ဩဂဲနစ်မြေဩဇာများရဲ့ အဆိုးဘက်ခြမ်းများ..
ယခုမျက်မှောက်ခေတ်အချိန်ကာလအရ ဓာတုမြေဩဇာဈေးတွေကြီးနေမှုဟာ စိုက်ပျိုးရေးလုပ်ကိုင်နေသူတိုင်း အတွက် ဒုက္ခကြီးကြီးမားမားတစ်ခု ဖြစ်လာနေပါတယ်..။
အဲ့ဒီအတွက် စိုက်ပျိုးရေး အသိမိတ်ဆွေတော်တော်များများက လက်တွေ့ သဘာဝမြေဩဇာတွေ ဖော်ဆောင် သုံးစွဲလာကြတာကို တွေ့ရပါတယ်..။ ဒါဟာ ဩဂဲနစ်စိုက်ပျိုးရေးစနစ်ကို ကူးပြောင်းရာမှာ အကူအညီဖြစ်လို့ မိမိအနေနဲ့ သဘောကျပါတယ်..။ အင်တာနက်ခေတ်လည်းဖြစ်တာကြောင့် မြေဩဇာလုပ်နည်း အများအပြားကို လည်း အလွယ်တကူ တွေ့မြင်သိရှိနိုင်နေပြီ ဖြစ်ပါတယ်..။
အခုလို ဩဂဲနစ် တစ်ပိုင်တစ်နိုင် လက်လုပ်မြေဩဇာတွေဟာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနဲ့ မြေဆီလွှာ မပျက်စီးရေးအတွက် ကောင်းမွန်ပြီး ကောင်းကျိုးများစွာ ရှိတာတော့ မှန်ပါတယ်..။ ဒါပေမယ့်လည်း ဘယ်အရာ မဆို အကောင်း၊ အဆိုး ဒွန်တွဲနေတာဖြစ်လို့ ဩဂဲနစ်မြေဩဇာတေွမှာလည်း ဆိုးကျိုးအချို့ရှိနေသေးပြီး သတိပြု နားလည်စေဖို့ ဖော်ပြလိုက်ပါတယ်..။
(၁) အပင်အာဟာရဓာတ် ပါဝင်မှု
အပင်အာဟာရဓာတ်များဖြစ်တဲ့ နိုက်ထရိုဂျင် (N) ၊ ဖော့စဖရပ် (P) ၊ ပိုတက်စီယမ် (K) နဲ့ တခြား အနည်း လိုအာဟာရဓာတ်တွေဟာ သဘာဝမြေဆွေးနှင့် အပုတ်ခံရည် အချဉ်ဖောက်ရည်များထဲမှာ ပါနိုင်ပါတယ်..။ ဒါပေမဲ့ အသုံးပြုတဲ့ ကုန်ကြမ်းအလိုက် ဘယ်လောက် ဘယ်လိုပါဝင်တယ်ဆိုတာကိုတော့ တွက်ဆမရနိုင်ပါဘူး..။ ဒါ့အပြင် ပါဝင်တဲ့ ကိန်းတန်ဖိုးအရလည်း နည်းပါးပါတယ်..။ တစ်ခါတစ်ခါလုပ်တိုင်း လုပ်နည်းမတူညီမှု အခြေအနေ မတူညီမှုတွေကြောင့် အပင်အာဟာရတန်ဖိုးပါဝင်မှုတွေ ပုံသေပါမှာ မဟုတ်ပါဘူး..။
(၂) အပင်လောင်ကျွမ်းမှု
ငါးအမိုင်နိုနဲ့ အချို့သော အချဉ်ဖောက်ရည်များမှာ အက်ဆစ်ဓာတ် (pH တန်ဖိုး နိမ့်ခြင်း) ရှိလို့ အပင်ကို လောင် စေနိုင်သော အာနိသင် (Phytotoxicity) ရှိပါတယ်..။ ဆိုတော့ တိကျမှန်ကန်တဲ့ နှုန်းထားဖြင့်သာ သုံးသင့်ပါ တယ်..။ အပင်ရဲ့သက်တမ်းနဲ့အခြေအနေပေါ်မှာလည်း မူတည်ပါတယ်..။ အစမ်းသဘောမျိုးအနေနဲ့ အရင် လေးငါးဆယ်ပင်ကို ကြိုဖျန်းပြီး အခြေအနေကို အကဲခတ်သင့်ပါတယ်..။ မြေဆွေးလိုမျိုးတွေကတော့ ထွေထွေ ထူးထူး ပြသနာမရှိပါဘူး..။ ဒါပေမဲ့ တိရိစ္ဆာန်အညစ်အကြေးတွေ ကောင်းစွာမဆွေးမြည့်ခြင်းက အပင်အတွက် အန္တရာယ်ရှိသော ဓာတ်ငွေ့များ ပါနိုင်လို့ အပင်ကို လောင်တာမျိုးဖြစ်နိုင်ပါတယ်..။ ဆိုတော့..ကောင်းကောင်း ဆွေးမြေ့အောင်ထား၊ မွပြီး မြေသင်းရနံ့ သင်းလာမှသာ သုံးသင့်ပါတယ်..။
