အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကာကွယ်ခြင်း − ၁ (စက်ဖြင့်နို့ညှစ်ခြင်း)

ကာကွယ်ခြင်း − ၁ (စက်ဖြင့်နို့ညှစ်ခြင်း)

Green Way
Green Way • MDEP • 20/07/2018

စက်ဖြင့် နို့ညစ်ရာတွင် နို့တိုင်များ သန့်ရှင်းခြောက်သွေ့မှု ရှိက နို့ညစ်ယူနိုင်သည်။ နို့ဉီးရည်တွင် နို့အုံရောင်ရောဂါများ ပါဝင်မှု ရှိမရှိ စစ်ဆေးပြီးမှသာ စက်ဖြင့် နို့ညစ်ခြင်း လုပ်ငန်းကို လုပ်ဆောင်ရမည်။ နို့ညစ်ခွက်များကို နို့တိုင်များတွင် ညင်သာနူးညံ့စွာ တပ်ဆင်ပြီးလျှင် နို့ကို စတင်ညှစ်ယူနိုင်ပါသည်။

အဓိကအရေးပါသောအချက်များ

  •  နို့ညှစ်ခွက်များကို ညင်သာစွာတပ်ဆင်ပါ။
  • နို့ကို ကုန်စင်အောင်ညှစ်ယူနိုင်ရန်နှင့် သန့်ရှင်းသောနို့ရရှိနိုင်စေရန် နို့ညှစ်စက်ကို အသုံးပြုသင့်သည်။

  • နို့များကုန်စင်အောင်ညှစ်ယူပြီးပါက နို့ညှစ်ခွက်များကို ချက်ခြင်းဖယ်ရှားခြင်းဖြင့် အလွန်အကျွံ နို့ညှစ် ယူမိခြင်းကို ရှောင်ရှားရမည်။

  • နို့ညှစ်ပြီးနောက် (၂) မိနစ်အတွင်း နို့ညှစ်ခွက်ဖြုတ်စေခြင်းအား မဖြစ်မနေခိုင်မာစွာ လုပ်ဆောင်ရန် စည်းမျဉ်းအဖြစ် ကျင့်သုံးရမည်။

  • နို့ညှစ်ခွက်များကို ကြမ်းတမ်းစွာ/လေဖိအားရှိစဉ်ဖြုတ်ယူခြင်းသည် နို့ညှစ်သမားကြောင့်နို့အုံရောင် ရောဂါ ဖြစ်ပွားစေမှု၏ အဓိကအကြောင်းအရာများတွင် ပါဝင်သည်။ နို့ညစ်ခွက်များကို ညင်သာစွာ ဖြုတ်ယူရမည်။

Source - မြန်မာ - နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူခြင်း စီမံကိန်း

 

 

You

ဆက်စပ်ဆောင်းပါးများ

MDEP

နည်းပညာမိတ်ဖက်အဖွဲ့

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

ဝက်ဈေးနှုန်းလေးသိချင်ပါတယ် ဧရာဝတီတိုင်းကပါ

Kyaw Minn Han • ဖြေကြားချက် 0 ခု

ယင်မဲမွေးမြူဖို့က မျိုးစိတ်က ဘယ်မှာဝယ်ရမှာလဲ။

လူမုန်း • ဖြေကြားချက် 1 ခု

နဂျယ်သားလောင်းမွေးခြင်း

ဒေါ်ညွန့်ညွန့်ဦး • ဖြေကြားချက် 1 ခု

လက်တွေ့အကျိုးရှိရှိပြန်သူံးလို့ရမယ့်ဟာ ဥပမာပေါ့ အင်းစက်ဆို ဘယ်လိုအင်းစက်တွေက စိုက်ပျိုးရေးအတွက်အကျိုးပြုလဲ ဘယ်အင်းစက်ကို မွေးမြူသင့်လဲ

sweety • ဖြေကြားချက် 4 ခု

ဂဏန်း ရေပျော့ မွေး မလို့ 0.3 ဧက လောက် ရှိတဲ ကန် အသစ် တူးထား ပါ တယ် ခင်ဗျား ရေသွင်းပြီး ဒီအတိုင်းမွေး လို့ အဆင် ပြေ လား ။ ဒါမှ မဟုတ် မမွေးခင် ရေဩဇာ/မြေဩဇာ ကောင်း ဆေးဝါ တွေ ထည့် ပြီးမှ မွေးရလား ဆိုတာ အကြံပြု ပေးပါ ခင်ဗျား

Thura Sit • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။