ငါးသားပေါက်များ ကန်အတွင်းသို့ မထည့်ခင်နှင့် ထည့်သွင်းနေစဉ် စီမံခန့်ခွဲမှု (၁)
(၁)ရေမှော် ဒိုက်ပင်များထိန်းချုပ်ခြင်း
ရေမှော်ပင်၊ ဒိုက်ပင် ကန်အတွင်းရှိနေခြင်းဖြင့်
1. နေရောင်ခြည် ထိုးဖောက်မှုကို တားဆီးသဖြင့် သဘာဝအစားအစာ ဖြစ်ပွားမှုကို အဟန့်အတားဖြစ်စေပါသည်။
2. ကန်ရေရှိ အာဟာရများနှင့် မြေဩဇာကိုစုပ်ယူစေသည်။
3. ရေမှော်ပင်များသည် ဓာတ်ပြို ပြိုကွဲခြင်းမှ အဆိပ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကြောင့် ကန်ရေညစ်ညမ်းပြီး၊ ငါးများကို ရောဂါဖြစ်ပွားစေနိုင်ပါသည်။
ရေမှော်ပင်များကို ထိန်းချုပ်နိုင်သည့်နည်းလမ်းများ
ရေမှော်ပင်များကို မိမိကိုယ်တိုင်လက်ဖြင့် ရှင်းနိုင်ပါသည်။
မှတ်ချက်။ ။ ကန်နှင့် ကန်ဘောင်များတွင် စိုက်ပြီး ကြီးထွားစေနိုင်သည့် အပင်များ (ဥပမာ- ကန်စွန်းရွက်နှင့် အခြားဟင်းသီးဟင်းရွက် အပင်များအား မြေသားကန် သို့ တာပေါ်လင်ကန် ရေမျက်နှာ ပြင်၏ သုံးပုံတစ်ပုံကန် ဖုံးလွှမ်းစေသည် အထိစိုက်ပျိုးပါ။)

(၂) ငါးကန်ဘောင်( တမံ) ပြန်လည်ပြုပြင်ခြင်း
အကယ်၍ ငါးကန်ဘောင်ကျိုးပါက
1. မိုးသည်းထန်စွာ ရွာသွန်းခြင်း (သို့) ရေကြီးရေလျှံစဉ်ကာလအတွင်း ငါးကန်ရေမြုပ်ပါက ငါးအားလုံး ထွက်သွားနိုင်ပါသည်။
2. အသားစားငါးများနှင့် မွေးမြူရေးငါးမဟုတ်သည့် ပြင်ပမှ ငါးများ မိမိငါးကန်အတွင်းသို့ ဝင်ရောက် လာပါက မိမိမွေးမြူထားသော ငါးများကို အန္တာရယ်ပေးနိုင်ပါသည်။
ငါးကန်ဘောင်ပြန်လည်တည်ဆောက်ခြင်း နည်းလမ်းများ
ခြောက်သွေ့သော ရာသီတွင် ငါးကန်ဘောင် အောက်ခြေရှိ ရွှံ့မြေများကို စက်ဖြင့် (သို့) လက်အားဖြင့် ဖယ်ထုတ်ပြီး ငါးကန်ဘောင် တမံကို ကောင်းစွာပြင်ဆင်နိုင်ပါသည်။

