ကမ္ဘာကြီး ပူလာချိန် အပင်တွေ ဘယ်လို ညှိယူနေကြလဲနဲ့ ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားရမလဲ
တောင်သူဦးကြီးတို့ခင်ဗျာ အခုတလော ရာသီဥတုက တော်တော်ရူးကြောင်ကြောင် ဖြစ်နေတယ်မဟုတ်လား။
မိုးရွာရမယ့်အချိန် မရွာဘဲ နေပူချင်သလိုပူ ပြီးရင် အပူလှိုင်းတွေက ဖြတ်နဲ့။ စက်မှုတော်လှန်ရေးနောက်ပိုင်း ကမ္ဘာ့အပူချိန်က ၁ ဒီဂရီစင်တီဂရိတ်လောက် တက်လာပြီးပြီ။ ဒါတင်မကသေးဘူး ဒီရာစုနှစ်တွေထဲ ၂ ဒီဂရီကနေ ၅ ဒီဂရီအထိ ထပ်ပူလာဦးမယ်လို့ ပညာရှင်တွေက တွက်ထားကြတယ်။ အခုဆိုရင် စူပါအယ်လ်နီညိုရာသီဥတုကလည်းရှိနေပြန်ပါသေးတယ်။
အပင်တွေက ကျွန်တော်တို့လို ပူလို့ဆိုပြီး အရိပ်ထဲ ပြေးပုန်းလို့မရဘူးလေ။ အမြစ်တွယ်ပြီး နေပူထဲမှာပဲ တစ်သက်လုံး နေသွားရတာ။ ဒါပေမဲ့ စိတ်မပူပါနဲ့ အပင်တွေမှာလည်း သူတို့အသက်ရှင်ဖို့အတွက် "ကိုယ်ပိုင်စွမ်းအား" တွေ ရှိကြပါတယ်။ သူတို့ ဘယ်လို စွမ်းဆောင်နေလဲဆိုတာ ပေါ့ပေါ့ပါးပါးလေး လေ့လာကြည့်ရအောင်။
အပင်တွေရဲ့ "အပူဒဏ်ခံ အစွမ်း"
အပူချိန်တက်လာရင် အပင်တွေက ငုတ်တုတ်ထိုင်သေမသွားပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်စနစ်ကို အလိုအလျောက် ပြုပြင်ပြောင်းလဲပစ်လိုက်ကြတယ်။ ဒါကို သိပ္ပံလို Thermal Acclimation (အပူချိန်နှင့် ညှိယူခြင်း) လို့ ခေါ်ပါတယ်။
• အသက်ရှူနှုန်း လျှော့ချတယ် - အပူချိန်တက်ရင် အပင်တွေ အသက်ရှူမြန်ပြီး ကာဗွန်ဓာတ်တွေ ဆုံးရှုံးရမှာစိုးလို့ အသက်ရှူနှုန်းကို ထိန်းချုပ်ပြီး ကာဗွန်ကို ချွေတာပစ်လိုက်တယ်။
• အရွက်မျက်နှာပြင် တိုးချဲ့တယ် -အလင်းဓာတ်များများစုပ်ယူဖို့ အရွက်တွေကို ပိုကျယ်အောင် ဖြန့်ခင်းပစ်လိုက်တယ်။
• အလင်းမှီစုဖွဲ့မှု အပူချိန်ကို မြှင့်တယ် - အပူချိန်မြင့်နေလည်း အလုပ်လုပ်နိုင်အောင် သူတို့ရဲ့ အလင်းမှီစုဖွဲ့ခြင်း (Photosynthesis) စနစ်ကို မြှင့်တင်လိုက်တယ်။
သတိထားရမယ့်အချက်က ဒေသအလိုက် အပင်ချင်း မတူကြသလို စိတ်မကောင်းစရာတစ်ခုက အပင်တိုင်း ဒီလို မညှိယူနိုင်တာပါပဲ။
• အေးတဲ့ဒေသကအပင်တွေကအပူချိန်အတက်အကျ ကြုံဖူးလို့ ညှိယူရလွယ်တယ်။ ပူလာရင် ပိုတောင် ကြီးထွားလာတတ်သေးတယ်။
• ပူအိုက်စိုစွတ်တဲ့ (အပူပိုင်း) ဒေသကအပင်တွေကကျွန်တော်တို့ မြန်မာနိုင်ငံလို အပူပိုင်းနဲ့ မိုးသစ်တောက အပင်တွေကတော့ တစ်နှစ်ပတ်လုံး အပူချိန်တသမတ်တည်း နေသားကျနေလို့၊ ထပ်ပူလာရင် ညှိယူရခက်တယ်။ ကြီးထွားမှု နှေးသွားပြီး အထွက်နှုန်း ကျသွားတတ်တယ်။ပြီးတော့ အပူလှိုင်းဖြတ်တာ၊ မိုးခေါင်တာ တွေနဲ့ ပေါင်းစပ်မိရင် သီးနှံတွေ မျိုးစေ့မအောင်တာ၊ အပင်တွေ အစုလိုက်အပြုံလိုက် ခြောက်သွေ့သေဆုံးတာတွေအထိ ဖြစ်နိုင်ပါတယ်။

ဆိုတော့ တောင်သူဦးကြီးတို့က ဒီလိုမှတ်ထားလို့ရပါတယ်။
၁။ "အပင်လည်း ညှိယူတတ်တယ်"
အပင်တွေဟာ အပူဒဏ်ကို ဇီဝကမ္မစနစ်ပြောင်းပြီး အတတ်နိုင်ဆုံး တုံ့ပြန်စွမ်းဆောင်ကြပါတယ်။
၂။ "အပူပိုင်းအပင်က ပိုထိခိုက်လွယ်တယ်"
ကျွန်တော်တို့ဒေသက သီးနှံ/အပင်တွေဟာ အေးတဲ့ဒေသက အပင်တွေထက် အပူဒဏ်ကို ပိုပြီး မခံနိုင်ကြပါဘူး။
၃။ "မိုးခေါင်ရင် အပူဒဏ် နှစ်ဆဖြစ်တယ်"
