အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အုန်းပင်ကနေ နဂါးထွက်မလာပါ

အုန်းပင်ကနေ နဂါးထွက်မလာပါ

လိုင်းလေးဖွင့်ပြီး ဖေ့စ်ဘွတ်သုံးတော့ စိုက်ပျိုးရေးရာဗဟုသုတဂရုထဲမှာ ထိုင်းနိုင်ငံသားတွေ ထင်ပါရဲ့။ အုန်းပင်ဘေးကထွက်နေတဲ့ နဂါးလိုလိုအတွန့်တွေကို ထိုင်ကန်တော့နေကြတဲ့ ပုံလေးတွေ့ လိုက်မိတယ်။ ထုံးစံအတိုင်း ကော့မန့်မှာ တစ်ယောက်တစ်ခွန်း ဆွေးနွေးနေကြတာပေါ့။

ဒါ့ကြောင့် ကျွန်မလည်း နဂါးတော့ မဖြစ်နိုင်ကောင်းပါဘူး။ အုန်းပင်မှာ တစ်ခုခုဖြစ်တာပဲ ဖြစ်နိုင်တယ်။ ရောဂါလား၊ ပိုးလား၊ အာဟာရကြောင့်လားဆိုပြီး လေ့လာဖတ်ရှုကြည့်မိတော့ အဖြေကို သွားတွေ့မိ ပါတယ်။

ဒီတော့ ကျွန်မလေ့လာမိသလောက်လေးကို တခြားသူတွေပါ ဗဟုသုတရအောင် အစိမ်းရောင်လမ်း ကနေ မျှဝေပေးလိုက်ပါတယ်။

ရှာဖွေကြည့်မိတဲ့ ဆောင်းပါးတွေကတော့ ဒီလိုဖြစ်ရတဲ့လက္ခဏာဟာ ဘိုရွန်ချို့တဲ့မှုကို ညွှန်ပြနေတာပါတဲ့။ ဘာကြောင့်လဲဆိုရင်တော့ အောက်မှာပြောပြထားတဲ့ အချက် ၁၃ ချက်ကို ကြည့်ကြည့် လိုက်ပါရှင့်။

(၁) အလင်းဖောက်နိုင်တဲ့ ကန့်လန့်ဖြတ်အစင်းတွေနဲ့ အရွက်ပြားပေါ်မှာ တွန့်ခေါက်နေတဲ့ အဖောင်း အကြွတွေကို Dypsis lutescens နဲ့ Syagrus romanzoffiana မျိုးတွေမှာ ဘိုရွန်ချို့တဲ့ရင် မြင်တွေ့ ရမယ့် ပုံစံဖြစ်ပါတယ်။

(၂) Cocos nucifera မျိုးတွေမှာ ဘိုရွန်ချို့တဲ့မယ်ဆိုရင် အရွက်ထိပ်ဖျားတွေမှာ (ရွက်ချိတ်ပုံစံ) ရွက်ထိပ်ဖျားတွေမှာ Zigzag ပုံစံဖြစ်နေတာကို မြင်ရမှာပါ။ ဒီလိုဖြစ်နေတာက ခဏတာပဲဖြစ်လေ့ရှိပြီး ဖြစ်ရင်လည်း သိပ်ပြီးတော့မပြင်းထန်ပါဘူး။ အဲ့ရွက်ချိတ်တွေက လုံးဝတောင့်တင်းနေပြီး အရွက်ပြား တွေကို မဖြတ်လိုက်ဘဲ မဖြောင့်တန်းနိုင်တော့ပါဘူး။ တစ်ချို့မျိုးတွေမှာဆိုရင် ရွက်ချိတ်တွေက ကြွေကျတတ်ပါတယ်။