(၃) ငါးကန်ဟောင်း အောက်ခြေရှိ ရွှံ့နှုန်းအနည်အနှစ်များကို ဖယ်ရှားခြင်းနှင့် ကန်ကိုအခြောက်ခံခြင်း
ကန်အောက်ခြေတွင် ရွှံ့နှစ်အနည်များ သာမာန်ထက် အလွန်များပြားခြင်းသည်
1. ကန်ရေတွင် အဆိပ်ဓာတ်ငွေ့များ ဖြစ်ပေါ်လာစေသည်။
2. ရေထဲတွင် အောက်စီဂျင်ပါဝင်မှု လျော့နည်းလာမည်။
3. ဆွဲပိုက်ဖြင့် ငါးဖမ်းရာတွင် အခက်အခဲဖြစ်ပေါ်စေလာနိုင်သည်။
ရွှံ့နှစ်နှင့် အနည်များကို ငါးကန်အောက်ခြေမှ ဖမ်းရှားခြင်းနည်းလမ်း
ငါးကန်ဟောင်း အောက်ခြေမှ ပိုနေသည့် ရွှံ့နှစ်အနည်များကို ညီညာစွာဖယ်ပါ။
လက်ကျန်ရွှံ့နှစ်အနည်များကို ဖယ်ရှားပြီးသည့်နောက် အောက်ခြေနေ ဇီဝသက်ရှိများ ပေါက်ဖွားရှင်သန် နိုင်ရန် ၆လက်မခန့် ကန်၏အောက်ခြေတွင် ရွှံ့နှစ်များ ချန်ထားခဲ့ရမည်။
မှတ်ချက်။ ဆောင်းရာသီကုန်ဆုံးပြီးပါက ကန်ခြေရှိ ရွှံ့နှစ် အနည်အနှစ်များကို ၂နှစ် ၁ခါ (သို့) ၃နှစ် ၁ခါ ဖယ်ရှားခြင်းဖြင့် ကန်ကိုအခြောက်ခံပါ။

(၄) အသားစားငါးများနှင့် မွေးမြူရေးငါးမဟုတ်သည် ပြင်ပမှ ငါးများကို ထိန်းချုပ်ခြင်း
အသားစားငါး (ငါးရိုင်း) ကန်အတွင်းရှိနေပါက
မွေးမြူရေး ငါးသားပေါက်များသည် အသားစားငါးများ၏ စားသောက်ခြင်းကိုခံရမည်။ အသားစားငါးတစ်ကောင်အတွက် ၁ကီလိုဂရမ်(၆၃ကျပ်သား) ကြီးထွားစေရန် မွေးမြူထားသော ငါးသားပေါက်များ ၁၀-၁၂ ကီလိုဂရမ် (၁၀ပိဿာမှ ၁၂ ပိဿာခန့်) စားသုံးနိုင်သည်။ဥပမာ(ငါးရံ့၊ ငါးခူ၊ ကကတစ်)
အသားစားငါးများနှင့် မွေးမြူရေးငါးမဟုတ်သည့် ပြင်ပမှငါးများကို ဖယ်ရှားနည်း
မွေးမြူငါးများနှင့် အစာယှဉ်ပြိုင်မှုရှိနိုင်သည်။ မွေးမြူငါးများ စားသုံးမည့် အစာ (ဖြည့်စွက်အစာနှင့် သဘာဝအစာများကို) ၎င်းငါးများက စားသုံးနိုင်သည်။
မွေးမြူရေးငါးများတွင် ရောဂါကူးစက်ပြန့်ပွားနိုင်သည်။
ဆွဲပိုက်ကို သုံးပြီးအထက်ပါ ငါးများကို အကြိမ်ကြိမ်ဖမ်းဆီးခြင်း(သို့) ကန်အခြောက်ခံခြင်း(သို့) လ္ဘက်စေ့ကြိတ်ဖတ် (သို့) ဟုမ်းမြစ်သုံးခြင်း (နောက်ဆုံးအနေဖြင့်သာ အသုံးပြုရန်)