အပူချိန်တက်တာအပြင် ရေပြတ်လပ်မှု (ဒဏ်ရာနှစ်ထပ်) က အပင်တွေကို သေစေနိုင်တဲ့အထိ ဆိုးရွားစေပါတယ်။
၄။ "မျိုးစေ့ရွေးချယ်မှုက အနာဂတ်ပါပဲ"
နောင်အနာဂတ်မှာ ပိုပူလာမယ့် ကမ္ဘာကြီးနဲ့အညီ အပူဒဏ်ခံနိုင်စွမ်းမြင့်တဲ့ သီးနှံမျိုးစေ့တွေကို ကြိုတင်ရွေးချယ်စိုက်ပျိုးဖို့ ပြင်ဆင်ထားရပါမယ်။
"နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့... ရာသီဥတုက ဘယ်လိုပဲ ဖောက်ပြန်ပါစေ။
သီးနှံပင်တွေ အသက်ဆက်နိုင်ဖို့ ကြိုးစားနေသလို ကျွန်တော်တို့ တောင်သူတွေဘက်ကလည်း ပိုမိုပြင်းထန်လာမယ့် အပူဒဏ်ကို ရင်ဆိုင်ဖို့ အချိန်မီ ပြင်ဆင်ကြရပါမယ်။ နောင်လာမယ့် စိုက်ပျိုးရာသီတွေမှာ အပူဒဏ်ခံနိုင်ရည်ရှိတဲ့ မျိုးကောင်းမျိုးသန့်တွေကို ကြိုတင်ရွေးချယ်တာ၊ ရေကို စနစ်တကျ သုံးစွဲတာနဲ့ မြေဆီလွှာ အစိုဓာတ် ထိန်းသိမ်းနည်းတွေကို လက်တွေ့အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။"
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အယ်နီညိုအတွက် ကြိုတင်ပြင်ဆင်ခြင်း
ဆက်စပ်မေးခွန်းများ
ရွေးချယ်ပေါင်းသတ်ဆေးတွေဖြစ်တဲ့ Fluazifop-p-butyl နဲ့ Quizalofp-p-ethyl နဲ့ ဘာကွာတာလဲ ကြက်သွန်နီခင်းအတွက် သုံးမလို့ပါ ခါတိုင်းက Quizalofp-p-ethyl သုံးပါတယ် ခု းေဆိုင်က Fluazifop-p-butyl 25EC ပဲရခဲ့ပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
မတ်ပဲမှာပဲမွေဟောက်ဆိုတဲ့မျိုးရဲ့အပင်ပုံကိုယခင်နှစ်ကစိုက်ဖူးသောတောင်သူများထံတွင်ရှိလျှင်ကြည့်ချင်ပါသည်
Zin Wai Aung • ဖြေကြားချက် 1 ခု
ဒီနေ့ညနေ မတ်ပဲကြဲပြီးရိုးပြတ်ကို စက်နဲ့ဖိထားတယ် မနက်ဖြန် ရိုးပြတ်ကို ပေါင်းသတ်ဆေးဖျန်းရင် မတ်ပဲကို ထိနိုင်လားဗျ အန္တာရယ်ရှိလားဗျ ဆေးက ဂလိုင်ဖိုဆိတ်
Aung Zay • ဖြေကြားချက် 3 ခု
မဂ်လာပါ ကျွန်မကရွှေပန်းစိုက် တောင်သူတစ်ယောက်ပါ ရွှေပန်းတွေအပွင့်များများပွင့်အောင် ဘာမြေသြဇာကျွေးရမလဲ ဘယ်လိုပြုစုရမလဲ အပွင့်အားဆေးဘယ်ဆေးတွေဖျန်းသင့်ပါသလဲ စနစ်တကျပြုစုပုံလည်း သိပါရစေ။ အခုရွာမှာရွှေပန်းပွင့်တဲ့မျိုးနဲ့ပန်းသိပ်မပွင့်တဲ့မျိုးဆိုပြီး နှစ်မျိုးရှိတယ်ဆိုပြီးပြောနေကြတယ် ရွှေပန်းက အရပ်ထဲကလူတွေပြောသလိုမျိုးကွဲရှိသလားသိချင်ပါတယ်ရှင်
ဒေါ်ဇာနည်လင်း • ဖြေကြားချက် 2 ခု
ကျဲခင်းထဲကမြက်တွေဘယ်ပေါင်သက်ဆေးသုံးရမလဲဆရာ။
u win zaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (26-30.10.2026)
30/10/2026
မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်
29/10/2026
ဗီဒီယို
ပြောင်းမျိုးကောင်းမကောင်း ဘာတွေကြည့်လဲ?
29/10/2026
သီတင်းကျွတ် ပိတ်ရက်အပြီး ပဲဈေးများ ကျဆင်း
29/10/2026
မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ဖို့ ဘာကြောင့်လိုအပ်တာလဲ?
28/10/2026
More from သော်ဇင်
အားလုံး
ဆေးလောင်လို့ နွမ်းလျတဲ့အပင်ကို “သကြားရည်” နဲ့ ပြန်အသက်သွင်းကြစို့်
21/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
မီးထွန်းကြာချိန်ပေါ်မူတည်၍ ဂန္ဓမာပင်၏ မတူညီသော တုံ့ပြန်မှုများ
31/08/2026