အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးကန်အတွင်းသို့ ငါးသားပေါက်ထည့်သွင်းနည်း

ငါးကန်အတွင်းသို့ ငါးသားပေါက်ထည့်သွင်းနည်း

ဦးဇော်(dof)
ဦးဇော်(dof) • 27/09/2023

ငါးသားပေါက်များ သယ်ယူပို့ဆောင်ရာတွင် ငါးမွေးတောင်သူများ သတိပြုရမည့်အချက်များကို ယခင်အပတ်များက ဖော်ပြခဲ့ပြီးပါပြီ။
အောက်ပါလင့်ခ်မှ ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/putting_fry_in_fish_pond


အခုအပိုင်းတွင် မွေးကန်သို့ ရောက်လာသောငါးမျိုးကို မည်သို့ထည့်သွင်းပြီး မည်သိုပြင်ဆင်ရမည်ဆိုသည့် အကြောင်းအရာများကို ပြောပြပေးသွားပါမည်။

သယ်ယူပို့ဆောင်မှုကြောင့် ပင်ပန်းလာသော သားပေါက်များအား ကန်အတွင်းသို့ သ
ားပေါက်ထည့်သွင်းသင့်သည် အချိန်သည် ကန်အတွင်း အောက်ဆီဂျင်ပြည့်ဝနေပြီး အပူချိန်မြင့်မားမှု မရှိသော နံနက်နေထွက်စအချိန်သည် အသင့်လျော်ဆုံးအချိန် ဖြစ်ပါသည်။

သားပေါက်ထည့်သွင်းမည့်ကန်အား သားပေါက်များ မရောက်ရှိမီ သားပေါက်လွှတ်မည့်နေရာအား ကြိုတင်သတ်မှတ်ပြင်ဆင်ထားရန်လိုအပ်ပါသည်။ ဖြစ်နိုင်ပါက သားပေါက်အိတ်များအား ရေစိမ်ထားမည့်နေရာ၊ သားပေါက်လွှတ်မည့်နေရာများ၌ သားပေါက်အိတ်များ လေနှင့်အတူ မျောပါသွားခြင်း မရှိစေရန် ဝါးလုံးများဖြင့် တားထားခြင်းများ ပြုလုပ်ရမည်။ မမျှော်လင့်ထားသော အကြောင်းများကြောင့် သားပေါက်များ နေထွက်ပြီးမှရောက်ရှိလာပါက အသင့်ဖြစ်နေစေရန် အရိပ်ဇကာများ မိုးထားခြင်း၊ ဖြစ်နိုင်ပါက လိုအပ်လျှင် အသုံးပြုနိုင်ရန် ရေစုပ်စက်အားဖြင့် အသုံးပြုမည့် ရေပန်းများ အရံသင့်တပ်ဆင်ထားခြင်းစသည်တို့ကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသင့်ပါသည်။

သားပေါက်များ ကန်သို့ရောက်ရှိချိန်တွင် သားပေါက်အိတ်များအား အမြန်ဆုံး ကန်အတွင်းသို့ သယ်ပို့ရန်အတွက် လုံလောက်သော လူအင်အားနှင့် တဆင့်ခံ ပို့ဆောင်မည့် လှေငယ်များ စသည်တို့အား အသင့်စုဆောင်းထားရှိသင့်ပါသည်။

သားပေါက်များ ကန်သို့ရောက်ရှိချိန်တွင်  ကန်အတွင်းသို့ တိုက်ရိုက်လွှတ်ချခြင်းမပြုဘဲ အိတ်များအတွင်းမှ ရေ၏အပူချိန်နှင့် ကန်ရေ၏ အပူချိန် တူညီသည်အထိ သားပေါက်အိတ်များအား ကန်ရေအတွင်း မျှောထားပေးရပါမည်။ အများအားဖြင့် ၁၅ မိနစ်မှ နာရီဝက်ခန့် ထားလေ့ရှိပါသည်။

