အနည်းလိုအာဟာရဓာတ်ရဲ့ စွမ်းဆောင်နိုင်မှုများ
အနည်းလိုအာဟာရတွေအကြောင်း ဖော်ပြပေးပြီးပြီဆိုတော့ ခုတစ်ခါ အနည်းလိုအာဟာရတစ်ခုချင်းစီရဲ့ စွမ်းဆောင်မှု တွေကို ဖော်ပြလိုက်ပါတယ်။
၁။ ဘိုရွန်( Boron)
အဖိုဝတ်မှုန်တွေ ဖြစ်ထွန်းအောင်မြင်စေတယ်။ ဝတ်ဆံမနဲ့ မြန်ဆန်စွာပေါင်းစပ်စေပြီး မျိုးကူးစပ်မှု ကောင်းစေတယ်။ အစေ့အဆံပြည့်ဝတဲ့ မျိုးစေ့တွေ ရစေတယ်။ မျိုးစေ့ရဲ့ အပင်ပေါက်စွမ်းအား ကောင်းစေပြီး အပင်ကို ကြီးထွား သန်မာစေတယ်။ ပရိုတိန်းဖြစ်ပေါ်ခြင်းနဲ့ အပင်အတွင်း အာဟာရဓာတ် (သကြား) များ အစိတ်အပိုင်း အသီးသီးကို ရွေ့လျားပို့ဆောင်ခြင်းဖြစ်စဉ်မှာ ကောင်းမွန်စေတယ်။ သစ်တောသစ်ပင်တွေ ဖြစ်ထွန်းမှု ကောင်းစေတယ်။ သစ်အရည် အသွေး (Wood quality) မြင့်မားစေတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးပင်တို့ အရည်အသွေးနဲ့ သိုလှောင် သက်တမ်း တိုးတက်ကြာရှည်စေတယ်။ ဘိုရွန်အပြည့်အဝရတဲ့ ထောပတ်ပင်ကအသီးဟာ အလုံးအရွယ်ကြီးထွား လှပ တယ်။ ပေါ်ချိန်လဲစောလို့ ဈေးကွက်မှာဈေးရတယ်။ မြေပဲဆန် ချိုင့်ပြီး အစေ့အဆံမပြည့်တာဟာ ဘိုရွန် ချို့တဲ့တာ ကြောင့်ဖြစ်တယ်။ ဈေးကွက်မှာ ဈေးမရဘူး။ ဘိုရွန်ချို့တဲ့သော မြေမှာစိုက်တဲ့ ယူကလစ်ပင်ဟာ ပုံမှန်အတိုင်းအပေါ် (Vertical Growth) ကိုမတက်ဘဲ မြေနဲ့ တစ်ပြေးညီ(horizonral growth) ပေါက်ရောက်တာကို ယူနန်ပြည်နယ်၊ ကူမင်းမြို့တော်နား ဒေသတစ်ခု (Chuxiong) မှာ တွေ့ရတဲ့ သာဓက ရှိပါတယ်။
၂။ ကြေးနီ(Copper)
အပင်ရဲ့ စိမ်းရောင်ခြယ်ပစ္စည်း(ကလိုရိုဖီး) မှာပါဝင်တယ်။ အပင်တွင်းအင်ဇိုင်း (Enzyme) အတော်များများရဲ့ အစိတ် အပိုင်းမှာ ပါတယ်။ အပင်အစာချက်လုပ်ငန်းမှာ ဆက်စပ်မှုရှိတယ်၊ ဘိုရွန်လိုပဲ သစ်တောသစ်ပင်ရဲ့ အပင်ပုံစံ(tree from) ကောင်းစေတယ်။ သစ်အရည်အသွေး( wood quality) ကောင်းစေတယ်။
၃။ သံဓာတ် (Iron)
အနည်းလို အာဟာရတွေထဲမှာ အများဆုံးဖြစ်တဲ့ သံဓာတ်ရဲ့ ပါဝင်မှုပတ်သက်မှုတွေကတော့ စိမ်းရောင်ခြယ်ပစ္စည်း ဖြစ်စဉ်၊ ကာဘိုဟိုက်ဒရိတ် ထုတ်လုပ်မှုနဲ့ အသက်ရှု လုပ်ငန်းတွေဖြစ်ပါတယ်။ ဒါ့ပြင် ဟော်မုန်း (ethylene) ထုတ်လုပ်မှုနဲ့ ပဲပင်တွေက နိုက်ထရိုဂျင်ကို မြစ်ဖုတွေကတစ်ဆင့် ရယူထားတဲ့ ဖြစ်စဉ်မှာလည်း ဆက်စပ်ပါတယ်။
၄။ မဂၢနိ(Manganese)
အစာချက်လုပ်ငန်းမှာ ပါဝင်တယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ချေဖျက်ခြင်းမှာ ဆက်စပ်ပါဝင်ပါတယ်။ အင်ဇိုင်းတွေရဲ့ လုပ်ငန်းများ သွက်လက်မြန်ဆန်ဖို့ အထောက်အကူပြုပါတယ်။
