြစ်ပြီး များသောအားဖြင့် မြက်ပင်၊ နှံစားသီးနှံများ၊ ပြောင်းပင် ( grasses, grains, corn) တို့တွင် ကျရောက်သည်။
ကာကွယ်နှိမ်နင်းနည်း
- ရောဂါဒဏ်ခံနိုင်ရည်ရှိသောအပင်များကို စိုက်ပျိုးပါ။
- သီးလှည့်စိုက်ပျိုးပါ။
၉။ Leaf spots : အရွက်အစက်ပြောက်ရောဂါ
ရောဂါဖြစ်စေသောအကြောင်းအရာ - မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။
ရောဂါလက္ခဏာ - အပင်၏အရွက်များတွင် သာတွေ့ရသည်။ အရွက်အစက်အပြောက်ရောဂါသည် ရွက်ခြောက် (သို့) blotch ရောဂါ ကဲ့သို့ဖြစ်သည်။ အရွက်အစက်အပြောက်များ၏အရောင်သည် မှိုအမျိုးအစားပေါ် မူတည်၍ အညိုရောင် (သို့) အမဲရောင်ရှိသည်။ အစက်အပြောက်နားတွင် တိကျသောစက်ကွင်း (သို့) အမဲရောင်အနား ရှိသည်။ အရွက်နုများ ဝါ၍ကြွေကျသည်။
ကာကွယ်နှိမ်နင်းနည်း
- အပင်၏ pH ကိုပြောင်းလဲစေနိုင်သောမှိုသတ်ဆေးကို ဖြန်းပါ။
- ရေစီးဆင်းမှု ကောင်းမွန်အောင်ပြုလုပ်ပါ။
- ကောင်းစွာဆွေးမြေ့သော မြေဆွေးများထည့်ပါ။
- ရောဂါကျ အရွက်များရှိသောကိုင်းများကို ဖယ်ရှားပါ။
- အရွက်များ အမြဲစိုမနေအောင် ပြုလုပ်ပါ။
၁၀။ Nematodes : နီမတုတ်
ရောဂါဖြစ်စေသည့်အကြောင်းအရာ - နီမတုတ်ကြောင့် ဖြစ်သည်။
ရောဂါလက္ခဏာ - အပင်များကြီးထွားမှုကို လျော့စေသည်။ အပင်ကိုညှိုးစေသည်။ အမြစ်များကို ပုပ်စေပြီး အမြစ်များ ကြီး၍ဖောင်းနေသည်။
ရောဂါကျရောက်အပင်များ - ဟင်းသီးဟင်းရွက်နှင့် အလှစိုက်အပင်များတွင် ပိုမိုကျရောက် တတ်သည်။
ကာကွယ်နှိမ်နင်းနည်း
- မြေကြီးထဲတွင် အဟာရမျှတစွာ ရှိရမည်။
- ရောဂါဒဏ်ခံနိုင်သော မျိုးစေ့နှင့် ပျိုးပင်များ စိုက်ပျိုးပါ။
- ရောဂါရှိမြေကြီးတွင် အခြားအပင်များ စိုက်ခြင်းမလုပ်ရ။
- မြေဆီလွှာထိန်းအပင်အဖြစ် ဥပမာ - ချစ်တီးပန်းအပင်ကို စိုက်ပျိုးနိုင်သည်။
- မြေကြီးအား နေရောင်ဖြင့်ပိုးသန့်ခြင်း ပြုလုပ်၍ နီမတုတ်ကိုလျော့ချနိုင်မည်။
- သီးလှည့်စိုက်ပျိုးပါ။
၁၁။ Powdery Mildew : ဖားဥမှို
ရောဂါဖြစ်စေသည့်အကြောင်းအရာ - မှိုကြောင့်ရောဂါဖြစ်စေသည်။ အရွက်များ ခြောက်သွေ့ /ဝါစေပြီး အပင်၏ အဟာရကို လျော့နည်းစေသည်။
ရောဂါကျအပင်များ - များသောအားဖြင့် ဥယျာဉ်ခြံအပင်များတွင် အလွန်ပျံနှံကျရောက်တတ်သည်။
ရောဂါကျရောက်ပုံ - အဖြူရောင်အမှုန့်များကို အရွက်၏အပေါ်မျက်နှာပေါ်တွင်တွေ့ရသည်။ တစ်ခါတစ်ရံ မီးခိုး ရောင်အမှုန့်များ ရှိတတ်သည်။ ရောဂါကျရောက်သော အသီးများသည် နုမှည့်များဖြစ်ကာ အသီး၏ အသား ညံ့ဖျင်းသည်။
ကာကွယ်နှိမ်နင်းနည်း
- ပင်ကြားတန်းကြား မှန်အောင်စိုက်ပျိုးပါ။
- အလင်းလုံလုံလောက်လောက်ရရှိအောင် ပြုလုပ်ပါ။
- ဆာလ်ဖာပါသော မှိုသတ်ဆေးကို ရောဂါမကျရောက်မှီ ကြိုတင်ဖြန်းပါ။
- အပင်ခြေတွင်ရောဂါကျအစိတ်အပိုင်းများ မရှိအောင်ဖယ်ရှားပါ။