(၃) အချိန်ကြာခြင်း
တိရိစ္ဆာန်အညစ်အကြေးတွေ ကောင်းစွာ ဆွေးမြေ့ခြင်း ဖြစ်ဖို့၊ တီကျစ်စာများပြုလုပ်ဖို့၊ ငါးအမိုင်နို နဲ့ အခြားသော ဩဂဲနစ် ရွက်ဖျန်းဆေးများပြုလုပ်ဖို့ ဆိုတာတွေဟာ ပြုလုပ်ချိန်ပေးရပါတယ်..။ စောင့်ရတဲ့ရက်တွေရှိပါတယ်..။ ဆိုင်တွေမှာ တန်းဝယ်ဖို့ဆိုလည်း ဆိုင်တိုင်း ရှိချင်မှ ရှိပါမယ်..။ မြေတွင်းမှာဆိုရင်လည်း အပင်အာဟာရဓာတ်များ ရရှိစေနိုင်ဖို့ဆိုရင် ဓာတ်ပြုမှုတွေ တဖြည်းဖြည်းနဲ့ဖြစ်ပြီးမှသာ ထုတ်လွှတ်ပါတယ်..။ ဆိုတော့..အပင်တွေ အာဟာရ အရမ်း ချို့တဲ့ လိုနေပြီဆိုရင်တော့ အချိန်မီကျွေးဖို့ ခက်ခဲနိုင်တဲ့ ပြဿနာရှိပါတယ်..။
(၄) ပမာဏများများ သုံးရခြင်း
အထက်ကဖော်ပြခဲ့သလို အသုံးပြုတဲ့ကုန်ကြမ်းအလိုက် အပင်အာဟာရဓာတ်တွေ ဘယ်လို ဘယ်လောက် ပါဝင် တယ်ဆိုတာ အလွယ်တကူမသိရှိနိုင်သလို ပါဝင်တဲ့အပင်အာဟာရ ဓာတ်ပစ္စည်းတွေရဲ့ တန်ဖိုးတွေကလည်း နည်းလေ့ရှိတာကြောင့် မြေဆွေးတေွကို ပမာဏများများ အပိုဆောင်း သုံးပေးရတတ်ပါတယ်..။ ကောက်ရိုး၊ သစ်ရွက်ခြောက်နဲ့ နွားချေး မြေဆွေးတွေမှာဆိုရင် တစ်တန်စာလောက်မှာတောင်မှ နိုက်ထရိုဂျင် အနည်းငယ်သာ ပါနိုင်ပါတယ်..။ ဒီအချက်ကြောင့် ပမာဏများစွာ လိုအပ်တာ၊ လူအားများ ပိုလိုတာတွေကို ဖြစ်စေပါတယ်..။
(၅) လူကျန်းမာရေး
ကောင်းစွာ မဆွေးမြည့်သေးတဲ့ တိရစ္ဆာန်အညစ်အကြေးတွေ၊ ငါးတေွမှာ လူကိုရောဂါဖြစ်စေနိုင်တဲ့ အဏုဇီဝ ပိုးတွေ ပါနိုင်ပါတယ်..။ ဒါ့ကြောင့် တချို့သူတွေက ကုန်ကြမ်းတွေကို အပူပေးခြင်း၊ နေပြခြင်း၊ UV နဲ့ ပိုးသတ်ခြင်း တို့ကို လုပ်ဆောင်ကြပါတယ်..။ တချို့ကလည်း အီးအမ်၊ ထရိုင်ခိုဒါးမား စတဲ့ အကျိုးပြု အဏုဇီဝပိုးတွေကို သုံးပြီး ဆွေးမြည့်မှုကို အရှိန်တင်ကြပါတယ်..။ ဒီမှာ အရေးကြီးတဲ့ ပြဿနာဖြစ်လာတာကတော့ ပဋိဇီဝဆေး (Antibiotics) တေွရဲ့ ဓာတ်ကြွင်းပြဿနာပါပဲ..။ မွေးမြူရေးလုပ်ငန်းနဲ့ ရေလုပ်ငန်းများတွေမှာ ပဋိဇီဝဆေး (Antibiotics) အများအပြား သုံးစွဲနေပါတယ်..