အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း

ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း

ဈေးကွက်တွင်း ငရုတ်သီးများ စုပြုံဝင်ရောက်ခြင်းကို အခြေအနေထိန်းချုပ်နိုင်ရန်အတွက် တစ်ချို့ဒေသများတွင် ငရုတ်သီးဆက်လက်မခူးဆွတ်တော့ဘဲ ရပ်ဆိုင်းထားကြောင်း ငရုတ်သီး ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

"အခုအချိန်မှာက ဧရာဝတီတိုင်းဘက်က ငရုတ်သီးတွေကလည်း ပေါ်နေတယ်။ ထိုင်းနိုင်ငံဘက်က ငရုတ်ခင်းတွေကလည်း အသီးပြန်ပေါ်ချိန်ဖြစ်နေတယ်။ ဗီယက်နမ်ဘက်က ငရုတ်တွေကလည်း တရုတ်နိုင်ငံဘက်ကို ဝင်မရတော့ ထိုင်းနိုင်ငံဘက်ကို လှည့်သွင်းကြတယ်။ ဒီတော့ ငရုတ်သီးတွေက စုပြုံဝင်နေသလို ဖြစ်သွားတယ်။ ဒီလို ဈေးကွက်အနေအထားကို ထိန်းနိုင်ဖို့အတွက် တစ်ချို့တောင်သူတွေက အသီးခူးတာကို ရပ်ပြီး၊ ဈေးကွက်ကောင်းကို စောင့်ဆိုင်းဖို့ လုပ်ကြရပါတယ်။"

ဟု မန္တလေးတိုင်းဒေသကြီးမှ ငရုတ်သီးစီးပွားဖြစ် စိုက်ပျိုးတင်ပို့ရောင်းချသူ ကိုမြင့်ထွန်းဦးက ပြောသည်။

လက်ရှိတွင် ငရုတ်သီးဈေးကွက်အတွင်း ငရုတ်သီးအမှည့်အစို ဝင်ရောက်မှုများပြားနေသည့်အတွက် ဈေးနှုန်းဆက်တိုက်ကျဆင်းနေကြောင်း သိရသည်။

"ငရုတ်သီးဈေးက အရင်လကနဲ့ဆိုရင် လုံးဝ ကွာခြားသွားပါတယ်။ ဈေးက ဆက်တိုက်ကို ကျနေတာတော့ အခုဆိုရင် တစ်ပတ်လောက်ရှိလာပါပြီ။ အရင်လက ငရုတ်သီးအမှည့်အစို တစ်ပိဿာကို ကျပ် ၇၀၀၀ ဝန်းကျင်ရှိနေရာကနေ အခုဆိုရင် ငရုတ်သီးအမှည့်အစို တစ်ပိဿာကို ကျပ် ၁၀၀၀ ကနေ ၁၃၀၀ အတွင်း ဈေးအထိ ကျဆင်းနေပါတယ်။ ငရုတ်သီးအရည်အသွေး မကောင်းလို့ ဈေးကျတာမဟုတ်ပါဘူး။ ငရုတ်သီးတွေက ပေါ်ကာစ အသီးတွေဖြစ်တဲ့အတွက် အရည်အသွေးကောင်း Export Quality ကို ပြည့်မီပါတယ်။"

ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ငရုတ်သီးကို မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့ရှိ ဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်နေပြီး အဓိက ပြည်ပဈေးကွက်အနေဖြင့် ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 1 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။