(၃) Syagrus romanzoffiana မျိုးမှာဆိုရင်လည်း အုန်းကိုင်းအရင်းကနေ အသစ်ထွက်တဲ့ ထိပ်ဖျားပိုင်းထိ အဖျားရှူးသွားတဲ့ ပုံစံမျိုးနဲ့ ဘိုရွန်ချို့တဲ့တာကို ပြသပါတယ်။ အဲ့အရွက်တွေက ကြွေကျ သွားပြီး ရွက်ထိပ်ပိုင်းမှာ ဘာမှမကျန်ခဲ့တော့တဲ့ ပုံစံမျိုးပါ ပြသပါတယ်။

(၄) Cocos nucifera မျိုးတွေမှာဆိုရင် ဘိုရွန်ဓာတ်ချို့တဲ့မှုက ရွက်ထိပ်ဖျားတွေမှာ ခဏပဲပြသပါတယ်။ အုန်းကိုင်းရဲ့အလယ် အရွက်တွေဖွံဖြိုးနေစဉ်မှာ ဆက်တိုက် မိုး ၁၀ ရက်လောက် အပြင်းအထန် ရွာသွန်းမယ်ဆိုရင်တော့ ပုံထဲကလိုမျိုး ဖြစ်သွားနိုင်ပါတယ်။

(၅) Phoenix sylvestris မျိုးတွေမှာ ချို့တဲ့မှုကြာရှည်နေပြီဆိုရင်တော့ အပင်ရဲ့ထိပ်ဆုံးမှာ ရှိတဲ့ စပီးယားလိဖ့် (အရွက်နု)တွေ ပုံမှန်အတိုင်း မပွင့်တာကို တွေ့ရပါလိမ့်မယ်။

(၆) Adonidia merrillii မျိုးတွေမှာ အုန်းပင်ရဲ့ ပင်စည်ကြီးက ခါးလယ်ကနေ ကွေးကျနေတာမျိုး ဆိုရင်လည်း အဲ့ဒါက ဘိုရွန်ချို့တဲ့နေတာကို ပြသနေတာပါ။

(၇) ဘိုရွန်ချို့တဲ့တာ ကြာရှည်မယ်ဆိုရင် Roystonea regia မျိုးတွေမှာ ကိုင်းက အပြင်ဘက်ကို ကော့ ထွက်လာပြီး အောက်ကိုကျနေတဲ့ လက္ခဏာတွေ ပြသနေပါတယ်။

(၈) အရွက်ညှာတွေက လိမ်ပြီး အရွက်တွေပါ လိမ်လာတဲ့အတွက် အရွက်သစ်တွေက ပင်စည် တစ်လျှောက် အောက်ကိုထိုးကျနေပြီဆိုရင် ဘိုရွန်ချို့တဲ့နေတာပါပဲ။ Adonidia merrillii  မျိုးတွေမှာ ဖြစ်တတ်ပါတယ်။

(၉) အပီနက်စတစ်လို့ခေါ်တဲ့ အရွက်တွေဝါလာခြင်း၊ အရွက်တွေကြွေကျလာခြင်း၊ အရွက်တွေ လိမ်လာခြင်း၊ အရွက်နုတွေကြွေကျခြင်း လက္ခဏာတွေဟာ indoleacetic acid ပြိုကွဲမှုဖြစ်စဉ်မှာ ဘိုရွန်ချို့တဲ့မှုကြောင့်ဖြစ်ရပြီး ဒါကြောင့်ပဲ အရွက်အတွင်း Auxin ဓာတ် ပါဝင်မှု များပြားလာရပါတယ်။ ဘိုရွန်ချို့တဲ့လာပြီဆိုရင် အကိုင်းတွေက ပုံမှန်အတိုင်းမဟုတ်ဘဲ ထူးဆန်းတဲ့ အနေအထားတွေနဲ့ ထွက်လာတာကို တွေ့ရနိုင်ပါတယ်။ ပုံမှာပြထားတာကတော့ Syagrus romanzoffiana မျိုးမှာ ဘိုရွန်ချို့တဲ့နေတာကို ပြထားပါတယ်။