သားပေါက်အိတ်အတွင်းမှ ရေ၏အပူချိန်နှင့် ကန်ရေ၏ အပူချိန်တူညီသည့်အချိန်တွင် သားပေါက်အိတ်များအားဖွင့်၍ သားပေါက်အိတ်အတွင်းသို့ ကန်ရေအား တဖြည်းဖြည်းချင်း ရောပေးရပါမည်။ သားပေါက်အိတ်အတွင်း မူလပါဝင်သည့်ရေ၏ ၂ ဆခန့်အထိကန်ရေအား ထည့်သွင်းပေးပြီးပါက သားပေါက်များအား ကန်အတွင်းသို့ ညှင်သာစွာ လွှတ်ပေးနိုင်ပြီဖြစ်ပါသည်။

အချို့သောကန်များတွင် သားပေါက်များ၏ ရှင်သန်မှုနှုန်းထားအား တွက်ချက်နိုင်ရန်အတွက် ရေထဲတွင် ခြင်ထောင်တစ်လုံးအား ပက်လက်လှန်ထောင်ထားရမည်။ သားပေါက်အိတ်တစ်လုံးအား ၄င်းခြင်ထောင်အတွင်းသို့ ထည့်သွင်းထားရှိပြီး ညနေပိုင်းတွင် ရှင်သန်နေသည့် သားပေါက်များအား ကန်အတွင်းသို့ လွှတ်ပေးပြီး ခြင်ထောင်အတွင်း သေဆုံးနေသည့် ငါးသားပေါက်များအား ပြန်လည်ရေတွက်ခြင်းဖြင့် သားပေါက်ထည့်သွင်းစဥ် သေဆုံးလျော့နည်းမှုအား ခန့်မှန်းလေ့ရှိပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပုဇွန်တွေကဘယ်အချိန်(လ) သားလောင်းထည်းသင့်သလဲ သိတဲ့သူများပါရင်ပြောပြပေးကြပါလားခဗျာ

မင်းသက် • ဖြေကြားချက် 3 ခု

ရေချိုငါးမုန့်သားပေါက်ဝယ်ချင်လို့ပါရှိုရင်ဆက်သွယ်ပေးကြပါလား

ကျော်သက်အောင် • ဖြေကြားချက် 1 ခု

နေပြည်တော် ကောင်စီနယ်မြေအတွင်း ငါးသားပေါက်ဘယ်မှာဝယ်လို့ရပါသလဲခင်ဗျ။ ရှိရင်လိပ်စာတိကျလေးပေးကြပါဦးခင်ဗျ ၀၉၆၆၀၅၃၁၅၀၅

ထက်ဝဏ္ဏအောင် • ဖြေကြားချက် 1 ခု

အကြံဥာဏ်လေတောင်းချင်လိုပါ ငါးမုတ်သားပေါက်ကို ၁လက်မခွဲဆိုဒ်နဲ့ ၃လက်မဆိုဒ် ဘယ်ဆိုဒ်မွေးရမလည် ၁လက်မခွဲဆိုဒ်ကနေစမွေးရင် ၃လက်မ၄လက်မရောက်ဖို့အချိန်ဘယ်လောက်ကြာလည် ငါးသားပေါက်အကောင်၁၃၀၀၀ကို အစားအိတ်ဘယ်နှအိတ်လောက်ကုန်လည် ၃.၄.လက်မအရွယ်ထိ

Than Soe • ဖြေကြားချက် 1 ခု

ငါးကန် 1.5ဧက မှာ ငါးကောင်ရေ 6000လောက်ထည့်လို့ ရမလားခဗျာ ကန်ပေါ်မှာ ကြက်ကောင်ရေ 1500 ခြံရှိပါတယ်ခဗျ ‌မွေးလို့အဆင်ပြေမယ့် ထည့်ရမယ့် ငါးအမျိုးအစားနဲ့အရေအတွက် လေး အကြံပြုပေးကြပါဦးခဗျ

AHP • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။