ခရမ်းပင်တွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားများ
ခရမ်းခေါင်ညွှန့်ထိုးပိုးနှင့် သီးလုံးဖောက်ပိုး
ခရမ်းစိုက်ပျိုးရေးတွင် ခေါင်ညွှန့်ထိုးပိုးနှင့် သီးလုံးဖောက်ပိုးသည် အဆိုးရွားဆုံးသော ဖျက်ပိုးဖြစ်သည်။ အရွက်မျက်နာပြင်ပေါ် ၊ အညွန့်၊ ပန်းအဖူးနှင့် အသီးများထဲတွင် အရွယ်ရောက်ကောင်များသည် ဥများ ဥချသည်။ အမတစ်ကောင်သည် ဥပေါင်း ၂၅၀ အထိဥချနိုင်သည်။ ဥမှပေါက်လာသော ပိုးလောက်ကောင်များသည် အပင်အစောပိုင်းတွင် အညွန့်များအတွင်း ထိုးဖောက်စားသုံးသဖြင့် အပင်ညွန့်များ ညှိုးခြောက်သွားသည်။ ထိုပြင် ပိုးလောက်ကောင်များနှင် အရွက်လိပ်ပိုးထုပ်များကို အလွယ်တကူတွေ့နိုင်သည်။ ပန်းပွင့်အဖူးများနှင့် အသီးလုံးများ စတင်ချိန်တွင်လည်း ထိုးဖောက်စားသုံးပြီး အသီးများကြွေကျစေသည်။ မကြွေကျသော အသီးများတွင်လည်း စားသုံးရန်နှင့် စျေးကွက်တင်ရန် အရည်အသွေး မမှီနိုင်သော အထွက်နှုန်း များသာရရှိနိုင်ပြီး အထွက်နှုန်း ၇၀% ခန့်လျော့ကျနိုင်သည်။
ကာကွယ်နှိမ်နင်းခြင်း
၁၊ ပိုးမွှားများ ကျရောက်ပြီး ဖျက်ဆီးခံရသော အပင်အစိတ်အပိုင်းများကို ဖယ်ရှားပြီး ဖျက်ဆီးခြင်းဖြင့် ပိုးခိုအောင်းနေရာများကို ဖျက်ဆီးခြင်း၊
၂၊ ပိုးမွှားဒဏ် ခံနိုင်ရည် ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိူးခြင်း၊
၃၊ သီးလှည့် ၊ သီးညှပ် စိုက်ပျိုးခြင်း၊
၄၊ ပရိူမီနိုဖော့၊ ကာဗိုဆာဖျန်၊ လမ်ဘဒါ ဆိုင်ဟေသလိုရင်း စသော အဆိပ်ရှိပိုးသတ်ဆေးတစ်မျိူးမျိုးကို ၁၅ ရက်တစ်ကြိမ် ဖြန်းပေးပါ၊
၅၊ ပန်းလှိုင်လှိုင်ပွင့်ချိန်တွင် ဆိုင်ပါမီသရင်း ပိုးသတ်ဆေးကိုလည်း သုံးနိုင်ပါသည်။
အရွက်စား လိပ်ခုံးကျိုင်း
အရွက်စားလိပ်ခုံးကျိင်းများသည် အရှေ့တောင်အာရှ နေရာဒေသအမျိုးမျိုးမှာ တွေ့နိုင်ပါသည် ။ ခရမ်းသီးများတွင် အရေးကြီးသော ဖျက်ပိုးဖြစ်ပြီး တစ်ခါတစ်ရံ ဆိုးရွားစွာ ကျရောက်ဖျက်ဆီးတတ်ပါသည်။ သားလောင်းအဆင့်ပိုးကောင်များနှင့် အရွယ်ရောက်ကောင်များသည် အရွက်များကို အပေါ်ဘက်မှ စတင်ခြစ်စားပြီး နောက်ဆုံးအရိုးတံများသာ ကျန်ပြီး ခြောက်သွေ့သွားသည်။ အပင်အဆင့်တိုင်းတွင် ကျရောက်ဖျက်ဆီးနိုင်စွမ်းရှိသည်။ အရွက်များပေါ်တွင် ပိုးချေးများကိုလည်း အလွယ်တကူတွေ့နိုင်ပါသည်။
ကာကွယ်နှိမ်နင်းခြင်း
၁၊ ပိုးမွှားစတင်ကျရောက်ချိန်ဖြစ်ပါက ဥများ ၊ ပိုးလောက်ကောင်များနှင့် အရွယ်ရောက်ကောင်များ ပါသော အရွက်များကို ဖယ်ရှားဖျက်ဆီးခြင်း၊
၂၊ ကာဗာရဲ(Carbaryl 0.1%)၊ ဆိုင်ပါမီးသရင်း (Cypermethrin 0.025%) ၊ ပရိုဖီနိုဖော့ (Profenofos 0.05%) ဆေးတစ်မျိုးမျိုးပက်ဖြန်းနိုင်သည် ။
ပျပိုး