(၅) ငါးရိုင်းသတ်ဆေးအသုံးပြုခြင်း (နောက်ဆုံးအနေဖြင့်သာ အသုံးပြုရန်)
ရိုတီနုန်းဆေးအသုံးပြုခြင်းနည်းစနစ်များ
အသုံးပြုမည့် ရိုတီနုန်းဆေး၏သုံးပုံတစ်ပုံကို ဆေးလုံးများအသွင်ပြုလုပ်ပြီး ကျန်သုံးပုံ နှစ်ပုံကို ရေဖြင့်ဖျော်ပါ။ ဆေးလုံးများကို ကန်အတွင်း နေရာအနှံ့တစ်လုံးချင်းပစ်ထားပါ။ ထို့နောက် အထက်ပါဆေးဖျော်ရည်ကို ကန်ရေပြင်အနှံ့ဖြန်းပါ။ ဆေးဖြန်းထည့်ဖြန်းပြီး ၂၀-၂၅ မိနစ် ကြာပါက ငါးရိုင်းများကို အလွယ်တကူလျင်မြန်စွာ ဖမ်းယူနိုင်ပါသည်။ မြန်မြန်မဖမ်းနိုင်လျှင် ငါးရိုင်းများ ပြန်လည် အသက်ရှင်နိုင်ပါသည်။
ရိုတီနုန်းဆေး (ငါးရိုင်းသတ်ဆေး) အသုံးပြုနိုင်သည့် အချိုးအစား
ကန်၏ရေအနက် ၁ပေ၊ ကန်ဧရိယာ စတုရန်းပေ ၄၀၀ခန့် တစ်ဒက်ဆီမယ်လျှင် ရိုတီနုန်းဆေးအဆ ၂၅-၃၀ ဂရမ် (၂ ကျပ်သားခန့်) လိုအပ်ပါသည်။ အဆိပ်အာနိသင်မှာ ၇ရက်ဖြစ်ပါသည်။
မှတ်ချက်။ ရိုတီနုန်းဆေး ငါးရိုင်းသတ်ဆေးကို ငါးကန်ထဲထည့်သွင်းခြင်းဖြင့် အသားစားငါးများနှင့် မွေးမြူရေးငါးမဟုတ်သည့် ပြင်ပငါးများ(သို့) သဘာဝငါးများကို ဖယ်ရှားနိုင်ပါသည်။ အဆိုပါ ငါးရိုင်းသတ်ဆေး အသုံးပြုခြင်းဖြင့် သေဆုံးသွားသည့် ငါးများကိုမူ စားသုံးနိုင်သည်။

(၆) ငါးကန်ပြုပြင် ကာလထုံးထည့်ခြင်း
1. ငါးကန်ထဲထုံးထည့်ခြင်းဖြင့်
2. ကန်ရေနောက်ကျိမှုကို လျော့နည်းစေသည်။
3. ချဉ်ဖန်နှိုးတိုးလာမည်။
4. မြေဩဇာ၏ အကျိုးအာနိသင်ကို တိုးစေပါသည်။
5. ကပ်ပါးကောင်များနှင့် အဏုဇီဝပိုးများနှင့် ဘက်တီးရီးယားပိုးများကို ပျက်စီးစေနိုင်ပါသည်။
ထုံးထည့်ပုံနည်းစနစ်များ
ရေနှင့်ဖျော်ပြီး ငါးကန်၏ အောက်ခြေကြမ်းပြင်နှင့် ငါးကန်ဘောင်တမံနှင့် ငါးကန်ဘောင်ရေပြင်ပေါ်သို့ မက်ခွက် (သို့) ဇလုံကို သုံး၍ ဖြန်းပေးပါ။ ရိုတီနုန်းထည့်ပြီး ၁-၂ ရက်အကြာတွင် ၎င်းကိုထည့်နိုင်ပါသည်။ ငါးကန်ပြင်ဆင်ချိန်ကာလအတွင်း ၀.၀၁ဧက ကန်အတွက် ထုံးကို ၁ကီလိုဂရမ် ၆၃ကျပ်သားခန့်ဖြူးပေးပါ။