၅။ မိုလစ်ဒီနမ် (Molybodenum)
အင်ဇိုင်း nitrate redu-ctase ဖြစ်တည်ဖို့လိုတယ်။ အဲ့ဒီဇိုင်းက အပင်ထဲမှာ ရောက်လာတဲ့ နိုက်ထရိတ်(No3) ကို အမိုနီယံ (NH+4) ပြောင်းပေးပါတယ်။ ပဲမျိုးနွယ်ဝင်တွေမှာ ပဲမြစ်ဖု ဘက်တီးရီးယားများ ပွားများပြီး နိုက်ထရိုဂျင် ရစေနိုင်မှု (N2 fixation) ကို အထောက်အကူပြုပါတယ်။ အပင်ထဲရောက်လာတဲ့ အင်ဩဂဲနစ် P ကို ဩဂဲနစ် P ပြောင်းပေးတယ်။ မိုလစ်ဒီနမ်ဟာ စပျစ်အထွက်နဲ့ အရည်အသွေးကို တိုးတက်စေနိုင်ပါတယ်။
၆။ သွပ်ဓာတ် (Zinc)
အပင်တွင်း ကလိုရိုဖီးထုတ်လုပ်မှုနဲ့ ကာဘိုဟိုက်ဒရိတ် ဖြစ်ပေါ်မှုမှာ ပါဝင်ပတ်သက်တယ်။ အစေ့အဆံအောင်ဖို့ အထောက်အကူ ပြုတယ်၊ ရင့်မှည့်မှု မြန်ဆန်စေပါတယ်။
၇။ ကလိုရင်း(CL)
အစာချက်လုပ်ငန်း(Photosynthesis) မှာ အရေးပါတယ်။ ရေမော်လီကျူးပြိုကွဲမှု ဖြစ်စေပြီး အောက်စီဂျင် ခွဲထုတ် ပေးတယ်။ ထန်း၊ အုန်းမျိုးနွယ် အပင်တွေနဲ့ ကီဝီသီးအတွက် လိုအပ်တယ်။ သုံးတာများရင် စပျစ်မှာ လောင်တတ် တယ်။
အကျိုးပြုအာဟာရဓာတ်များ၏ စွမ်းဆောင်နိုင်မှု
အပင်အတွက် မရှိမဖြစ်သတ်မှတ်မှု မရှိသေးပေမယ့် အချို့သီးနှံတွေအတွက် အကျိုးပြုပေးတဲ့ အာဟာရ (beneficial element) (၅) မျိုးရဲ့ စွမ်းဆောင်နိုင်မှုတွေကို ဖော်ပြလိုက်ပါတယ်။
၁။ နစ်ကယ် (Nickel)
မြေထဲထည့်လိုက်တဲ့ ပုလဲမြေဩဇာကို အပင်ကစားသုံးနိုင်အောင် ချေဖျက်ပေးတဲ့ အင်ဇိုင်းယူရိရေ့ (Enzymurease) ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ အပင်ကို ရောဂါဒဏ်ခံနိုင်ရည်ရှိစေတယ်။
၂။ ဆိုဒီယံ(Sodium)
အချို့အပင်တွေအတွက် ပိုတက်စီယံအစားထိုး(K substitute) ဖြစ်တယ်၊ မုန်လာဥနီ (Beet) အတွက်လိုအပ်တယ်။
၃။ ကိုဘော့(Cobalt)
ပဲမျိုးနွယ်တွေအတွက် လေထုထဲကနိုက်ထရိုဂျင်ကို ရယူပေးတဲ့ဖြစ်စဉ် (N2 fixation) မှာ ဆက်စပ်ပါဝင်တယ်။
၄။ စီလီကာ (Silica)
အပင်ရဲ့ ပင်စည်သန်မာကြံ့ခိုင်စေလို့၊ စပါးလိုသီးနှံတွေမှာ အပင်ယိုင်လဲမှု (Lodging) ကိုလျော့နည်းစေတယ်။ ပိုးမွှား ရောဂါဒဏ် ခံနိုင်ရည်ရှိစေတယ်။
၁၃။ အလူမီနီယံ (Aluminium)
လက်ဖက်အတွက် လိုအပ်ချက်ရှိတယ်။
ဦးကျော်စိုး (Soil Scientist)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 0 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....