အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးတန်‌ဆေးထိုးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုနည်း

ငါးတန်‌ဆေးထိုးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုနည်း

Rio Amora
Rio Amora • 10/06/2022

 ငါးတန်ငါးမျိုးသည်မဲခေါင်မြစ်၏မျိုးရင်းဖြစ်ပြီး ကန်တွင်းမွေးမြူရာ၌ မျိုးပွားခြင်းမရှိပါ။

- မျိုးပွားလိုပါက မျိုးငါးများကိုကန်အတွင်းပြုစုမွေးမြူပြီး မျိုးပွားရာသီ၌ ဆေးထိုး သားဖောက်နည်းဖြင့်ဖောက်ယူကာသားပေါက်များထုတ်လုပ်ရသည်။

- အသက်၂ နှစ်မှ ၃ နှစ်အတွင်း မျိုးပွားရန်အတွက် အရွယ်ရောက်ကြသည်။ 

- အထီးများက အမများထက်အရွယ်ရောက်စောသည်။ အနွေးပိုင်းဒေသ၌ အရွယ်ရောက်ပိုစောကြသည်။

ငါးတန်များကို တနှစ်အတွင်း အကြိမ်‌များစွာ ဖောက်ယူနိုင်သည်။

ဆေးထိုးသားဖောက်နည်း

- ဆေးထိုးသားဖောက်မျိုးပွားရန်အတွက် သင့်တော်သောမျိုးငါးမ၊ မျိုးငါးထီးများကို ပြုစုကန်မှရွေးချယ်ကြရသည်။

- ရေအပူချိန် 26°C မှ 31°C အတွင်း သား‌ဖောက်ရန် သင့်တော်ပါသည်။ မျိုးငါးမ၊ ငါးထီးများကိုချိန်တွယ်ပြီး သီးခြားခွဲခြား၍ ခြင်ထောင် (သို့မဟုတ်) ရေ ၂ ပေခန့်ရှိသော အုတ်ကန်ထဲတွင် ထားရှိရမည်။

- မျိုးငါးမများကို Ovaprim ဟော်မုန်းထိုးဆေးတစ်ကောင်လျှင် 0.4 ml / kg နှုန်းနှင့်အထီးများကိုမူ 0.2 mg / kg နှုန်းဖြင့် ထိုးပေးရသည်။

- ဆေးထိုးပြီး ၁ဝ နာရီခန့်အကြာတွင် ငါးမများကို ဥညှစ်ခြင်း(Stripping) ပြုလုပ်ရန်အဆင့်သင့်ဖြစ်ပြီဖြစ်၍ ငါးမများ၏ ဦးခေါင်းပိုင်းကို ရေစိုအဝတ်စဖြင့်ဖုံးအုပ်၍ ဥများကို ဇလုံများထဲသို့ ညှစ်ယူရသည်။

- ထို့နောက် ငါးထီးကိုလည်း ခေါင်းကို ရေစိုအဝတ်စဖြင့်ဖုံးအုပ်၍ မျိုးရည်ကို ညှစ်ယူကာ ဇလုံထဲရှိ ငါးဥများပေါ်သို့ကျစေပြီး ကြက်တောင်‌ဖြင့်ကောင်းစွာသမအောင်‌မွှေကာ ရောစပ်ပေးရပါမည်။။ ၁ မိနစ်၂ မိနစ်ခန့်မွှေပေးရပါမည်။

- ထို့နောက်ယင်းဥများပေါ်သို့ (ဆား + Carbamide ) ဖျော်ရည်ကို ဥများမြုပ်သည်ထိ လောင်းပေးမွှေထားပေးပြီး ယင်းဖျော်ရည်ဖြင့် ၂ ကြိမ်ခန့်ဆေးကြောပေးရပါမည်။ 

-  ဆက်လက်၍ ဥများကို မကပ်‌စေရန်Tunnin ဆေးဖျော်ရည် (5gm /10 lit) ထဲသို့ လောင်းထည့်ပြီး ၅ စက္ကန့်ခန့်မွှေပေးပြီးနောက် ရေသန့်ဖြင့်ကောင်းမွန်စွာဆေးကြောပေးရမည်။ ထိုအခါဥများ၏ စေးကပ်မှုပျောက်သွားလိမ့်မည်။

- ထို့နောက်ဥဖောက်ရေလည်ကတော့များထဲသို့ ထည့်သွင်းဖောက်ယူနိုင်ပါသည်။ ဥဖောက်ရေလည်ကတော့ထဲ၌ ရေအပူချိန် 28°C မှ 31°C အတွင်း၂၄ နာရီမှ ၃၆ နာရီအကြာတွင်ဥမှငါးမှုန်များပေါက်လာမည်။

- ငါးမှုန်များမှာ ၂ ရက်အတွင်း ဥအစာအိတ်ကုန်ခမ်းသွားမည်ဖြစ်၍ အမြန်ဆုံးပြုစုရန်မြေသားကန်ထဲသို့ ထည့်သွင်းရမည်ဖြစ်သည်။

- ဥမှပေါက်ပြီး ၃၆ နာရီအတွင်း မြေသားကန်ထဲသို့ ထည့်ပေးရမည်ဖြစ်သည်။

- ငါးမှုန်ပြုစုကန်မြေကန်များအတွင်းသို့ အော်ဂဲနစ်မြေဩဇာများ ကြိုတင်ထည့်သွင်းပြီး သတ္တမျှော (Monia)များကို ပွားများလာအောင် ပြုလုပ်ပေးရမည်။ကန်ထဲသို့လွှတ်လိုက်သောငါးမှုန်များက ပထမဆုံး အစာအဖြစ်သတ္တမျှော(Moina) များကို စားသုံးကြမည် ဖြစ်သည်။

- (၁၀)ရက်ခန့်အကြာ၌ ငါးမှုန်စာအဖြစ် ငါးပေါင်းမှုန့်  ၅၀%နှင့် ဖွဲနုကို ရောစပ်ကာ ၃၅% ပရိုတိန်းအစာအဖြစ် တစ်နေ့  ၂ ကြိမ်မှ ၃ ကြိမ်ခန့် ကျွေး‌ပေးရပါမည်။ ၁ လခန့်မြေသားကန်ထဲ၌ပြုစုပြီး‌နောက် ၁၄ လက်မအရွယ်သို့ ရောက်ရှိနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

6
Swe Mg. Mg

Swe Mg. Mg

လွန်ခဲ့သော ၄ လ က

ဆေးကဘယ်မြို့နယ်မှာရောင်းလဲ

ဝေယံ

ဝေယံ

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးတင်ပါတယ် ငရန့်သားဖောက်နည်းလေးလဲ သိချင်ပါတယ် ဆရာ

နေပိုင်

နေပိုင်

လွန်ခဲ့သော ၃ နှစ် က

ငခူးဆေးထိုးနည့်လေးမျှဝေပေပါဆရာ

Aung Myint Naing

Aung Myint Naing

လွန်ခဲ့သော ၄ နှစ် က

သားပေါက် လိုချင်တယ် ဘယ်မှာရမလဲဗျ

kyaw Htet

kyaw Htet

လွန်ခဲ့သော ၄ နှစ် က

livefood (monia) culture လေးပါ တစ်ပါတည်း ဖော်ပြပေးပါ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။