သီတင်းကျွတ် ပိတ်ရက်အပြီး ပဲဈေးများ ကျဆင်း
သီတင်းကျွတ် ပိတ်ရက်အပြီး ပြည်တွင်း ပဲဈေးများ ကျဆင်းသွားကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။
လက်ရှိ သီတင်းကျွတ် ကာလအပြီးတွင် ကုန်သည် အချို့မှာ အရောင်းအဝယ်များ ရပ်နားထားကြဆဲ ဖြစ်ပြီး နယ်ဘက် ဈေးကွက်များလည်း ဆက်လက် အေးနေသေးကြောင်း သိရသည်။
ပိတ်ရက် မတိုင်မီက မတ်ပဲ တစ်တန်လျှင် ကျပ် ၃,၆၈၅,၀၀၀၊ ပဲစဉ်းငုံ တစ်တန်လျှင် ကျပ် ၃,၉၉၃,၀၀၀ အထိ ဈေးဖွင့်ခဲ့ပြီး ပိတ်ရက်အပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင် မတ်ပဲ တစ်တန်လျှင် ကျပ် ၃,၆၆၅,၀၀၀ သို့ လည်းကောင်း၊ ပဲစဉ်းငုံ တစ်တန်လျှင် ကျပ် ၃,၉၅၅,၀၀၀ သို့ လည်းကောင်း ကျဆင်းသွားကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။
"အခုက ပိတ်ရက်တွေ ခံနေတာကြောင့် ကုန်သည်တွေ လုပ်ငန်းခွင်တွေ မရောက်သေးတော့ ဈေးကွက် အေးနေတယ်၊ ဈေးကလည်း ကျနေတယ်။ အိန္ဒိယကလည်း သူတို့ ပွဲတော်တွေအတွက် ဝယ်ယူမှု နည်းလာပြီဆိုတော့ ဈေးက ခဏတဖြုတ် ကျနေတဲ့ သဘောပါ။ အိန္ဒိယက အမြဲတမ်း ပဲလိုအပ်ချက်တွေ ရှိနေမှာမို့ ကျရင်လည်း အများကြီး ကျသွားမှာ မဟုတ်ပါဘူး" ဟု ပဲကုန်သည် တစ်ဦးက ပြောသည်။လက်ရှိ အိန္ဒိယမှ လိုအပ်သလောက်သာ ထိန်းဝယ်နေခြင်းကြောင့် ပဲဈေးများ အေးစက်နေခြင်း ဖြစ်ကြောင်း သုံးသပ်ကြပြီး သို့သော် ရာသီဥတုကြောင့် အဆိုပါ နိုင်ငံအနေဖြင့် ပဲအထွက်နှုန်း လျော့ကျလာနိုင်ခြင်းကြောင့် လိုအပ်ချက်များလာနိုင်ကာ ဈေးကျဆင်းခြင်းကို ထိန်းနိုင်မည်ဖြစ်ကြောင်း ဈေးကွက်နားလည်သူများက သုံးသပ်ကြသည်။

"ပိတ်ရက်တွေ ခံသွားတော့ လှောင်သမားတွေနဲ့ ကုန်သည်တွေ အဝယ် စောင့်ကြည့်နေကြလို့ ဈေးကွက်က အေးနေတယ်လို့ ပြောရမှာပဲ။ စစဖွင့်ခြင်းဆိုတော့ ကုန်စည်ဒိုင်တွေလည်း ပြန်လည်ပတ်ရဦးမယ်" ဟု အောင်လံမြို့မှ ပဲကုန်သည် တစ်ဦးက ပြောသည်။လက်ရှိ ပြည်တွင်း နယ်ဈေးကွက်များတွင် ပဲလက်ကျန်များ ရှိနေသေးပြီး ပဲရာသီအသစ် မတိုင်မီ လှောင်သမား အချို့မှာလည်း ပဲဟောင်းများကို ထုတ်ရောင်းနေကြသလို အိန္ဒိယ ကုန်သည်များက အဝယ်ပါးချိန်တွင် ရောင်းသူ များနေခြင်းကြောင့် ဈေးကွက်သဘောအရ ဈေးနှုန်း ကျဆင်းလာရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ FOB ဈေးနှုန်းအနေဖြင့် မတ်ပဲ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၈၀ မှ ၈၉၀ သို့ လည်းကောင်း၊ ပဲစဉ်းငုံ (နီ) တစ်တန်လျှင် ဒေါ်လာ ၉၄၀ မှ ၉၅၀ ခန့်အထိ လည်းကောင်း ပေါက်ဈေးရှိကြောင်း သိရသည်။
အိန္ဒိယအနေဖြင့် ပြည်တွင်းမှ မတ်ပဲ/ပဲစဉ်းငုံများကို အခွန်ကင်းလွတ် တင်သွင်းခွင့်အား ၂၀၂၇ ခုနှစ် မတ်လအထိ ခွင့်ပြုပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစဉ်းငုံ စိုက်ပျိုးမှု ၃၅ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေးလဲညွန်ပါအုံးဆရာ
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု
ကျွန်တော်ပဲတီိစိမ်းအခင်းအပင်တွေညိုးသေနေပါတယ်မြေကြီးကလည်းအလွန်စိုနေပါတယ်ပဲပင်ဆက်မသေအောင်ဘယ်လိုကာကွယ်ကုသရမလဲဆရာ
လက်တွေ့တောင်သူ • ဖြေကြားချက် 1 ခု
ဆင်းသုခစပါးအရွက်တွေအဝါရောင်ဖြစ်နေလို့ပြန်ကောင်းအောင်ဘယ်လိုလုပ်ရမလဲ
Hein Hein Htet • ဖြေကြားချက် 1 ခု
ဒီနှစ်ပဲရာသီမှာပဲတီစိမ်းစျေးကောင်းနိုင်ပါမလားဆရာတို့ပဲတီစိမ်းကိုတော့ဝယ်လောက်ပါတယ်နော်
လက်တွေ့တောင်သူ • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
ပြောင်းပေါ်ချိန် နိုဝင်ဘာလအစမှာ ပြောင်းဈေးအနည်းငယ် မြင့်တက်
05/11/2026
စားကျက်မြေ ရှားလာသဖြင့် တနိုင်တပိုင် ဘဲမွေးမြူမှု နည်းလာ
03/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (26-30.10.2026)
30/10/2026
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (19-23.10.2026)
23/10/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....