- မိမိစိုက်ခင်း ၊ ဥယျာဉ်ခြံ၊ သစ်သီခြံများတွင် မြေသြဇာကို အလွန်အကျွံမကျွေးပါနှင့် ။
- ပုံမှန်ကိုင်းဖြတ်ခြင်း လုပ်ငန်းနှင့် ရောဂါကျအပင်များ ရှင်းလင်းခြင်းလုပ်ငန်းကို ပြုလုပ်ပါ။
- “ ဘိုင်ကာဗွန်နိတ်” ကို ဖြန်းခြင်းဖြင့် ရောဂါကျရောက်မှုကို ကာကွယ်နိုင်ပါသည်။
၁၂။ Club Root : တင်းပုတ်ရောဂါ
ရောဂါဖြစ်စေသောအကြောင်းအရာ - အဓိက မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။
ရောဂါလက္ခဏာ - ရောဂါကျအပင်များ နေ့အခါတွင် ညှိုး၍ အရွက်များ ဝါပြီးကြွေသည်။
ရောဂါကျရောက်အပင်များ - အဓိကအားဖြင့် ဟင်းသီးဟင်းရွက်နှင့် ပန်းများ၊ ဂေါ်ဖီထုပ် မျိုးနွယ်ဝင်အပင်များ တွင် ကျရောက်သည်။
ကာကွယ်နှိမ်နင်းနည်း
- ရောဂါဒဏ်ခံနိုင်သော အပင်များကိုစိုက်ပါ။
- ရောဂါကျရောက်သည့် စိုက်ခင်းများတွင် ထပ်မံစိုက်ပျိုးခြင်း မပြုပါနှင့်။
- မြေကြီး၏ pH ကို ပြုပြင်ပါ။
၁၃။ Black spot : အနက်စက်ပြောက်ရောဂါ
ရောဂါဖြစ်စေသောအကြောင်းအရာ - မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။
ရောဂါကျရောက်အပင်များ - နှင်းဆီပင်တွင် အဓိကကျရောက်သော ရောဂါဖြစ်သည်။
ရောဂါလက္ခဏာ - အစက်လေးများသည် အရွက်များပေါ်တွင်ဖြစ်ပြီး ၁ -၁.၂၅ စင်တီမီတာ အရှည်ရှိကာ အဝါ ရောင်ရောသော အနားသတ်ရှိသည်။ ရောဂါကျရောက်မှုပြင်းထန်သော အပင်များတွင် အရွက်များ ကြွေသွား သည်။
ကာကွယ်နှိမ်နင်းနည်း
- ရောဂါဒဏ်ခံနိုင်မျိုးများကိုစိုက်ပါ။
- ရောဂါကျအရွက်များကို ဖယ်ရှားပါ။
- ရောဂါကျရောက်မှုကို ကာကွယ်ရန်“ Bicarbonate ” ကို ဖြန်းခြင်းပါ။
- စိုစွတ်သောရာသီတွင် အရွက်များအမြဲရေမစိုစေရန် နှင့် အပင်ခြေရေမဝပ်ရန် ပြုလုပ်ပေးပါ။
- ဆာလဖာ (သို့) ကော့ပါးပါသော မှိုသတ်ဆေးကို ဖြန်းခြင်းဖြင့် အပင်၏pHကို ထိန်းညှိပေးပြီး ကျန်းမာ သောပတ်ဝန်းကျင်ကို ဖန်တီးပါ။
- ကောင်းစွာဆွေးမြေ့သော သဘာဝမြေသြဇာကို ထည့်ပါ။
Aye Thanda Soe
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Nyi Nyi Aung • ဖြေကြားချက် 2 ခု
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ကျွန်တော်ပဲတီိစိမ်းအခင်းအပင်တွေညိုးသေနေပါတယ်မြေကြီးကလည်းအလွန်စိုနေပါတယ်ပဲပင်ဆက်မသေအောင်ဘယ်လိုကာကွယ်ကုသရမလဲဆရာ
လက်တွေ့တောင်သူ • ဖြေကြားချက် 1 ခု
ဆင်းသုခစပါးအရွက်တွေအဝါရောင်ဖြစ်နေလို့ပြန်ကောင်းအောင်ဘယ်လိုလုပ်ရမလဲ
Hein Hein Htet • ဖြေကြားချက် 1 ခု
သီးလုံးဖောက်ပိုးနဲ့ ပွင့်ထွေးပိုးကတစ်မျိုးတည်းလား ဘယ်လိုကွာလဲ ဆရာ
Saw Samson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from ayethandasoe
အားလုံး
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....