(၁၀)  Queen Palm လို့ခေါ်တဲ့ အုန်းမျိုးမှာ ဘိုရွန်ချို့တဲ့ရင် အရွက်တွေမှာ အတွန့်အခေါက်တွေ ဖြစ်လာပါတယ်။

(၁၁) Heterospathe elata  မျိုးမှာ ဘိုရွန်ချို့တဲ့ရင် အရွက်တွေကြေမွနေသလိုမျိုး ထွက်လာပါတယ်။ အဲ့ကြေမွနေတဲ့ အရွက်တွေဟာ အကော်ဒီယံ တူရိယာနဲ့တောင်တူလို့ အကော်ဒီယံအရွက်လို့ တောင် ခေါ်ကြပါတယ်။

(၁၂) ဆီအုန်းပင်မှာကျ ဘိုရွန်ချို့တဲ့မှုများပြီး ချို့တဲ့ချိန်ကြာမယ်ဆိုရင် အရွက်နုတွေမှာ အကော်ဒီယံ အရွက်တွေဖြစ်လာနိုင်ပါတယ်။ ထပ်ထွက်လာတဲ့ အရွက်နုသစ်က ပုံမှန်အကောင်းအတိုင်း ထပ်ထွက်လာပြီး အကော်ဒီယံအရွက်တွေကို ကာထားတာကို ပုံမှန်မြင်တွေ့ရ နိုင်ပါတယ်။

(၁၃) ဘိုရွန်ချို့တဲ့ရင် အသီးတွေနုစဉ်မှာပဲကြွေကျနိုင်ပြီး ပန်းခိုင်ရဲ့ထိပ်မှာ တစ်ရှုးသားတွေ အများကြီးသေနေတာကို ပုံမှာပြထားတဲ့ Sygrus romanzoffiana နဲ့ Cocos nucifera မျိုးမှာမြင်နိုင်ပါတယ်။

 

ဘိုရွန်ကဘာကြောင့်ချို့တဲ့တာလဲ

မြေဆီလွှာခြောက်သွေ့ခြင်းနဲ့ မြေချဉ်ငန်ကိန်း မြင့်မားတာကြောင့် ဘိုရွန်ကချို့တဲ့တာပါ။ မြေဆီလွှာထဲ ရေစိမ့်ဝင်မှုများမယ်ဆိုရင်လည်း ဘိုရွန် ယာယီချို့တဲ့နိုင်ပါသေးတယ်။

ဘိုရွန်ချို့တဲ့မယ်ဆိုရင် ဘိုရပ် ဒါမှမဟုတ် ဆိုဒီယမ် တက်ထြာဘိုရိတ်ကို ရေ ၁ လီတာမှာ ၂ ဂရမ် (၀.၂%) နှုန်း ၊ တစ်ပင်ကို ၇၅ - ၁၀၀ ml နှုန်းနဲ့ ဖျန်းနိုင်ပြီး ကာကွယ်ဖို့အတွက် ဘိုရပ်၊ ဆိုဒီယမ် တက်ထြာဘိုရိတ် နဲ့ အော့တာဘိုရိတ် တစ်မျိုးမျိုးကို ၁၅ - ၂၀ ဂရမ်နှုန်း ဖျန်းနိုင်ပါတယ်။

ref: https://vikaspedia.in/agriculture/crop-production/integrated-pest-managment/ipm-strategies-for-coconut/nutritional-deficiencies-disorders#:~:text=Boron%20deficiency%20is%20caused%20by,are%20replaced%20by%20younger%20leaves.

http://idtools.org/id/palms/symptoms/factsheet.php?name=Boron+Deficiency

photo crd

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

2
Than Htite

Than Htite

လွန်ခဲ့သော ၃ နှစ် က

လက်ချားနဲ့တူးလား

Than Htite

Than Htite

လွန်ခဲ့သော ၃ နှစ် က

ဘိုရွန်ကိုဒေသအခေါ်အဝေါ်ဘယ်လိုခေါ်ပါသလဲ

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။