အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မတ်ပဲပင်တွေ ဝါညှိုးသေ...ဘာတွေလုပ်သင့်လဲ

မတ်ပဲပင်တွေ ဝါညှိုးသေ...ဘာတွေလုပ်သင့်လဲ

Thar Po
Thar Po • 16/01/2025

ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲခင်းတွေ ခူးဆွတ်ရမယ့် အချိန်မတိုင်ခင် အရွက်ဝါပြီး၊ အပွင့်အသီးတန်းလန်းနဲ့ ညှိုးသေတာမျိုးတွေဖြစ်နေတာ တွေ့နေရပါတယ်။

ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်း များစွာရှိပါတယ်။

  • မြေဆောင်မှိုရောဂါ(Soil borne diseases)ဖြစ်ခြင်း
  • အောက်ခံမြေ ထယ်ရေး/ထွန်ရေးကြောင့်ဖြစ်ခြင်း
  • ရာသီဥတုအခြေအနေနှင့် စိုက်စနစ်မကိုက်ညီခြင်းစတဲ့ အဓိကအချက်တွေကို ကောက်ချက်ချလိုပါတယ်။

ဒီနေရာမှာ မြေဆောင်မှိုရောဂါတွေဖြစ်တဲ့

  • ဖျုဆေရိယန် ညှိုးသေရောဂါ(fusarium wilt)
  • အမြစ်ဆွေးခြောက်ရောဂါ(Rhizoptonia sp)
  • စကလယ်ရိုရှန်ပင်ညှိုးရောဂါ (Sclerotium disease)စတဲ့ရောဂါတွေ အကြောင်းထက် ထယ်ရေး/ထွန်ရေးနဲ့ စိုက်စနစ်အကြောင်း ဆွေးနွေးချင်ပါတယ်။

၁။ အောက်ခံမြေ (ထယ်ရေး/ထွန်ရေးကြောင့်ဖြစ်ရခြင်း)

ယခုနှစ် မိုးရွာသွန်းမှုများပြားခြင်းကြောင့် ပဲစိုက်ရာသီတွင် အစိုဓာတ်မြင့်မားချိန် စက်ထွန်များဝင်ကြရပါတယ်။ မြေစေးမြေမှာ အစိုထွန်ပြီး ပဲကြဲရင် မြေခြောက်သွေ့ချိန်မှာ အပင်ငယ် ၁ လသားရွယ် ခါးကြပ်လာပါတယ်။

(မြေအောက်ရေ(underground  water levelမှရေစိုဓာတ်ကို  ဆံချည်ပြွန်လေးများ(capilary tube)မှ တဆင့်အမြစ်ဆီမပို့နိုင်ပဲ မြေသားဖွဲ့စည်းပုံ(soil texture) ပျက်သွားတာကြောင့်ပါ)

တချိန်တည်းမှာ ပဲပင်ရဲ့ရေသောက်မြစ်ဟာ မြေဆီလွှာအမာကြော(hard pan)ကိုမထိုးဖောက်နိုင်ဘဲ ရေကြောစည်း အလုပ်မလုပ်နိုင်ဖြစ်လာပါတယ်။

မြေဆောင်မှိုတွေဖြစ်တဲ့ ဖျူဆေရိယန်၊ အမြစ်ဆွေးခြောက်မှိုရောဂါတွေဟာ hard pan နေရာတွင်ရှိနေတတ်ရာ ရေသောက်မြစ်ကတဆင့် ရောဂါဝင်ရောက်ရန် အခွင့်သာစေပါတယ်။

ပဲပင် ၄၅ ရက်သား အပွင့်သီးဝင်ချိန် ရေနဲ့ အာဟာရဓာတ် အလိုအပ်ဆုံးအချိန်ဖြစ်ပါတယ်။

ဒီအချိန်မှာမှ ရေကြောစည်း(Xylem)မှာ ရောဂါရခြင်း၊ ရေ/အာဟာရဓာတ်ခမ်းခြောက်ခြင်းဖြစ်ကာ အရွက်ဝါခြင်း၊ အပင်ညှိုးခြင်း လက္ခဏာများ ဖြစ်လာပါတော့တယ်။

