အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၅)

ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၅)

အခြေခံပတ်ဝန်းကျင်သိပ္ပံပညာအကြောင်း အပိုင်း ၁၊ ၂၊ ၃၊ ၄ တို့ကို အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ အမှတ်စဉ် ၆၊ ၆၂၊ ၇၀၊ ၂၄၆  တို့တွင်ရေးသား ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ တကယ်တော့ ဤဘာသာရပ်က အစားအစာသိပ္ပံဘာသာရပ်ကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ သစ်တော၊ အင်ဂျင်နီယာ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အစားအစာ၊ ဝိဇ္ဇာ သိပ္ပံဘာသာရပ် အားလုံးနှင့် သက်ဆိုင်ပါသည်။

ဆက်လက်ဆွေးနွေးရလျှင် -

၁။ ဇီဝဘူမိဓာတုဆိုင်ရာ/အာဟာရဓာတ်လည်ပတ်မှုများ (Biogeochemical/Nutrient Cycles)

(၁-က) သဘာဝတရား၏ သတင်းစကား (Message from Nature) – ပြန်လည်အသုံးပြုပါ (Recycle)

(၁-ခ) သဘာဝတွင် ဓာတ်သတ္တုများ/အာဟာရဓာတ်များသည် အဓိကနေရာ လေးခုကြား တွင် ရွေ့လျားသွားလာကြပါသည်။

ပုံ - ၁ ဇီဝဘူမိဓာတုအဆင့်ဆင့်ရွေ့လျားပုံ

(၁-ဂ) မြက်ခင်းလွင်ပြင်များ (Grasslands)

မြက်စားသတ္တဝါများ (Grazers) ဥပမာ - အပင်စားသတ္တဝါများ (Herbivores) နှင့် ၎င်း တို့၏ အညစ်အကြေးထွက်ရှိမှုသည် အာဟာရဓာတ်များကိုမြေဆီလွှာသို့ ပြန်လည်ရောက် ရှိလည်ပတ်စေပါသည်။

(၁-ဃ) သမပိုင်းရာသီဥတုရှိသစ်တောများ (Temperate Forests)

အာဟာရဓာတ်သိုလှောင်ရာ အဓိကနေရာမှာ မြေဆီလွှာဖြစ်ပြီး၊ အပူပိုင်းမိုးသစ်တောများ နှင့် နှိုင်းယှဉ်ပါက မိုးရွာသွန်းမှု နည်းပါးသည်။ အာဟာရဓာတ်လည်ပတ်မှုသည် နှေးကွေး ပြီး တည်ငြိမ်သော အာဟာရဓာတ်အဆင့်များကို ထိန်းသိမ်းရန် ပိုမိုလွယ်ကူသည်။

(၁-င) အပူပိုင်းမိုးရရှိသော/အမြဲစိမ်းသစ်တောများ (Tropical Rain/Ever Green Forests)

အာဟာရဓာတ်သိုလှောင်ရာ အဓိကနေရာမှာ အပင်များ၏ ဇီဝဒြပ်ထု (Biomass) ဖြစ်ပြီး၊ မိုးရေဖြင့် မျောပါမသွားမီ အာဟာရဓာတ်များကို အပင်များက လျင်မြန်စွာ စုပ်ယူရသည်။

(၁-စ) သဲကန္တာရများ (Deserts)

အလွန်ကြမ်းတမ်းသော ပတ်ဝန်းကျင်ဖြစ်ပြီး၊ မိုးရွာသွန်းမှု အလွန်နည်းပါးခြင်းကြောင့် မူလထုတ်လုပ်နိုင်စွမ်း (Primary productivity) ကို ကန့်သတ်ထားသည်။ ပြိုကွဲပျက်စီးမှု နည်းပါးပြီး အာဟာရဓာတ်လည်ပတ်မှုနှုန်းလည်း အလွန်နည်းပါးသည်။

(၁-ဆ) သမုဒ္ဒရာများ (Oceans)

အများအားဖြင့် အာဟာရဓာတ်ချို့တဲ့သော ပတ်ဝန်းကျင်ဖြစ်သော်လည်း၊ ၎င်း၏ ထုထည် ကြီးမားမှုကြောင့် အာဟာရဓာတ်လည်ပတ်မှုနှင့် မူလထုတ်လုပ်နိုင်စွမ်းသည် ဇီဝထုထည် (Biosphere) အတွက် အရေးပါသည်။ ကမ်းရိုးတန်းနှင့်နီးကပ်သောနေရာများ (Neritic areas)၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ လမုတောများ၊ သန္တာကျောက်တန်းများနှင့် ရေပူစမ်း အောက်ရှိဓာတ်ငွေ့ထွက်ပေါက်များ (Hydrothermal vents) သည် အာဟာရဓာတ်ကြွယ် ဝသောနေရာများဖြစ်ပါသည်။