။ အဲ့ဒီဆေးတွေဟာ တိရစ္ဆာန်အညစ်အကြေးတွေမှာ ပါလာနိုင်ပြီး မိမိစိုက်တဲ့အပင်များဆီ ရောက်ရှိနိုင်ပါတယ်..။ ပဲ၊ စပါး လိုမျိုး လယ်ယာသီးနှံတွေမှာ ပြဿနာမရှိပေမယ့် အရွက်စားအပင်တွေ၊ ဥပမာ ကွမ်း၊ ဆလပ်၊ မုန်ညှင်း နဲ့ အသီးပင်တွေဆိုရင်တော့ အစိမ်း တန်းစားတဲ့အတွက် ဆေးတွေပါလာနိုင်ပါတယ်..။ အဲ့ဒါဆိုရင် ရေရှည်မှာ လူအတွက် အဲ့ဒီဆေးတွေ မတိုးတော့တဲ့ ပြဿနာကို ဦးတည်စေနိုင်လို့ သတိပြုသင့်ပါတယ်..။
(၆) ထိရောက်မှု အကျိုးအာနိသင်
အားလုံးသိကြတဲ့အတိုင်း ဩဂဲနစ်မြေဩဇာတွေဟာ အချိန်ယူရပါတယ်..။ ဖြည်းဖြည်းနဲ့ နည်းနည်းချင်း မြန်မာ တိုင်းရင်းဆေးလို အာနိသင်ပြပါတယ်..။ ဆိုတော့.. ချက်ခြင်းလက်ငင်းမှ ကြိုက်တာဆိုသူတွေအတွက်တော့ စိတ် မရှည်ရမှာ အမှန်ပါပဲ..။
အခု ဖော်ပြတဲ့အချက်တွေကို နားလည်တယ်ဆိုရင် ဆောင်ရန်ရှောင်ရန်တွေကို ဂရုပြုမိပြီး ပိုမိုကျစ်လစ်တဲ့ ဩဂဲနစ် စိုက်ပျိုးရေးကိုဖော်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုရေးသားလိုက်ရတာဖြစ်ပါတယ်..။
ဩဂဲနစ်မြေဩဇာတွေရဲ့ ကောင်းကျိုးတွေအကြောင်းကိုလည်း နောက်ထပ်ဆောင်းပါးတစ်ပုဒ်နဲ့ ဖော်ပြပေးသွားပါမယ်..။
ဖုန်းမာန်တိုး (ရေဆင်းရနံ့)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးမြင့်အောင်
လွန်ခဲ့သော ၄ နှစ် ကကောင်းကျိုးဆိုးကျိုးကဒွန်တွဲလျက်ရှိကြရိုးပါ စိတ်ရှည်ရမယ် နည်းလမ်းမှန်ရမယ် မှတ်တမ်းထားပြီးသုံးစွဲရမယ် တွေ့ရှိချက်ကိုလည်းသေချာစီစစ်ပြီးမှတ်သားရမယ် အားနည်းချက်ကိုရှာရမယ် ပြုပြင်ရမယ် ငါလုပ်တာအမှန်လို့တစ်ယူသန်လို့မရပါဘူး ဒီနိုင်ငံမှာက ဓာတ်ခွဲပြီးအဖြေရှာဖို့ခက်ခဲတာပဲ သြဂဲနစ်နည်းပညာများတိုးပွားကြပါစေ
Sun Shwe Myint
လွန်ခဲ့သော ၄ နှစ် ကThanks. Sayar
Aung Myo Thein
လွန်ခဲ့သော ၄ နှစ် ကဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် အခုလို ရှင်းပြပေးတဲ့အတွက်
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးအထူးတင်ပါတယ်
ဦးမြင့်အောင်
လွန်ခဲ့သော ၄ နှစ် ကသိလိုက်ရတဲ့အတွက် သတိပြုစရာတွေ သတိထားမိပါတယ်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024