အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း

ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း

  • မြေဆီလွှာအတွင်းရှိမြေမှုန်များသည် ကြေကွဲပျက်စီးသွားခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ထိုအချိန်တွင် ထယ်နက်နက် ထိုးခြင်းကို မပြုလုပ်သင့်ပါ။
  • ဘိုကာရှီမြေသြဇာ (သို့) အော်ဂဲနစ်မြေဆွေး (သို့) နွားချေး၊ ကြက်ချေးများကို တတ်နိုင်သမျှ ထည့်သွင်းပေးပါ။
  • မြေသားတည်ဆောက်မှုပိုမိုအားကောင်းစေရန် အခြားမြေပြင်ပစ္စည်းများ(ဒိုလိုမိုက်၊ ဂျစ်ပဆမ် နှင့် ဟူးမစ်အက်ဆစ် ပါဝင်သောမြေသြဇာများ)ကို ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။ 
  • မြေဆီလွှာကို ပြန်လည်စုစည်းထိန်းညှိပေးနိုင်သော သစ်စိမ်းမြေသြဇာအပင်(သို့) သက်တမ်းတို အပင်၊ အမြစ်မွှေးများစွာပါရှိသည့်အပင်ငယ်များကို စိုက်ပျိုးသင့်ပါသည်။ (ဥပမာ-ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီး၊ ပိုက်ဆံလျှော် စသောပဲများနှင့် နေကြာ)
  • ထိုအပင်များကို သက်တမ်းရင့်သည်အထိ စိုက်ပျိုးထားရန်မလိုအပ်ပါ။ အမြစ်များအားကောင်း သည့်အချိန် ကြဲပက်ပြီး(၁-၂)လခန့်တွင် ထယ်ထိုးထွန်မွှေနိုင်ပါသည်။
  • ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းအပင်များမှ အမြစ်မွှေးများသည် မြေဆီလွှာကြံ့ခိုင်မှုအတွက် အထောက်အပံ့ပေးသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

4
ကိုကောင်းမြတ်စိုး

ကိုကောင်းမြတ်စိုး

လွန်ခဲ့သော ၅ လ က

ပြောပြပေးတာကျေးဇူးပါ

Ayemintun

Ayemintun

လွန်ခဲ့သော ၁၀ လ က

ဆွေးနွေးချင်ပါတယ်

အေးအေးမြင့်

အေးအေးမြင့်

လွန်ခဲ့သော ၁ နှစ် က

နေကြာကိုလည်းထယ်ထိုးမြေမြုပ်ရမှာလားရီင့်

Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၁ နှစ် က

အကြိုက်စုံးပိုက်စံလျှော်ပါ

You

ဆက်စပ်မေးခွန်းများ

‌လယ်ကျန် စပါးအတွက် မြေခံ ဘာသုံးသင့်ပါသလဲ..

အောင်ကိုဦး • ဖြေကြားချက် 1 ခု

ဆင်ငိုမြက်ကို Glyphosate နဲ့လည်းမသေလို့ ဘယ်ဆေးAi နဲ့ဖြန်းရင် အမြစ်ပြတ်မလဲပြန်လည်ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ

Kyaw zin • ဖြေကြားချက် 1 ခု

ဆရာတို့ကျွန်တော့်လယ်ထဲမှာမြေဇာမြက်တေမနိုင်လို့မြေဇာမြက်သတ်ဆေးလေးညွန်းကြပါအုံး

ဦးဝင်းဇော် • ဖြေကြားချက် 4 ခု

Nov 4ရက်နေ့က ရွာတဲ့မိုးကြောင့် နှမ်းတွေက ရေထဲ တစ်ညလောက် နေသွားရတာ။ အခု နေ့ကျ ငိုင် နေတော့လို့ ဘယ်လိုလုပ်ရမလည်းဗျ။ ဘာဆေးသုံးရမလည်း။ လုပ်လို့ရပါအုံးမလား။ အပင်က အပွင့်ပွင့်ချိန်မှာ ဖြစ်သွားတာ။

Zwe Htet • ဖြေကြားချက် 2 ခု

နွားချေးခြောက်နဲ့နှုန်းမြေနဲ့ပဲစပ်ပြီးမြေဆွေးပြုလုပ်လို့အဆင်ပြေလား

Ma Than Than Aye • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။