ပုံ - ၂ သံသရာလည်ပုံအမျိုးမျိုး

(၁-ဇ) သီးခြားလည်ပတ်မှုသုံးမျိုး – ရေ၊ ကာဗွန်၊ နိုက်ထရိုဂျင်

လူသားများနှင့် သဘာဝပတ်ဝန်းကျင်အကြား ဆက်ဆံရေး (Relationships of Human to their Environment) သည် အပြန်အလှန် အမှီသဟဲပြုနေပြီး အစဉ်အမြဲ ပြောင်းလဲနေ သော သဘာဝ ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ လူသားများသည် ရှင်သန်ရပ်တည်နိုင်ရေး အ တွက် ကမ္ဘာမြေ၏ သဘာဝ  ဂေဟစနစ်များပေါ်တွင် မှီခိုနေရသကဲ့သို့၊ တစ်ချိန်တည်းမှာ ပင် လူသားတို့၏ လှုပ်ရှားဆောင်ရွက်မှုများ သည်လည်း ကမ္ဘာ့ဂေဟစနစ်များကို အရှိန် အဟုန်ဖြင့် ပြောင်းလဲစေလျက်ရှိနေပါသည်။

သီးခြား ရေ၊ ကာဗွန်၊ နိုက်ထရိုဂျင်လည်ပတ်မှုသုံးမျိုး

(၂) ရေသံသရာလည်ပတ်မှု (Water Cycle)

ပင်လယ်မှ ရေငွေ့ပျံမှုသည် ပင်လယ်သို့ မိုးရေအဖြစ် တိုက်ရိုက်ပြန်လည်ရောက်ရှိမှု ထက် ပိုများသည်။ ကုန်းမြေမှ ရေငွေ့ပျံမှုသည် ကုန်းမြေသို့ မိုးရေအဖြစ် တိုက်ရိုက်ပြန်လည် ရောက်ရှိမှုထက် နည်းသည်။ ရေသည် အဓိကအားဖြင့် ကုန်းမြေနှင့် ပင်လယ်ကြား တွင် မျှတမှုရှိသည်။

ပုံ - ၃ ရေသံသရာလည်ပတ်ပုံ

(၃) ကာဗွန်သံသရာလည်ပတ်မှု (Carbon Cycle)

လေထုနှင့် သမုဒ္ဒရာများအတွင်းရှိ ကာဘွန်ဒိုင်အောက်ဆိုက် (CO2) သည် အတော်လျင် မြန်စွာ လည်ပတ်သည်။ အပင်များ၏အလင်းဖွဲ့အစာချက်မှု (photosynthesis) သည် CO2 ကို အသုံးပြုသည်။ အပင်များဓာတ်ငွေ့ဖလှယ်မှု (Respiration)၊ အပင်ကြီးများ မီးလောင်ကျွမ်းမှု (Combustion) နှင့် သစ်တောပြုန်းတီးမှု (Deforestation) တို့သည် CO2 ကို ထုတ်လုပ်သည်။

- အပူပိုင်းဒေသနှင့် သမပိုင်းကုန်းမြေဒေသများရှိ ကာဗွန်ဖြန့်ဖြူးမှု:

 အပူပိုင်းဒေသ: အပင်များတွင် ၇၅% ကျော်၊ မြေဆီလွှာတွင် ၂၅% အောက်

သမပိုင်းဒေသ: အပင်များတွင် ၅၀% အောက်၊ မြေဆီလွှာတွင် ၅၀% ကျော်

ပုံ - ၄ ကာဘွန်သံသရာလည်ပတ်ပုံ

(၄) နိုက်ထရိုဂျင်လည်ပတ်မှု (Nitrogen Cycle)

နိုက်တြိုဂျင် (N2) ဓာတ်ငွေ့သည် လေထု၏ သုံးပုံတစ်ပုံနီးပါး (၈၀% နီးပါး) ဖြစ်သည်။

- သက်ရှိအများစုသည် အမိုးနီးယား (NH3)၊ နိုက်တြပ်အောက်ဆိုဒ် (NO2)၊ နိုက်တြစ် အောက်ဆိုဒ် (NO3) တို့ကိုသာ အသုံးပြုနိုင်သည်။

- N2 ကို အသုံးပြုနိုင်သောပုံစံအဖြစ် သက်ရှိများက နည်းလမ်းနှစ်မျိုးဖြင့် ပြောင်းလဲ/ ပေါင်းစပ်ပေးသည်၊