ပျပိုးသည် မည်သည့်ရာသီဥတု ၊မည်သည့်နေရာမဆို ကျရောက်နိုင်သည် ။ သို့သော် အအေးပို၍ စိုထိုင်းဆများသော ရာသီဥတုတွင် ကျရောက်မှု့ ပြင်းထန်သည်။ ပိုးတုံးလုံးနှင့် အရွယ်ရောက်ကောင်များသည် အရွက်များမှ ဆဲလ်ရည်များကို စုပ်ယူ စားသောက်ကြသည်။ အရွက်၏ အောက်မျက်နာပြင်သည် တဖြည်းဖြည်း တွန့်လာပြီး တဖြည်းဖြည်း ကွေးသွားစေသည်။ အစပိုင်းတွင် အပင်၏ ရှင်သန်မှု့ ခံနိုင်ရည် နည်းသွားပြီး အပင်အဝါရောင်ပြောင်းကား ခြောက်သွေ့စေနိုင်သည်။ ဤသို့ တိုက်ရိုက်ဖျက်ဆီးမှု့အပြင် အလွန်များပြားသော အချိုရည်များကို စစ်ထုတ်ကာ ကြက်ခိူးမှိုရောဂါများကို ဖြစ်စေပြီး အရွက်များကို ဖုံးအုပ်စေသည်။ ထိုမှိုများသည် အပင်၏ အစာချက်လုပ်မှု့ကို လျော့နည်းစေသည် ။ ရောဂါကျရောက်သော အပင်များသည် သန်မာမှု့မရှိဘဲ အဝါရောင်ပြောင်းကာ အသီးများ၏ အရွယ်အစားသည်လည်း မကြီးထွားနိုင်ပေ။
ကာကွယ်နှိမ်နင်းခြင်း
၁၊ စတင်ကျရောက်ချိန်တွင်စားဖိုပြာ ထူထူပက်ပေးနိုင်သည် ။
၂၊ ဒိုင်မီသအိုအိတ်(Dimethoate 0.05%) သို့မဟုတ် မိုနိုခရိတိုဖို ကို ၁၂ရက်ခြား နှစ်ကြိမ်မှ သုံးကြိမ် အထိဖြန်းပေးရသည်။
ယင်ဖြူ
ယင်ဖြူသည် ပင်ရည်ကိုစုပ်စားပြီး သီးနှံပင်ထဲသို့ တံတွေးအဆိပ်ကို ထိုးသွင်းသည်။ ယင်ဖြူ စုပ်စားခံရသောအပင်များတွင် ရောင်မညီကွက်ကြား ရောဂါကို ဖြစ်စေသည်။ ယင်ဖြူ ကျရောက်ပါက အရွက်အောက်ဘက်တွင် ဥများ၊ လောက်ကောင်များနှင့် အရွယ်ရောက်ကောင်များကို တွေ့ရသည် ။ တစ်ခါတစ်ရံ အရွက်၏ အပေါ်မျက်နာပြင်ပေါ်တွင် အရွယ်ရောက်ကောင်များကို တွေ့ရတတ်သည်။
ကာကွယ်နှိမ်နင်းခြင်း
၁၊ စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ရှင်းလင်းခြင်း၊
၂၊ တမာပိုးသတ်ဆေးရည်များကို ဖြန်းပေးခြင်း၊
၃၊ ငွေရောင် (သို့မဟုတ်)အလူမီနီယမ် ပလပ်စတစ်များဖြင့် ဖုံးအုပ်ပေးခြင်း၊
၄၊ အီမီဒါကလိပရစ်( Imidachloprid)၊ သိုင်ရာမီသောက်ဆင် (Thiamethozan) နှင့် ဒိုင်နိုတီဖျူရန်(Dinotefuran) စသော ဆေးများကို အသုံးပြု နိုင်သည်။
ဇော်ရဲသူ
Reference : Wikipedia (စွယ်စုံကျမ်း) နှင့် Agri leaner ဖုန်းအက်ပလီကေးရှင်း
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Thet Maung
လွန်ခဲ့သော ၃ လ ကဘာဆေးသုံးရမလဲ ခဗျ
Thet Maung
လွန်ခဲ့သော ၃ လ ကအပင်း ညှိုးသေ ဖြစ်နေလို
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါဗျ
LinLin
လွန်ခဲ့သော ၅ နှစ် ကခရမ်းကအရွက်အဝါပြောက်တွေဖြစ်လို့ဘာဆေးသုံးရမလဲဗျ
khin mg than
လွန်ခဲ့သော ၅ နှစ် ကပဲတီစိမ်းစိုက်ထားပါတယ် အရွတ်တွေထွဋ်နေလို့ပါ ရာသီဥတုကတော့ ပုံမှန်ပါပဲ အပင်တွေက မညီပါဘူး ကြီးတဲ့အပင်ကကြီးပြီး အချို့အပင်တွေက ညှပ်ပြီးကျန်ခဲ့ပတယ် ဘယ်လိုဆေးတွေပြန်သုံးသင့်ပါလဲဆိုတာ ပြန်လည်ဖြေပေးစေချင်ပါတယ် ခဗျာ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Nyi Nyi Aung • ဖြေကြားချက် 2 ခု
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ကျွန်တော်ပဲတီိစိမ်းအခင်းအပင်တွေညိုးသေနေပါတယ်မြေကြီးကလည်းအလွန်စိုနေပါတယ်ပဲပင်ဆက်မသေအောင်ဘယ်လိုကာကွယ်ကုသရမလဲဆရာ
လက်တွေ့တောင်သူ • ဖြေကြားချက် 1 ခု
ဆင်းသုခစပါးအရွက်တွေအဝါရောင်ဖြစ်နေလို့ပြန်ကောင်းအောင်ဘယ်လိုလုပ်ရမလဲ
Hein Hein Htet • ဖြေကြားချက် 1 ခု
သီးလုံးဖောက်ပိုးနဲ့ ပွင့်ထွေးပိုးကတစ်မျိုးတည်းလား ဘယ်လိုကွာလဲ ဆရာ
Saw Samson • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from U Zaw Ye Thu
အားလုံး