အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား

ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား

ထိုင်းနိုင်ငံက စပါးခင်းတစ်ခုထဲမှာ ဆေးရောင်စုံစပါးပင်တွေကြား အထင်းသားပေါ်နေတဲ့ အိပ်ပျော်နေတဲ့ကြောင်တစ်ကောင် ငါးကို သိုင်းဖက်ထားပုံ ပန်းချီကားကို ကောင်းကင်ကနေ တွေ့မြင်နေရပါတယ်။

တောင်သူ Tanyapong Jaikham နဲ့ သူ့အလုပ်သမားအဖွဲ့တို့ဟာ မြောက်ပိုင်း Chiang Rai ပြည်နယ်အတွင်းရှိ စပါးခင်းပေါ်က နေရာများစွာမှာ စပါးပျိုးပင်တွေကို နေရာချ စိုက်ပျိုးကာ ကာတွန်းကြောင်ပုံတွေ ပေါ်လာအောင် ဖန်တီးခဲ့ကြပါတယ်။ ဒီပန်းချီကားနဲ့ နိုင်ငံတကာခရီးသွားတွေ၊ ကြောင်ချစ်သူတွေကို ဆွဲဆောင်နိုင်မယ်လို့ သူတို့ မျှော်လင့်ထားကြပါတယ်။

"ကျွန်တော်တို့အနေနဲ့ ဒီစပါးခင်းပေါ်က ပန်းချီကားကို လူထောင်ပေါင်းများစွာ လာရောက်ကြည့်ရှုခံစားမယ်လို့ မျှော်လင့်ထားပါတယ်" လို့ ၎င်းက ပြောပါတယ်။

ဒီပန်းချီကားကို ဖန်တီးရာမှာ ကနဦး ရေဆွဲထားတဲ့ပန်းချီပုံကြမ်းအတိုင်း ပျိုးပင်တွေကို နေရာချစိုက်ပျိုးနိုင်ဖို့ GPS နည်းပညာကို အသုံးပြုခဲ့ကြောင်း ၎င်းက ပြောပါတယ်။ အပင်တွေဟာ ကြီးထွားလာတာနဲ့အမျှ အရောင်အသွေး ပြောင်းလဲကာ ပန်းချီကား ပုံပေါ်လာကြောင်း ၎င်းက ရှင်းပြပါတယ်။

"သူတို့ကို အတိအကျ နေရာချစိုက်ပျိုးဖို့ အလွန်အရေးကြီးပါတယ်။ စပါးပင်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အရောင်အနုအရင့် တဖြည်းဖြည်း ပြောင်းလဲလာပါတယ်" လို့ ၎င်းက ပြောပါတယ်။ စပါးခင်းဟာ နောက်ဆုံးအဆင့် ရိတ်သိမ်းချိန် မရောက်မီမှာ ကနဦး ပုံဖော်ထားတဲ့ ကြောင်ပန်းချီကားအဖြစ် ရုပ်လုံးပေါ်သွားတယ်လို့ သိရပါတယ်။

စပါးခင်းပန်းချီကားကို ခရီးသွားဧည့်သည်တွေ ကြည့်ရှုနိုင်စေဖို့အတွက် စပါးခင်းပတ်လည်မှာ မျှော်စင်တွေလည်း တည်ဆောက်ပေးထားကြောင်း သိရပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှု ဒုတိယအများဆုံးအဖြစ် အိန္ဒိယနောက်မှာ ရပ်တည်နေတဲ့ ထိုင်းနိုင်ငံဟာ ယခုနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် ၈ ဒသမ ၅ သန်း တင်ပို့ဖို့ ရည်မှန်းထားပါတယ်။

အနုပညာဖန်တီးရာမှာ နည်းပညာကို ဘယ်လိုပေါင်းစပ်အသုံးချတယ်ဆိုတာ လေ့လာလိုသူ လူငယ်တွေအနေနဲ့ ဒီစိုက်ခင်းကို လာရောက်ကြည့်ရှုရင်း အကျိုးကျေးဇူး ရရှိနိုင်တယ်လို့ Tanyapong က ပြောပါတယ်။

"အရင်ကတော့ ဆန်စပါးကို စားစရာအဖြစ်ပဲ သဘောထားကြပါတယ်။ အခုလို လုပ်လိုက်ခြင်းအားဖြင့် ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးလာစေပါတယ်" လို့ ၎င်းက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Thai rice farmer makes art with plantings that depict cats - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။