အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောက်တိုဘာ (၁၂) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု

အောက်တိုဘာ (၁၂) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု

🕔 နေ့လည် ၂း၀၀ အချိန် ခန့်မှန်းချက်
 မြန်အောင်ခရိုင်၊ ပြည်ခရိုင်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ စေတုတ္တရာ၊ လောင်းရှည်၊ ဆော၊ ချောက်၊ ညောင်ဦးခရိုင်၊ ပခုက္ကူခရိုင်၊ မြင်းခြံခရိုင် မိုးတွေရွာပါလိမ့်မယ်။ ဆိပ်ဖြူနှင့် ချောက် မိုးကြီးပါမယ်။
 
🕔 နံနက် ၁၀း၄၀ အချိန် ခန့်မှန်းချက်
 နောက် ၇၂ နာရီအတွင်း မြိုင်၊ ဝက်ပုတ်၊ အိုင်းမ၊ ရွာတန်းရှည်၊ ပျဥ်ချောင်း၊ မိချောင်းတွင်းရွာ၊ ကျွန်းရင်းရွာ၊ ကင်မွန်းတောင့်ရွာ၊  ကမ္မရွာ၊ ထန်းတပင်၊ မြစ်ခြေ၊ ပခုက္ကူ မိုးများစွာရွာသွန်းနိုင်ပါတယ်။
 
🕔 နံနက် ၉း၁၈ အချိန် ခန့်မှန်းချက်
 မကွေးတိုင်းသတိ ၂၀၂၁ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း မကွေးတိုင်းကြီးတွင် ရွာသွန်းမြဲထက် ၃ဆပိုမိုရွာသွန်းနိုင်သဖြင့် ရေကြီးရေလျှံသတိပြုကြပါ။
 
🕔 နံနက် ၉း၀၀ အချိန် ခန့်မှန်းချက်
  မုတ်သုန်လေအားကောင်းနေပါတယ်။ နောက်၂၄ နာရီမှ ၄၈ နာရီအတွင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း မိုးတွေရွာပါဦးမယ်။

🕔 နံနက် ၈း၀၅ အချိန် ခန့်မှန်းချက်

ကပ္ပလီပင်လယ်(andaman sea) တွင် မုတ်သုန်လေအားအလွန်ကောင်းနေပါတယ်။ တနင်္သါရီတိုင်းတောင်ပိုင်း မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း၊ ရနောင်း မိုးကြီးနိုင်ပါတယ်။ တိုင်းရဲ့အနောက်ဖက် ပင်လယ်ပြင်အတွင်း သွားရောက်ခြင်းမလုပ်ကြပါနဲ့။ လှိုင်းကြီးထန်မိုးသည်းထန်မယ်။ ရေလှိုင်းအမြင့် ၉ ပေ မှ ၁၂ ပေအထိရှိနိုင်ပြီး လေထန်ချိန်တွင် ၂၄ မိုင် မှ ၃၆ မိုင်အထိတိုက်ခတ်နိုင်ပါတယ်။

𝙎𝙐 𝙎𝙐 𝙎𝘼𝙉
𝙎𝙀𝙉𝙄𝙊𝙍
𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧
4
နောင်

နောင်

လွန်ခဲ့သော ၄ နှစ် က

နေ့စဉ်မိုးလေဝသသတင်းတင်ပေစေခြင်ပါတယ်

kyawswar

kyawswar

လွန်ခဲ့သော ၄ နှစ် က

မဂ်လးး မဂ်လာပါအေးချမ်းသာယာပျော်ရွင်ချမ်းမြေ့ပါစေ

soethain

soethain

လွန်ခဲ့သော ၄ နှစ် က

ဟုပ်

Lin Naing

Lin Naing

လွန်ခဲ့သော ၄ နှစ် က

ပင်လယ်ပြင်ရေလုပ်သားများအတွက်အထူးကောင်းမွန်ပြီး လယ်သမားများ ရိပ်သိမ်းချိန်အားရှေ့တိုး နောက်ဆုတ်ချိန် ရွှေ့ပြောင်းနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။