အာဟာရဓါတ် ချို့တဲ့မယ်ဆိုလျှင်......
၁။ နိုက်ထရိုဂျင် (N) ချို့တဲ့ခြင်း (Nitrogen deficiency )
လကၡဏာ - အပင်၏အောက်ခြေရှိအရွက်များမှ စတင်၍ ဝါလာပြီးနောက် အရွက်အားလုံး အရောင်ဖျော့ (သို့) ဝါလာသည်။
ဖြစ်စေသည့်အကြောင်းများ - Nသည် အပင်အားလုံးအတွက် အရေးပါသော အဟာရဓါတ်ဖြစ်၍ အပင်ပိုင်း ကြီးထွားမှု ကောင်းမွန်ပြီး အရွက်များကျန်းမာသန်စွမ်းစေရန် သင့်တော်သောပမာဏ လိုအပ်ပါသည်။
ဖြေရှင်းနည်း
N ပမာဏ အကောင်းဆုံးပမာဏပါဝင်သော မြေသြဇာနှင့်ဓါတ်မြေသြဇာများကို ကျွေးပါ။ အရွက်စက်ဝန်း ( leaf canopy) ရှိရမည့် အရွယ်အစားပြည့်သည်အထိ N ထည့်ပါ။ N ကို အကောင်းဆုံးစုပ်ယူနိုင်ရန်အတွက် အမိုင်နိုအက်ဆစ်ကို အဟာရအရည် အဖြစ်ထည့်ပေးပါ။
၂။ ဖော့စဖောရပ် (P) ချို့တဲ့ခြင်း ( Phosphrous Deficiency )
လကၡဏာ - အပင်ကြီးထွားမှု နှေးကွေးလာပြီး အရွက်များ အကြိမ်ကြိမ်ကြွေခြင်းနှင့် အရွက်များတွင် အစိမ်းရင့် ရောင်၊ ခရမ်းရောင် (သို့) အပြာရောင် များရှိသည်။
ဖြစ်စေသည့်အကြောင်းများ - P သည် အပင်၏အမြစ်ပိုင်း ကြီးထွားမှုအတွက်အရေးပါသည့် အဟာရဓါတ် တစ်မျိုးဖြစ်ပြီး နေ၏အလင်းရောင်ကို အားအင်အဖြစ် ပြောင်းပေသည်။ P ချို့တဲ့ပါက အပင်ကြီးထွားမှု လွန်စွာ နှေးကွေးပြီး အရွက်များတွင် အစိမ်းရောင်ချို့တဲ့နေသည်။
ဖြေရှင်းနည်း
အရိုးမှုန့်များထည့်သွင်းခြင်းဖြင့် P ကို ရရှိနိုင်ပါသည်။
၃။ ပိုတက်ဆီယမ် K ချို့တဲ့ခြင်း ( Potassium deficiency)
လကၡဏာ - အခန်းတွင်းစိုက်အပင်များတွင် ပန်းပွင့်မှုနည်းမည်။ သစ်ကိုင်များ ပျော့စေသည်။
ဖြစ်စေသည့်အကြောင်းများ - အပင်များဖူးပွင့်မျိုးပွားရန်အတွက် K သည် အရေးပါသည်။ K ချို့တဲ့သော အပင်များတွင် အပင်ပုသည်။ အပင်၏ပင်စည်များ ပျော့ကွေးလာပါက K လို အပ်နေပြီကို သိနိုင်သည်။
ဖြေရှင်းနည်း
ပန်းပွင့်သောအပင်များတွင် K လိုအပ်ချက် မြင့်သည်။ ပန်းပွင့်သောအချိန်တွင် K သည် N ထက် ပိုလိုအပ် သည်။ ပန်းများကို စီးပွားဖြစ် မှန်လုံအိမ်/ပလတ်တစ်အိမ်များဖြင့် စိုက်ပျိုးပါက K သင့်တော်သော ပမာဏ ထည့်သွင်းရန် လိုအပ်ပါသည်။
Aye Thanda Soe ( 12.1.2018)
Ref;http:// www.agrifarming.in/common-plant-disease-information/
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးနိုက်ထရိုဂျင်ချို့တဲ့ခြင်း
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ayethandasoe
အားလုံး
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020