လုပ်ရလွယ် တာရှည်ခံတဲ့ ထမင်းနဲ့ သစ်သီးရိက္ခာခြောက်
အလွယ်တကူစားသုံးနိုင်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ အခြောက်အခြမ်း အစားအစာတွေက အရသာရှိရုံသာမက အာဟာရလည်း ပေါကြွယ်ဝစွာရှိနေပါသေးတယ်။ အခြောက်ခံတဲ့အချိန်မှာ ဗီတာမင်ဘီ၊ စီဓာတ်တွေက ဆုံးရှံးသွားပေမဲ့ အမျှင်ဓာတ်တွေကကြွယ်ဝနေဆဲပါ။ ငွေကိုချွေတာနိုင်ပြီး ဗိုက်ဆာနေချိန် ချက်ပြုတ်ရသက်သာစေတဲ့ ထမင်းခြောက်လုပ်နည်းနဲ့ သစ်သီးခြောက်ပြုလုပ်နည်းကို ဦးကြီးတို့အိမ်မှာ အလွယ်တကူပြုလုပ်နိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။
ထမင်းခြောက်ပြုလုပ်နည်း
ဆန် ‘တစ်’ပြည်ကို ထည့်နေကျ ပုံမှန်အချိုးအစားတိုင်း ရေကိုထည့်ကာ ဆား ၂ ဇွန်းခန့်ထည့်ပြီး ချက်ရပါမယ်။ ချက်ပြီးသွားတဲ့အခါ ထမင်းကိုအခြောက်ခံမယ့်လင်ဗန်းထဲမှာ ညီညာစွာဖြန့်ဖြူးပြီး နေရောင်ခြည်ကောင်းမွန်စွာရတဲ့နေရာမှာ ၆ နာရီကနေ ၈ နာရီကြာအောင် နေလှန်းရုံပါ။ ရလာတဲ့ထမင်းခြောက်လေးတွေကိုတော့ ဆီထည့်ကာ မီးအေးအေးလေးနဲ့ နည်းနည်းချင်းဆီခွဲကြော်ရပါမယ်။ အရသာပိုမိုကောင်းမွန်စေလိုလျှင် ဆား၊ ချင်းနဲ့ ငရုတ်ကောင်းစေ့အနည်းငယ် ကျက်အောင်လှော်ကာ လေလုံသောဘူးတွင်ထည့်ထားပြီး ထမင်းခြောက်နဲ့အတူ ရောယှက်စားသုံးနိုင်ပါတယ်။
သီးသန့်မလုပ်ချင်ဘူးဆိုရင်တော့ တစ်နေ့ထမင်းစားလို့ကျန်တဲ့ ထမင်းကျန်လေးတွေကို ရေနဲ့ဆေးပြီး နေလှန်းထားရင်လည်း ရပါတယ်။
သစ်သီးခြောက်ပြုလုပ်နည်း
အခြောက်ပြုလုပ်မဲ့အသီးကို အလည်အူတိုင်၊ အစေ့၊ အခွံတို့ကိုခွာ၊ အခြောက်မြန်စေရန် အခြမ်းပါးပါးလေးလှီးပြီး သစ်သီးဆတူခန့်ရှိသော ဆူပွက်နေသောရေထဲသို့ သကြား ၄ ဇွန်း၊ သံပုရာရည် ၁ ဇွန်းနဲ့အတူ သစ်သီးတွေကို၂ မိနစ်ကြာအောင် ထားရပါမယ်။ သင်္ဘောသီးဆိုရင်တော့ ၁၀ မိနစ်ထားပေးရပါတယ်။ နေပူပူမှာ ၄-၅ နာရီခန့် ၂ ရက်လောက်ထားလိုက်ရင်တော့ ၁ နှစ်လောက်အထားခံတဲ့ အချိုခြောက်လေးရပါပြီ။ ဒီနည်းလေးက အဆာပြေအနေနဲ့ပဲဖြစ်ဖြစ်အချိုပွဲအနေနဲ့စားသုံးရာတွင်လည်း လွယ်ကူမြန်ဆန်တဲ့ သစ်သီးခြောက်ပြုလုပ်နည်းလေးပါ။
အခြောက်ခံရန်အတွက် အသင့်တော်ဆုံးအစားအစာများ
သစ်သီးဝလံများ-ပန်းသီး၊ ငှက်ပျော၊ ဆီးသီး၊ သစ်တော်သီး။
ဟင်းသီးဟင်းရွက်များ- ဥနီ၊ မှို၊ ကြက်သွန်ဖြူ နီ၊ ပဲအမျိုးမျိုး၊ ခရမ်းချဉ်။
အသား - ကြက်၊ ဝက်၊ အမဲသား။
အစေ့အဆန် - သစ်ကြားသီးစေ့၊ သစ်အယ်သီး၊ မြေပဲ၊ မက္ကာဒေးမီးယား။
အခြောက်ခံထားခြင်း (သို့) တာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေက ဘက်တီးရီးယား၊ မှိုနဲ့ အချဉ်ပေါက်ခြင်းမျိုးမဖြစ်နိုင်ပါဘူး။ အေးပြီး ခြောက်သွေ့တဲ့နေရာမှာသိမ်းရင် နှစ်ရှည်လများစွာစားသုံးနိုင်ပါတယ်။ နေနဲ့အခြောက်ခံတဲ့နေရာမှာ နေရောင်ခြည်ကောင်းမွန်စွာရရှိပြီး စိုထိုင်းစကနိမ့်ကျနေရမှာဖြစ်ပါတယ်။ အပူချိန်နေကျနေရင်တောင်မှ လေဝင်လေထွက်ကောင်းမွန်ရင်အခြောက်လုပ်ဖို့အောင်မြင်နိုင်တယ်ဆိုတဲ့အကြောင်း ရေးသားလိုက်ပါတယ်။
Rference: Niveen’s Kitchen Youtube Channel
ချောဇင်
လွန်ခဲ့သော ၂ နှစ် ကဆူပွက်နေသောရေထဲသို့ဆိုတာကရေနွေးပွက်ပွက်ဆူနေတာကိုပြောတာလား
ချောဇင်
လွန်ခဲ့သော ၂ နှစ် ကပိုမိုပြည့်စုံအောင်ပြောပြပေးပါ
ဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဆုမြတ်နိုး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....