အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB

မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB

သော်ဇင်
သော်ဇင် • 01/10/2026

မြေဩဇာဈေးတွေ ခေါင်ခိုက်နေတဲ့ ဒီနေ့ခေတ်မှာ တောင်သူဦးကြီးတို့အတွက် စိုက်စရိတ်ငွေကုန်သက်သာပြီး မြေဆီလွှာကိုပါ အထူးကောင်းမွန်စေမယ့် သဘာဝအစွမ်းထက် စိုက်ပျိုးရေးနည်းလမ်းတစ်ခုရှိပါတယ်။ အဲဒါကတော့ အိမ်မီးဖိုချောင်ထဲက ပစ္စည်းအနည်းငယ်နဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ "အလင်းမီအစာချက်ဘက်တီးရီးယား (PSB)" ဖြစ်ပါတယ်။

PSB ဆိုတာ ဘာလဲ?

နေရောင်ခြည်ကိုသုံးပြီး အပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို သဘာဝအတိုင်း ထုတ်လုပ်ပေးတဲ့ ကောင်းမွန်သော အဏုဇီဝဘက်တီးရီးယားများ ဖြစ်ပါတယ်။

ဘာကြောင့် သုံးသင့်တာလဲ?

မြေကြီးထဲမှာ ထိန်းချုပ်ခံရပိတ်မိနေတဲ့ အာဟာရတွေကို အပင်က စုပ်ယူရလွယ်အောင် ကူညီပေးတယ်၊ အမြစ်စနစ်ကို သန်မာစေတယ်၊ အပွင့်/အသီး တင်နှုန်းကောင်းစေပြီး မြေဆောင်မှိုရောဂါတွေကို ကာကွယ်ပေးပါတယ်။

၅ လီတာစာအတွက် လိုအပ်သော ပါဝင်ပစ္စည်းအချိုးအစား

  • ကြက်ဥ (သို့) ဘဲဥအစိမ်း - ၁ လုံး

  • ငံပြာရည် - ထမင်းစားဇွန်း၁ဇွန်း

  • ဟင်းခတ်မှုန့် (MSG) - ထမင်းစားဇွန်း ၁ ဇွန်း

  • ရေသန့်ပုလင်းကြည် (၅ လီတာဆံ့) - ၁ ပုလင်း

  • သဘာဝရေ (တွင်းရေ/မိုးရေ/ကန်ရေ)- ပုလင်းထဲဖြည့်ရန်

ပြုလုပ်နည်း အဆင့်ဆင့်

  • ပန်းကန်တစ်ခုထဲတွင် ကြက်ဥ ၁ လုံး၊ ငံပြာရည် ၁ ဇွန်း၊ ဟင်းခတ်မှုန့် ၁ ဇွန်းတို့ကို သမအောင် မွှေပေးပါ။

  • ထိုအရောအနှောကို ပုလင်းအသေးထဲထည့်ပြီး အရိပ်ထဲတွင် ၇ ရက်ထားပါ။ (ဂတ်စ်ထွက်စေရန် နေ့စဉ် အဖုံးကို တစ်ကြိမ် ခဏဖွင့်ပေးပါ)။

  • ၇ ရက်ပြည့်ပါက ကြက်ဥပုပ်ရည် ၁ ဇွန်းကို ၅ လီတာဆံ့ ရေသန့်ပုလင်းထဲထည့်ပြီး ရေဖြည့်ကာ သေချာလှုပ်ပါ။

  • နေရောင်အပြည့်ရသောနေရာတွင် ထားပါ (တစ်နေ့ ၁ ကြိမ် ပုလင်းလှုပ်ပေးပါ)။ ၁၅ ရက်မှ ရက် ၃၀ အတွင်း အနီရဲရဲ သို့မဟုတ် စပျစ်ဝိုင်ရောင် ပြောင်းသွားပါက သုံးစွဲရန် အသင့်ဖြစ်ပါပြီ။

စနစ်တကျ အသုံးပြုနည်း

အချိုးအစား- PSB ၁ ဆ : ရေ ၁၀၀ ဆ (ဥပမာ - ၁၀ လီတာဆံ့ ဆေးဖျန်းပုံးတစ်ပုံးလျှင် PSB ၁၀၀ စီစီခန့်)

 သုံးစွဲပုံ - ၇ ရက်မှ ၁၀ ရက်တစ်ကြိမ် အပင်ခြေသို့ ဖျန်းပေးပါ သို့မဟုတ် မနက်စောစော/ညနေခင်းတွင် အရွက်နှင့် ပင်စည်ကို ဖျန်းပေးပါ။

အသုံးပြုမည့် တောင်သူကြီးတို့ မှတ်ထားရမည့် ၄ ချက်

သန့်ရှင်းမှုမရှိပါက ပုလင်းမည်းသွားပြီး ပျက်စီးတတ်သည်။ (ပုလင်းမည်းပါက လုံးဝမသုံးရပါ)။

ပိုက်လိုင်းရေသုံးပါက ၁ ပတ်ခန့် အနည်ထိုင်ပြီးမှ သုံးပါ (မိုးရေ သို့မဟုတ် တွင်းရေကို သုံးခြင်းက အကောင်းဆုံးဖြစ်သည်)။

တစ်နေ့လျှင် နေရောင်အနည်းဆုံး ၆ နာရီမှ ၈ နာရီအထိ လိုအပ်သည်။

မိုးရာသီ သို့မဟုတ် အရိပ်ထဲတွင် ထားပါက ဘက်တီးရီးယား ပွားများနိုင်မည် မဟုတ်ပါ။

ငွေကြေးသိပ်မကုန်ကျဘဲ အပင်ရော မြေဆီလွှာပါ ကောင်းမွန်စေမည့် PSB ကို ကိုယ်တိုင် စမ်းသပ်ပြုလုပ်သုံးစွဲခြင်းဖြင့် စိုက်စရိတ်ကို လျှော့ချကာ အထွက်နှုန်းတိုးတက်ကြပါစေ။

ကိုးကားလင့်ခ်

https://suansook.com/how-to-make-photosynthetic-bacteria-plant-food-psb/

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။