အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့

ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့

Green Way
Green Way • 03/11/2026

လယ်ယာတစ်ခုအတွင်းက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ အချင်းချင်း အထောက်အကူပြုနိုင်မယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။


သီးနှံအကြွင်းအကျန်တွေကို တိရစ္ဆာန်အစာ၊ မြေဖုံးပစ္စည်း ဒါမှမဟုတ် မြေဆွေးအဖြစ် ပြန်လည်အသုံးချနိုင်ပါတယ်။ တိရစ္ဆာန်အညစ်အကြေးတွေကိုလည်း မြေဆွေးပြုလုပ်ပြီး မြေဆီလွှာအတွက် ပြန်လည်အသုံးပြုနိုင်ပါတယ်။

သစ်ပင်တွေက အသုံးဝင်တဲ့ ထွက်ကုန်တွေ ပေးစွမ်းနိုင်သလို လယ်ယာပတ်ဝန်းကျင်ကိုလည်း အထောက်အကူပြုနိုင်ပါတယ်။ ငါးမွေးမြူရေးကနေလည်း စားနပ်ရိက္ခာနဲ့ ဝင်ငွေ ထပ်မံရရှိနိုင်ပါတယ်။


ဒါဟာ ပေါင်းစပ်လယ်ယာစနစ် (Integrated Farming) ရဲ့ အဓိကသဘောတရားပဲ ဖြစ်ပါတယ်။

သင့်တော်တဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အချင်းချင်း ချိတ်ဆက်လုပ်ဆောင်ခြင်းဖြင့် ရှိပြီးသား အရင်းအမြစ်တွေကို ပိုမိုထိရောက်စွာ အသုံးချနိုင်ပြီး ထုတ်လုပ်မှုမျိုးစုံရှိတဲ့၊ အခက်အခဲတွေကို ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ လယ်ယာစနစ်တစ်ခုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။


ပေါင်းစပ်လယ်ယာစနစ်အကြောင်းကို ဒီဗီဒီယိုမှာ လေ့လာကြည့်ရှုနိုင်ပါတယ်။


⚠️သတိပြုရန်: ဤဗီဒီယိုတွင် ပညာပေးနှင့် ဇာတ်ကြောင်းဖော်ပြမှု ရည်ရွယ်ချက်များအတွက် ဖန်တီးထားသော AI-generated visuals များ ပါဝင်ပါသည်။ ဖော်ပြထားသော လူပုဂ္ဂိုလ်များ၊ နေရာများနှင့် မြင်ကွင်းများသည် အမှန်တကယ်ရှိသူများ သို့မဟုတ် အမှန်တကယ် ဖြစ်ရပ်များကို ကိုယ်စားပြုဖော်ပြထားခြင်း မဟုတ်ပါ။

ယခုvideoကို LIFT Fund Myanmar မှ တင်ဆက်ထားခြင်းဖြစ်သည်။

You

ဆက်စပ်မေးခွန်းများ

ပဲပင်ပေါက်ပြီး5ရက်သားမိုးမိသွားတာနိမ့်တဲနေရာရေမြုပ်သွားတယ်အများအားဖြင့်မြင့်တဲနေရာပဲကျန်တယ်အဲဒါဒီအတိုင်းထားသင့်သလားပြန်ထွန်စိုက်သင့်လားစရိတ်ကလဲများတော့အကြံပေးပါဉီး

UTheinAung • ဖြေကြားချက် 1 ခု

စပါးစိုက်ပျိုးရေးမှာ အောင်ရေကိုဘယ်အချိန်ဖြတ်သင့်လဲဗျ

Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 1 ခု

မိုး၄ရက်တနေကုန်မိနေပါတယ် လည်လိမ်စတွေ့နေရပီ ဥပုပ်ပင်စည်ပုပ်လေးတွေစတွေ့နေရပါပီ မိုးလင်းသွားလျှင်ဘယ်ကနေဘာစလုပ်ရမလဲ စီစဥ်တကျပြောပြပေးပါဗျ တနယ်လုံးအတွက်ပါဗျ ကျေးဇူးပါ

sithuaung • ဖြေကြားချက် 1 ခု

စပါးကို ပုလဲမြေသြဇာနဲ့ ထုံးရောပတ်လို့ရမရ သိချင်ပါတယ်

မောင်မြတ်မင်း • ဖြေကြားချက် 3 ခု

မိုးကြောင့်စပါးပင်တွေကလဲနေပါတယ်အနှံကမစုံတက်သေးပါဘူး ပျက်စီးနိုင်ပါလား အပင်တွေကပြန်လည်ထောင်နိုင်ပါလား

Ei Ei Phway • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။