(၇) ငါးကန်ပြင်ဆင်ချိန်ကာလအတွင်းထုံးမြေဩဇာ အသုံးပြုခြင်း
မြေဩဇာကျွေးခြင်းဖြင့်
သဘာဝငါးစာဖြစ်သည့် ရေညှိ၊ အင်းဆက်ငယ်များ၊ တီကောင်ငယ်များကို သံကောင်နှင့် ပိုးကောင်များ ငါးကန်အတွင်း ကြီးထွားဖွံ့ဖြိုးစေပါသည်။
မြေဩဇာ ထည့်သွင်းအသုံးပြုနည်းစနစ်
1. တီဆူပါကို တစ်ညသိပ်ရေစိမ်ထားပါ။
2. နောက်တစ်နေ့ နံနက် ၁၀-၁၁ နာရီခန့်တွင် ပုလဲဓာတ်မြေဩဇာကို ရေဖျော်၍ ညသိပ်ရေစိမ်ထားသော တီဆူပါနှင့် ရောစပ်၍ ကန်ရေပြင်အနှံ့ နှံ့စပ်အောင် ဖျန်းပေးပါ။
ငါးကန်ပြင်ဆင်ချိန်ကာလ မြေဩဇာ ကျွေးရမည့်ပမာဏ
• သစ်ရွက်ဆွေး (သို့) နွားချေးခြောက် ၀.၀၁ဧက ကန်အတွက် ၆-၁၀ ကီလိုဂရမ်( ၃ပိဿာ ၇၅ကျပ်သားမှ ၆ပိဿာခန့်)
• ယူရီယားပုလဲ ၀.၀၁ဧက ကန်အတွက် ၁၅၀-၂၀၀ဂရမ် (၁၀ကျပ်သား- ၁၂ကျပ်ခွဲသားခန့်)
• တီဆူပါ ၇၅-၁၀၀ဂရမ် (၅ကျပ်သား-၆ကျပ်သားခန့်)

အပိုင်း(၂) ကိုဆက်လက်ဖော်ပြပါမည်။
Ref: WorldFish - Myanmar ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ဝေသော မိသားစု တစ်ပိုင်တစ်နိုင် ငါးမွေးမြူခြင်း စီမံခန့်ခွဲမှုစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Marksman
လွန်ခဲ့သော ၃ နှစ် ကဟုန်းမြစ် (မိချောင်းနွယ်) ကို အသုံးပြုပုံလေး သေသေချာချာသိပါရစေခင်ဗျာ ကျွန်တော့်ရဲ့ ကန်အရိုင်းထဲမှာ စုပ်ခွက်မှ စုပ်ခွက်ချည်းပဲ ဖြစ်နေလို့ အဲဒီ နည်းလမ်းသုံးမှ အဆင်ပြေတော့မှာ မို့လို့ပါ 🙏🙏🙏🙏🙏
ဆက်စပ်မေးခွန်းများ
အီးအမ်1ကိုဘယ်မှာဝယ်လို့ရမလဲအသေးစိတ်ပြောပြပေးပါ
ကျော်မျိုးလှိုင် • ဖြေကြားချက် 5 ခု
ကန်ထဲ ရေနည်းလို့ စက်တွင်းရေ သွင်းလို့ရပါသလား။ ရေပုပ်နိုင်ပါသလား
Aung Kyaw Moe • ဖြေကြားချက် 1 ခု
အသစ်တူးထားသည့် ငါးကန်အတွက် ရေသွင်း ရေလှယ်စန် များတပ်ဆင်ချင်လို့ ဘယ်ကိုဆက်သွယ်ရမလဲဗျ။ ၁၅မိုင်ကပါ
Hein Thant • ဖြေကြားချက် 2 ခု
အသစ်တူးဖေါ်ထားသည့် ငါးကန်အတွက် ျရသွင်းရေထုတ်စနစ် လုပ်ချင်လို့ ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမလဲခင်ဗျ
Hein Thant • ဖြေကြားချက် 1 ခု
အကြံပေးကြပါအုံး ငါးကန်မွေးမြူရေးလုပ်ချင်ပါတယ် သိုလှောင်ရေက ဘယ်လောက်ကြာရင် အသစ်ပြန်လဲသင့်လေး ဖြေခဲ့ကျပါအုံး
sanmoetun • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....