* လျှပ်စစ် သို့မဟုတ် အလင်းဓာတုနည်းဖြင့်၎င်း

* ဇီဝဗေဒနည်းဖြင့်၎င်း၊ အထူးအင်ဇိုင်း နိုက်ထရိုဂျီနေ့စ် (Nitrogenase) ကို အသုံးပြု၍ ၎င်း (ဘက်တီးရီးယား၊ ဆိုင်ယာနိုဘက်တီးရီးယားနှင့် မှိုများ)

- ဘက်တီးရီးယားများသည် ကြီးကြီးမားမား အနှောင့်အယှက်မဖြစ်သရွေ့ နိုက်ထရိုဂျင်ကို ဓာတ်ငွေ့ အဖြစ် ပြန်လည်လည်ပတ်စေရာတွင်လည်း ပါဝင်သည်။

ပုံ - ၅ နိုက်တြိုဂျင်သံသရာလည်ပတ်ပုံ

(ဆက်ပါဦးမည်)

စာရေးသူ၏အတွေး

နိုင်ငံတကာဘက်စုံသင်တက္ကသိုလ်များနည်းတူ တက္ကသိုလ်တစ်ခုထဲတွင် ပတ်ဝန်းကျင် သိပ္ပံ အပါ အဝင် ဘာသာရပ်ပေါင်းစုံ တစ်နေရာထဲစုပေါင်း သင်ကြား၊ သုတေသနပြု ပေးပါက စု ပေါင်းဆောင်ရွက်မှု၏ကောင်းသောအကျိုးကျေးဇူးများ (Synergistic Effects) ကို အမိ နိုင်ငံသားများ အားလုံးအတွက် ရရှိမည်မျာ မလွဲဧကန်ဖြစ်ပါသည်။

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Akitsu, T. (2019) Environmental Science: Society, Nature & Society. Pan Stanford Publishing, Taylor & Francis Group, Singapore. 191p.

Dahira, P. and Ahlawat, M. (2011) Environmental Science: A New Approach. Alpha Science International. 58p.

Singh, Y. K. (2006) Environmental Science. New Age International 310p. (Chapter)

Smith, B.J., Phillips, J.M, and Sweeney, M.E. (2013) Environmental Science. Routledge, Taylor & Francis Group, London. 515p.

Spellman, F.R. and Stoudt, M.L. (2013) Environmental Science: Principles and Practices. Rowman & Littlefield Co., US 727p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

စပါးကြီးထွားမှုအဆင့်ကို Vegetative Phase Reproductive Phase Ripening Phase ဆိုပြီး ၃မျိုးရှိတယ်လို့ သိထားပါတယ် Vegetative Phase မှာဖွံ့ဖြိုးမှုအဆင့်ခွဲတွေ ဘယ်နှဆင့်ရှိပါသလဲ Reproductive Phase မှာဖွံ့ဖြိုးမှုအဆင့်ခွဲတွေ ဘယ်နှဆင့်ရှိပါသလဲ Ripening Phase မှာဖွံ့ဖြိုးမှုအဆင့်ခွဲတွေ ဘယ်နှဆင့်ရှိပါသလဲ အဆင့်ခွဲ တွေအကြောင်း အသေးစိတ် ဖြေပေးပါလားဗျာ

Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 1 ခု

စိုက်ပျိုးရေးဆရာဆရာမများခဗျာ ကျွဲကောပင်အပင်၂၀၀န်းကျင်လောက်ရှိပါတယ် တစ်ဝက်က ရေအစိုဓာတ်ကို ၅ရက်လောက်ထိန်းပြီး ကျန်တစ်ဝက်က ၂ရက်လောက်နဲ့ ခြောက်သွေ့သွားပါတယ် ရေကို ဘယ်လို ပေးသွင်းရမလဲဗျ ၆နှစ်ကျော်အပင်တွေပါ

ကိုဖြိုး • ဖြေကြားချက် 9 ခု

ခရမ်းချဥ် သီးတအားမဲတယ်ဗျ ကျောက်မှုန့်ကျွေးကြည့်တယ် ca ပလပ်နှစ်ကြိမ်ရှိပီဗျ ဒါမဲ့မနိုင်လို့ပါ ဘာဆေးထပ်ဖျန်းသင့်လဲ ဘာတွေဆက်လုပ်သင့်လဲ ဗျ

မောင်မျိုးဇင်ကို • ဖြေကြားချက် 6 ခု

ဘယ်ဖြစ်တာလဲဗျဘယ်လို့ကုသရ

မောပ်တိုးတတ် • ဖြေကြားချက် 4 ခု

ဧရာပဒေသာ၁၁၀ရက်သားပုံပါအတိုင်းစပါးစေ့ကွဲပြီးဝတ်ဆံထွက်တာအဟာရကြောင့်လားပိုးမွှားကြောင့်လားခဗျာ

kyaw zin • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။