အလွယ်ဆုံးနဲ့ အရှင်းဆုံးပြောရရင် မြေကြပ်/ရေငတ် ပြီး အပင်ညှိုးသေရတာပါ။

လတ်တလော ဖြေရှင်းရန်နည်းလမ်းများ

  • ရနိုင်တဲ့ ရေအရင်းအမြစ်ကနေ ဖျန်းရေစနစ်နဲ့ ရေဖျန်းပါ။ (အပေါ်ယံမြေကြပ်နေတာကို အပင်ခါးချောင်စေရန်နဲ့ အောက်ခံမြေအစိုဓာတ်နဲ့ အပေါ်ယံအစိုဓာတ် ဆက်စပ်မိရန်သာ ရည်ရွယ်ပါတယ်။)
  • စပါးပင် ရေသွင်းသလို ရေများများမသွင်းရပါ။ (ပဲပင်သေတတ်ပါတယ်။)
  • ရေဖျန်းပြီး ၂ ရက်ခန့်မှာ fosetyl aluminium မှိုသတ်ဆေးကို ဆေး ၁ ပုံး ၈၀ ဂရမ်နှုန်းဖျန်းပါ။ ဒါမှမဟုတ် ထရိုင်ကိုဒါးမား ၂၀၀ စီစီ+အီးအမ် ၅၀ စီစီနှုန်းဖျန်းပါ။
  • ရေမဖျန်းနိုင်ပါက ဆေးဖျန်းပုံးဖြင့် ရေရွှဲရွှဲဖျန်းပါ။ (ပြီးမှမှိုသတ်ဆေးဖျန်းပါ။)

အကြံပြုတင်ပြခြင်း

စပါးရိတ်သိမ်းချိန်နောက်ကျပြီး မြေအစိုများနေပါက ခုတ်ဖုံးစနစ်ဖြင့် ပဲကြဲပါ။

'ရိတ်ချွေစက် ဘီးရာနေရာများကို ရေကြာကြာလှောင်ထားခြင်းက မြေမာခြင်းကို သက်သာစေပါတယ်။

တတ်နိုင်သမျှ မြေထန့်အောင်စောင့်ပြီး ထယ်ရေးနက်နက်/မှုန့်ညက်သောထယ်ရေးရမှ ပဲကြဲပါ။

မတ်ပဲ စိုက်ချိန်ကို နိုဝင်ဘာလအတွင်း အပြီးစိုက်ပါ။

မြေကြပ်/ရေငတ် မဖြစ်စေရန်၊ မြေခံအဖြစ် သဘာဝမြေဆွေး(Organic Matter)၊ဂျစ်ဆန်(Gypsum)မဖြစ်မနေထည့်ပေးပါ။

ပဲစိုက်သက်တမ်း ၁၀နှစ်ကျော်သောမြေဖြစ်ပါက အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးပါ။

(အမြစ်ခြောက်ဆွေးရောဂါ Dry root rotဟာ မြေကြီးအတွင်း နှစ်ပေါင်းဆယ်ချီပြီး အသက်ရှင်သန်နိုင်ကြတယ်လို့ဆိုပါတယ်။ ဒါအပြင့် ရောဂါကျရောက်ချိန် အဆိုပါရောဂါကို အပြီးသတ်နှိမ်နင်းနိုင်ရန် ခက်ခဲနိုင်ပါတယ်။)

စေတနာများစွာဖြင့်..

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

8
ဒေါအေးသန်း

ဒေါအေးသန်း

လွန်ခဲ့သော ၉ လ က

အေရာဝတီအနောက်ချန်မုာမက်ပဲပင်တွေမြေရှောတာတွေရတယ်

AungKo

AungKo

လွန်ခဲ့သော ၁ နှစ် က

hi

AungKo

AungKo

လွန်ခဲ့သော ၁ နှစ် က

hi

ဒို့ဦး​လေး

ဒို့ဦး​လေး

လွန်ခဲ့သော ၁ နှစ် က

မှန်ပါတယ်။ကြိုတင်ကာကွယ်နည်းစနစ် ပြည့်ပြည့်ဝဝပြုလုပ်ခဲ့ထိရောက်တာပါ အပင်ပေါ်ကျရောက်မှဆေးဖျန်းရင် နောက်ကျပါပြီ။

ko aye ko oo

ko aye ko oo

လွန်ခဲ့သော ၁ နှစ် က

ပင်စီထိုးယင်နဲ့အမြစ်ဆွေးခြောက်ပြဿနာကဘယ်လိုမှတားမရဖြေရှင်းမရဖြစ်နေတယ်ပဲတီစိမ်းနဲ့မတ်ပဲမှာ😔😔😔

You

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ

မင်းမင်း • ဖြေကြားချက် 2 ခု

ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ

ဦးမောင်ကျော် • ဖြေကြားချက် 5 ခု

ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ

kyaw kyaw • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။