သဘာဝနည်းကျ မြေဆီလွှာပြုပြင်ခြင်း
လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေးဆိုင်ရာ သဘာဝပါတ်ဝန်းကျင် ပျက်ဆီးယို ယွင်းမှုဟာ တောင်သူတွေရဲ့ အကျိုးစီးပွားကို တိုက်ရိုက်သက်ရောက်လျက်ရှိပါတယ်။ ရေကြီး ရေလျှံမှုကဲ့သို့ သဘာဝ ဘေးဒဏ်များက မြေဆီလွှာပျက်စီးမှုကို ဖြစ်ပွားစေသလို ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓါတ်မြေဩဇာများကို စနစ်တ ကျ မသုံးစွဲမှုကြောင့်လည်း မြေဆီလွှာပျက်ဆီးမှု ဖြစ်ပွားတတ်ပါတယ်။
အဏုဇီဝနည်းဖြင့် မြေဩဇာပြုလုပ်နည်း
သဘာဝမြေဩဇာ ပြုလုပ်ရာတွင် ကျင်း (သို့) ပလပ်စတစ် ရေလုံမိုးကာဖြင့် အခန်းဖွဲ့၍ ပြုလုပ်နိုင်ပါတယ်။ (အလျား ၁၀ ပေ x အနံ ၁၀ ပေ ကျင်း (သို့) ပလပ်စတစ်အိတ် အခန်းဖွဲ့နိုင်ပါတယ်)
၁။ အောက်ခံအခင်းမှာ ကောက်ရိုး၊ ရိုပြတ်၊ ပဲမှော်(ပဲကြိတ်ဖတ်များ) ခင်းပါ။
၂။ ပဲမှော်နှင့် ရိုးပြတ်ပေါ်မှာ ဖွဲနုနှင့် ဂျစ်ပဆမ်(Gypsum) ဖြူးထည့်ပေးပါ။ အထူအပါးညီပါစေ။
၃။ ထို့နောက် နွားချေး(သစ်ရွက်စိမ်း) ၁ ပေ (သို့) ၆ လက်မ ထည့်သွင်းပါ။
၄။ နွားချေးပေါ်တွင် (ထုံး + ဂျစ်ပဆမ်(Gypsum) + ဖွဲနု) တို့အားထည့်ပါ။
၅။ ၎င်းတို့အပေါ်မှာ အမှိုက်ဆွေး/ ရိုးပြတ်၊ ပဲမှော် (ကြိတ်ဖတ်) တို့ကို ၁ပေ (သို့) ၆ လက်မထု ထည့်ပါ။
၆။ အဆင့်ဆင့်ဆောင်ရွက်ပြီးနောက် မြေဆွေးနဲ့ နွားချေးတို့ကို ရောနှော၍ ၁ပေ (သို့) ၆ လက်မထုဖြင့် ဖုံးအုပ်ပါ။
၇။ ထိုသို့ ပြုလုပ်စီမံပြီးသား မြေဆွေးပုံပေါ် ပလပ်စတစ်အနက်ဖြင့် လေလုံအောင် ဖုံးအုပ်ပေးရပါမယ်။ ပြုလုပ်ပြီးသား မြေဆွေးအား အသုံးမပြုမီ ၁၀ရက် ၁၅ရက်အလို ဖုံးအုပ်ထားသော ပလပ်စတစ်ကို ဖယ်ရှားကာ အထက်အောက် အပြန် အလှန်သမအောင် ရောနှောချိန်မှာ အဏုဇီဝဖျော်ရည်အား ပက်ဖျန်းကာ သမပေးရပါမယ်။ ဖယ်ရှားထားသော ပလပ်စ တစ်အား ပြန်လည်ဖုံးအုပ်ပေးကာ ပီနံအိတ်ထဲမှာထည့်သွင်းပြီး လေလုံအောင် စည်းနှောင်ခြင်းဖြင့် သဘာဝကျကျ မြေဩဇာကို ရရှိစေမှာဖြစ်ပါတယ်။
မှတ်ချက် - ပြီးဆုံက ပလက်စတစ်လုံအောင် ဖုံးအုပ်ပါ။ အသုံးပြုသည့်ရက် (၇-၁၅) ရက်အလို အဏုဇီဝရည် ဖြစ်လာပြီး သုံးစွဲရန် ကျင်းပြုလုပ်ရာမှာ အလျား ၁၀ ပေ x အနံ ၁၀ ပေ x အမြင့် ၁၀ ပေ လုပ်နိုင်သလို အလျား ၆ ပေ x အနံ ၆ ပေ x အမြင့် ၆ ပေ ပြုလုပ်နိုင်ပါတယ်။
သီးနှံအရည်အသွေးတို့မြှင့်ဖို့အတွက် မြေဆီလွှာကို ပြုပြင်ပါ။

Source - Internews နှင့် စိုက်မွေးဆည် ဝန်ကြီးဌာန
ပိုစတာရယူရန် - http://bit.ly/2LXtX0q
ဦးခင်ရှိန်
လွန်ခဲ့သော ၅ နှစ် ကဂေါ်ဒန်ကျောက်မှုန့်ပါ
ဦးခင်ရှိန်
လွန်ခဲ့သော ၅ နှစ် ကထုံးထည့်လို့အဏုဇီဝပိုးခံနိုင်ရည်ရှိပါ့မလားမသိ။
သန့်ဇင်အောင်
လွန်ခဲ့သော ၅ နှစ် ကgypsumဆိုတာဘယ်လိုအရာမှန်းမသိဘူးခဗျ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
နည်းပညာမိတ်ဖက်အဖွဲ့
UNESCO-LIFT
ယူနက်စကိုနှင့်ပြန်ကြားဝန်ကြီးဌာန တို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ခဲ့သော “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အမည်ရှိ အစီအစဉ်များကို တီဗွီနှင့် ရေဒီယို များတွင် ထုတ်လွှင့်ပြသခဲ့ပြီး ယခုအခါ တောင်သူများပြန်လည်လေ့လာနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းပညာနှင့် အင်တာဗျူးအစီအစဉ်များကို ပြန်လည်ဖော်ပြထားပါသည်။ ယူနက်စကိုသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီးပညာရေး၊ သိပ်ပံနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အစီစဉ်မှ ထုတ်လွင့်ခဲ့သည့် တီဗီနှင့် ရေဒီယိုအစီစဉ်များကို အစိမ်းရောင်လမ်း အခမဲ့စိုက်ပျိုးရေးဖုန်းဆော့ဝဲပေါ်တွင် အစအဆုံးပြန်လည် ဖော်ပြထားပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from internews
အားလုံး
ဆပ်ပြာပေါက်မြေ မြေဆီလွှာ ပြုပြင်နည်း
30/07/2018
ဒီရေတောတွေဟာ ဘာကြောင့် လိုအပ်သလဲ?
18/07/2018
တောင်သူများ အတွက် ချေးငွေဆိုင်ရာ သိကောင်းစရာများနှင့် ချေးငွေပုံစံများ
18/07/2018
သင့်မွေးမြူရေးခြံက ကျွဲ၊ နွားတွေ ခွာနာ လျှာနာ ကင်းဝေးစေဖို့
17/07/2018
ကျေးလက်ဒေသအတွက် ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လက်တွေ့အသုံးချဖွယ်ရာအချို့
17/07/2018