ပိုးလောင်းမီးနှင့် လောင်မီးရောဂါ
မြန်မာနိုင်ငံ၏ မိုးရာသီကာလ ရေကြီးနိုင်မှုသည် ၃ ကြိမ်ရှိပါသည်။ ပထမရေကြီးကာလသည် ဇွန်လဖြစ်သည်။ ဒုတိယရေကြီးကာကလသည် ဇူလိုင်နှင့် သြဂုတ်လဖြစ်ပါသည်။ တတိယရေကြီးကာလသည် စက်တင်ဘာလနှင့် အောက်တိုဘာလဖြစ်သည်ဟု မိုးလေဝသပညာရှင်များက ပြောပါသည်။ ပုံမှန်ထက်မိုးကောင်း၍ ရေကြီးပြီးနောက် ရေပြန်ကျလျှင် ပိုးမွှားနှင့် ရောဂါများ ကျရောက်နိုင်မှုရှိနိုင်သဖြင့် သာမာန်အချိန်များထက် ပို၍ဂရုစိုက်ရမည်ဖြစ်ပါသည်။ မိုးစပါး စိုက်ချိန်၊ မိုးစပါးဖြစ်ထွန်း၍ ပင်ပွားချိန်တို့တွင် ရေကြီးပြီး ရေပြန်ကျပါက ကျန်ရှိနေသော စပါးစိုက်ခင်းများကို ပိုးနှင့်ရောဂါကျရောက်မှုပို၍ ဂရုစိုက်မည်ဖြစ်ပါသည်။ စပါးဆစ်ပိုး၊ ငမြှောင်တောင်ပိုး၊ စပါးရွက်လိပ်အိမ်ပိုးတို့ ကျရောက်နိုင်သည်ကို ဂရုပြုရမည်ဖြစ်ပါသည်။ အထူးဂရုစိုက်သင့်သည်မှာ လောင်မီးပိုးဖြစ်ပါသည်။
မိုးများသောနှစ်တွင် ကျရောက်မှုနည်းသော်လည်း ရေကြီးနစ်မြုပ်ပြီး ရေပြန်ကျချိန်တွင် ပေါက်ဖွားမှုများပါသည်။ ပိုးကျလျှင် စပါးရွက်များခြောက်လာပြီး လောင်မီးကျသကဲ့သို့ တွေ့ရပါမည်။ လောင်မီးပိုးအကောင်ငယ်သည် စပါးရွက်၏ မျက်နှာပြင်အလွှာ ၂ ခုကြားတွင်ရှိပါသည်။ စပါးရွက်အား နေရောင်အောက်တွင် ထောင်ကြည့်လျှင် ပိုးကောင်အား မြင်နိုင်သလို လက်နှင့်စမ်းကြည့်ပါက အဖုထစ်အနေဖြင့် တွေ့ရမည်ဖြစ်ပါသည်။ ပိုးကောင်သည် ဥမှ အကောင်ဖြစ်ပြီး ပြန်လည်ဥအုသည်အထိ ၃ ပတ်ခန့်သာကြာပြီး ၁ နှစ်လျှင် ၆ကြိမ် သားပေါက်နိုင်ပါသည်။ စပါးခင်းမှ ရေထုတ်ပေးခြင်းနှင့် ပေါင်းမြက်ရှင်းလင်းခြင်းတို့ကို ပြုလုပ်ပေးသင့်ပါသည်။
ရေနက်စိုက်ပျိုးကြသော ပင်လယ်ကမ်းရိုးတန်းဒေသများ၊ ရေငန်စပ်လယ်မြေများ၊ သဲဆန်သော လယ်မြေများတွင် ပို၍ဂရုပြုသင့်သော အပင်ရောဂါမှာ လောင်မီးရောဂါဖြစ်ပါသည်။ နီမတုတ်ကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး ကျရောက်ပါက စပါးရွက်များ တွန့်လိမ်ကောက်ပြီး စပါးပင်အခြေရှိ အဆစ်များ ဖောင်းကားလာမည်ဖြစ်ပါသည်။ ပုံမမှန်သော စပါးပင်များများ ထွက်ပြီး အနှံထွက်ချိန်တွင် အနှံများမထွက်နိုင်ဘဲ ဖြစ်နေပါမည်။ ရောဂါပြင်းထန်ပါက စပါးတစ်ခင်းလုံး မီးလောင်ခံရသလို ဝါပြီးခြောက်သွားသဖြင့် လောင်မီးရောဂါဟု ဆိုကြပါသည်။ ပင်စည်အတွင်း ခိုအောင်းနေသာ နီမတုတ်များကို နှိမ်နင်းရန် စပါးရိတ်သိမ်းပြီးချိန်၌ မီးရှို့ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။
ထို့အပြင် ပိုတက်စီယမ် (ပိုတက်ရှ်) ချို့တဲ့ခြင်း၊ နိုက်ထရိုဂျင်ဓာတ် (ယူရီးယား) များများထည့်ခြင်းတို့ကြောင့်လည်း ရောဂါဆိုးဆိုးရွားရွား ကျရောက်ပါသည်။ မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် ရေကြီးပြီး ရေပြန်ကျချိန်တွင် ကျရောက်လေ့ရှိသော အပင်ရောဂါနှင့် ဖျက်ပိုး ၂ မျိုးအား ကြိုတင်ကာကွယ်နိုင်ရန် အသိပေးဖော်ပြလိုက်ပါသည်။
ကိုရဲ (စိုက်ပျိုးရေး)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးပိုးလောင်မီး/စပါးကျောက်ဆူးပိုး
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 5 ခု
ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ
kyaw kyaw • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ကိုရဲ (စိုက်ပျိုးရေး)
အားလုံး