ငါးမွေးမြူရေးကန်၏ရေအရည်အသွေး၊ မြေအရည်အသွေးနမူနာများအားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာတွင် လိုအပ်သည့်အချက်များ
ရေနမူနာများပေးပို့ရာတွင်
-အနည်းဆုံးရေ ၁လီတာအား နမူနာပေးပို့ရပါမည်။
-နမူနာယူသည့် ကန်အမည်၊ အချိန်၊ ရက်စွဲများဖော်ပြပေးရပါမည်။
-အောက်ဆီဂျင်ပျော်၀င်မှုတိုင်းတာရန်အတွက် ပေးပို့သည့် နမူနာရေဘူးအား နေရောင်ခြည်နှင့်တိုက်ရိုက်မထိစေရန် သတင်းစာစက္ကူဖြင့်အလုံပတ်၍ ၆နာရီအတွင်း ပေးပို့ရပါမည်။
-ကာဗွန်ဒိုင်အောက်ဆိုက် ပါ၀င်မှုတိုင်းတာရန်အတွက် အပူချိန် ၄ဒီဂရီစင်တီဂရိတ် လျှော့ချသယ်ရမည်။ထိုသို့သယ်ဆောင်ခြင်းဖြင့် ဓာတ်ခွဲရာတွင်တိကျမှုအကောင်းဆုံး ဖြစ်ပြီး ဝေးလွန်းသည့်ဒေသဖြစ်ပါက ဓာတ်ခွဲခန်းသို့ ၅ရက်အတွင်း အရောက်ပေးပို့ရမည်။

မြေနမူနာများပေးပို့ရာတွင်
-မြေနမူနာများအား အတက်နိုင်ဆုံး ရေပါ၀င်မှုနည်းသောနေရာမှမြေသားကိုယူရမည်။
-မြေနမူနာ အနည်းဆုံး၁၅ကျပ်သားခန့် ပေးပို့စစ်ဆေးရမည်။
-နမူနာယူသည့် ကန်အမည်၊ အချိန်၊ ရက်စွဲများဖော်ပြပေးရပါမည်။
-ကန်အသစ်မှမြေသားဖြစ်ပါက အနက် ၃ပေ သို ၅ပေ မှမြေသားအားပေးပို့ရမည်။
-ကန်အဟောင်းဖြစ်ပါက အနက် ၁ပေ မှမြေသားအားပေးပို့ရမည်။
-ကန်အကျယ် ၁ဧကအတွင်းအနည်းဆုံး မြေနမူနာ ၁ခုပေးပို့ရမည်။
-စစ်ဆေးမည့်မြေနမူနာများအား ၅ရက်အတွင်း ဓာတ်ခွဲခန်းသို့ ပေးပို့ရမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
အသားတိုး ၀က် ၁၀ ကောင်အတွက် ၀က်ခြံဘယ်လိုဆောက်ရမလဲ။
Marip • ဖြေကြားချက် 0 ခု
ဘဲခြံ ဗွက်ထနေလို့ အဲ့ဒါ စက်ဖွဲပြာ ခင်းလို့ရလား
Nay Lin • ဖြေကြားချက် 1 ခု
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • ဖြေကြားချက် 1 ခု
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • ဖြေကြားချက် 2 ခု
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • ဖြေကြားချက် 23 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Rio Amora
အားလုံး
ငါးတန်ဆေးထိုးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုနည်း
10/06/2022
ငါးရံ့ဆေးထိုးသားဖောက်မွေးမြူနည်း
30/05/2022
ငါးမွေးမြူရေးအတွက် သင့်လျော်သော ကန်အောက်ခြေမြေသားကို ပြုပြင်စီမံခြင်း
24/05/2022
ငါးပြေမဆေးထိုးသားဖောက်မွေးမြူခြင်း
19/05/2022
ငါးမွေးမြူရေးနှင့် ရေအရည်အသွေးစီမံခန့်ခွဲမှု အပိုင်း(၂)
13/05/2022