အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နှမ်းသီးနှံ ကယ်စီယမ်ဓာတ်ချို့တဲ့မှုကိုကုသကြမယ်

နှမ်းသီးနှံ ကယ်စီယမ်ဓာတ်ချို့တဲ့မှုကိုကုသကြမယ်

မြတ်စုဝေ
မြတ်စုဝေ • 17/12/2021

ကယ်စီယမ်အာဟာရဓာတ်ဟာ ဆဲလ်နံရံနဲ့ ဆဲအမြှေးပါးဖြစ်ပေါ်ဖို့ အပင်၏ ရေဓာတ်ထိန်းနိုင်မှုကြောင့် အပင်တိုင်းအတွက် ပမာဏအများအပြားလိုအပ်ပါတယ်။ နှမ်းသီးနှံ ကြီးထွားမှုအဆင့်အတိုင်းတွင် ကယ်စီယမ်ဓာတ် လိုအပ်လျှက်ရှိပါတယ်။ ပန်းပွင့်ချိန်နဲ့ အစေ့အဆန်တည်ချိန်မှာ ပိုလိုအပ်ပါတယ်။ ကယ်စီယမ်ဓာတ်လုံလုံလောက်လောက်ကို အပင်က ရရှိပါက ရေငတ်ဒဏ်ကို အတော်အသင့်ခံနိုင်ရည်လဲ ရှိပြီးသားပဲဖြစ်ပါတယ်။

ကယ်စီယမ်ဓာတ်ဟာ မြေဆီလွှာ နဲ့ အပင်တစ်ရှူးတွေထဲမှာ မရွေးလျားနိုင်ပါဘူး။ သူဟာ အပင် ရေကြော (xylem) ထဲမှသာ အပင်အစိတ်အပိုင်းတွေကို ရွေးလျားနိုင်ပေမဲ့ အသစ်ဖြစ်တဲ့ ဆဲလ်လေးတွေ နဲ့ အပင်ထိပ်ပိုင်းကို ရွေ့ဖို့ခက်တာကို တွေ့ရပါတယ်။ ဒီလို ရွေ့လျားမှုနှေးကွေးခြင်းကြောင့် မြေထဲမှာ ကယ်စီယမ်ဓာတ် မြင့်မားသော်လည်း ချို့တဲ့မှု လက္ခဏာများဖြစ်တတ်ပါတယ်။ ဒါကြောင့် သူကို့လုံလောက်စွာ အသုံးပြုပေးဖို့လိုအပ်ပါတယ်။

ကယ်စီယမ် ချို့တဲ့ပါက

သူ၏ ရွေ့လျားမှုနှေးသောကြောင့် အပင်ထိပ်ပိုင်း အရွက်နု၊ အညွှန့် နဲ့ အသီးသန္ဓေတည်မှုတို့မှာ အများဆုံးတွေ့ရပါတယ်။ နောက်ပီး ပန်းပွင့် သန္ဓေမအောင်ခြင်းများ၊ အဖူး အရွက်ထိပ်များ ညိုးခြောက်ခြင်း ‌တွန့်လိမ်ခြင်းများအပြင်တစ်ချို့ သီးနှံတွေမှာဆို blossom end rot ရောဂါတွေပါ ဖြစ်ပွားတတ်ပါတယ်။

ဘာကြောင့် ချို့တဲ့တာလဲ?

- ဆိုဒီယမ်ဆားပေါက်မြေများ (sodic soil)

(အကယ်၍ ကယ်စီယမ် နဲ့ ရေလုံလုံလောက်လောက်ရနေမယ်ဆိုပါက ဆိုဒီယမ်နေရာမှာ ကယ်ဆီယမ်အစားထိုးခြင်းဖြင့် အလွယ်တကူပြုပြင်နိင်မှာပဲဖြစ်ပါတယ်။ အပူပိုင်းဒေသဖြစ်လို့ ကျောက်မှုန့်ကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ မြေတစ်ဧကလျှင် ၂၂-၂၅ကီလို ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။)

- မြေချဥ်ငန်ဓာတ်လျော့နည်းခြင်း (နှမ်းစိုက်ဒေသတွေမှာ မတွေ့ရတာများပါတယ်)

- လွန်စွာရေငတ်ခြင်း (သူက အပင်ရေကြောထဲက သွားရသောကြောင့် ရေငတ်ပါက သူအတွက် ခက်ခဲတာပဲဖြစ်ပါတယ်။)

- သီးနှံမှာ နိုက်ထရိုဂျင် သို့မဟုတ် ပိုတက်ဆီယမ်ဓာတ်များနေခြင်း (နိုက်ထရိုဂျင်ဓာတ်များပါက မြေချဥ်တဲ့ဘက်ကို ရောက်တဲ့အခါ ကယ်စီယမ်ဓာတ်အတွက် အဟန့်အတားဖြစ်စေပါတယ်။

ပိုတတ်ဆီယမ်များနေပါက ကယ်စီယမ်နေရာမှာ ဖလှယ်အစားထိုးခြင်းကို ဖြစ်စေသောကြောင့်ဖြစ်ပါတယ်။ အဓိက ကတော့ ညီတူမျှတူဖြစ်ဖို့လိုအပ်ပါတယ်။

- မြေဆီလွှာရဲ့ မြေဆွေးဓာတ် (organic matter) နည်းနေပါကလဲ ကယ်စီယမ်သာမက မည်သည့် အာဟာရဓာတ်အတွက် အဟန့်အတားများဖြစ်စေပါတယ်။

မြန်မာနိုင်ငံရဲ့ နှမ်းသီးနှံ အများစုစိုက်ပျိုးတဲ့ အပူပိုင်းဒေသ မြေချဥ်ငန်ဓာတ်မြင့်တဲ့နေရာတွေမှာ ကယ်စီယမ်ဓာတ်များ မြေအတွင်းပေါများစွာရှိနေသော် တစ်ခါတစ်ရံ သတိမထားမိပဲ ဆိုဒီယမ်ဆားပေါက်မြေများဖြစ်နေတတ်တာမို့ မြေချဥ်ငံဓာတ်ပြင်ပြီးသားလဲဖြစ်အောင် မြေခံမှာကျောက်မှုန့်ထည့်ပေးခြင်းဖြင့် ကယ်စီယမ်အာဟာရဓာတ်ကို ပိုမိုအသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျမ်းကိုး

 

https://www.yara.co.uk/crop-nutrition/oilseed-rape/

https://www.mdpi.com/2073-4395/9/12/819/htm

https://www.croplife.com/crop-inputs/the-importance-of-calcium-in-plant-nutrition/%3famp

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါ

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။